သမိုင်းမှာ ပထမဆုံးအဖြစ် အာကာသတွင်းနက်ကြီးရဲ့ ဓာတ်ပုံကို ရိုက်ကူးရရှိ

သမိုင်းမှာ ပထမဆုံးအဖြစ် အာကာသတွင်းနက်ကြီးရဲ့ ဓာတ်ပုံကို ရိုက်ကူးရရှိ

ပါရီ၊ ဧပြီ ၁၁ ။      ။ အလင်းကိုတောင် စုပ်ယူဝါးမျိုပစ်တဲ့ အာကာသတွင်းနက်တွေ တည်ရှိမှုကို သိပ္ပံပညာရှင်တွေက အရင်က တွက်ဆဖော်ထုတ်ထားခဲ့ပါတယ်။

ခုချိန်မှာတော့ နဂါးငွေ့တန်းဂလက်ဆီတစ်ခုအတွင်းက အာကာသတွင်းနက်ကြီးတစ်ခုကို သမိုင်းမှာ ပထမဆုံးအဖြစ် ဓာတ်ပုံရိုက်ယူကာ ထုတ်ဖော်ပြသနိုင်လိုက်ပါပြီ။

အခု အာကာသတွင်းနက်ကြီးဟာ အကျယ်ဟာ ကီလိုမီတာ ဘီလီယံ ၄၀ ရှိပြီး ကမ္ဘာရဲ့ အရွယ်ထက် အဆပေါင်း သုံးသန်းကြီးမားပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဧရာမတွင်းနက်ကြီးအဖြစ် ဖော်ညွှန်းကြပါတယ်။

ဒီတွင်းနက်ကြီးဟာ အကွာအဝေး ကီလိုမီတာ ထရီလီယံ သန်း ၅၀၀ အကွာမှာ တည်ရှိနေတာဖြစ်ပြီး ဒါကို ကမ္ဘာအနှံ့က တယ်လီစကုပ် ရှစ်ခုပါ နက်ဝပ်ခ်ကနေ ဓာတ်ပုံရိုက်ယူနိုင်ခဲ့တာပါ။

M87 ဂလက်စီအတွင်းမှာ  ရှိနေတဲ့ ဒီမဟာတွင်းနက်ကြီးကို တယ်လီစကုပ်ရှစ်ခုပါ ကွန်ရက် Event Horizon Telescope EHT ကနေပြီး ဓာတ်ပုံ ဖမ်းယူရရှိခဲ့တာ ဖြစ်ပါတယ်။

“တကယ့် ဧရာမတွင်းနက်ကြီးပါ။ ကျွန်တော်တို့ နေအဖွဲ့အစည်းတစ်ခုလုံးထက်ကို ပိုကြီးမားပါတယ်။”လို့ နယ်သာလန် Radbound တက္ကသိုလ်က ပါမောက္ခ ဟိန်းနိုဖဲလ်ကီက ပြောပါတယ်။

“နေရဲ့ သိပ်သည်းဆ Mass ၆ ဒသမ ၅ ဘီလီယံ ပိုကြီးမားတဲ့ မဟာတွင်းနက်ကြီးပါ။ ကျွန်တော်တို့ တွေးဆထားတဲ့ ကြီးမားတဲ့ တွင်းနက်ကြီးတွေထဲက တစ်ခုပါပဲ။ တကယ့်ဧရာမကြီးပဲ ဖြစ်ပါတယ်။”လို့ သူက ဆိုပါတယ်။

အခု ရိုက်ယူလိုက်နိုင်တဲ့ တွင်းနက်ကြီးရဲ့ ဓာတ်ပုံဟာ အလွန်တရာ တောက်ပတဲ့ မီးလျှံစက်ဝန်း ဖြစ်ပေါ်မှုကြောင့် အလယ်မှာ တွင်းနက်ကြီး တည်ရှိနေတာကို ရိုက်ယူလိုက်နိုင်တာပါ။ အဲဒီ မီးလျှံစက်ဝန်းဟာ တွင်းနက်ကြီးရဲ့ အလုံးအဝန်းအတိုင်း ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

အပူလွန်ကဲဓာတ်ငွေ့တွေ အာကာသတွင်းနက်ကြီးထဲ ကျရောက်ရာကနေ တောက်ပထိန်ညီးတဲ့ မီးလျှံဟာ တွင်းနက်အဝန်းအဝိုင်းမှာ ဖြစ်ပေါ်ရာကနေ ခုလို တွင်းနက်ကြီးရဲ့ ဓာတ်ပုံကို ပထမဆုံး ရိုက်ယူလိုက်နိုင်တာပဲ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required