ကမ္ဘာ့အကြီးဆုံး အိန္ဒိယရွေးကောက်ပွဲကြီး စတင်မဲပေးပြီ

ကမ္ဘာ့အကြီးဆုံး အိန္ဒိယရွေးကောက်ပွဲကြီး စတင်မဲပေးပြီ

နယူးဒေလီ၊ ဧပြီ ၁၁ ။     ။ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီအပေါ် လူထုဆန္ဒခံယူပွဲတစ်ရပ်အဖြစ် ရှုမြင်ရတဲ့ အိန္ဒိယနိုင်ငံရဲက အထွေထွေရွေးကောက်ပွဲကြီးမှာ စတင်ပြီး မဲပေးလျက် ရှိကြပြီ ဖြစ်ပါတယ်။

ပြည်နယ်နဲ့ တိုင်းနယ်မြေ ၂၀ အနှံ့က ပြည်သူ သန်းပေါင်းများစွာဟာ မဲဆန္ဒနယ် ၉၁ နယ်မှာ ၎င်းတို့ရဲ့ ဆန္ဒမဲတွေကို ရွေးကောက်ပွဲ မဲပေးကြမှာ ဖြစ်ပါတယ်။

အပိုင်းကဏ္ဍ ခုနစ်ပိုင်းအထိ ပါရှိတဲ့ ပါလီမန် အောက်လွှတ်တော်သစ်ကို ရွေးချယ်တဲ့ ဒီ မဲပေးမှုဟာ မေ ၁၉ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။ မဲရေတွက်မှုကတော့ မေ ၂၃ ရက်အထိပါပဲ။

နိုင်ငံတစ်လွှား မဲပေးနိုင်သူ သန်း ၉၀၀ နဲ့အတူ အိန္ဒိယရွေးကောက်ပွဲဟာ ကမ္ဘာ့အကြီးဆုံး ရွေးကောက်ပွဲကြီးပဲ ဖြစ်ပုံရှိပါတယ်။

ဟိန္ဒိဴဒိအမျိုးသားရေး BJP ပါတီက မိုဒီဟာ  ပြီးခဲ့တဲ့ ၂၀၁၄ ရွေးကောက်ပွဲမှာ သမိုင်းတွင် သောင်ပြိုကမ်းပြို အနိုင်ရထားတာပါ။

ပါလီမန် အောက်လွှတ်တော်မှာ ရွေးကောက်ခံအမတ်နေရာ ၅၄၃ နေရာရှိပြီး မည်သည့် ပါတီဖြစ်ဖြစ်၊ ညွန့်ပေါင်းဖြစ်ဖြစ်ဟာ အစိုးရဖွဲ့နိုင်ဖို့ လွှတ်တော်အမတ်နေရာ ၂၇၂ နေရာ ရရှိဖို့ လိုအပ်တာပဲ ဖြစ်ပါတယ်။

လက်ရှိဝန်ကြီးချုပ် နာရန္ဒြာမိုဒီကတော့ ဒီရွေးကောက်ပွဲမတိုင်မီမှာပဲ ပါကစ္စတန်က အကြမ်းဖက်စခန်းကို ဗုံးကြဲတာနဲ့ အမေရိကန်၊ ရုရှား၊ တရုတ်တို့နဲ့အပြိုင် အာကာသစစ်အင်အား ရင်ဘောင်တန်းနိုင်တာအဖြစ် ဂြိုဟ်တုဖျက်ဒုံးကျည် အောင်မြင်ခဲ့မှုအတွက် လူထုထောက်ခံမှု ပိုမိုရရှိလာခဲ့ပြီး အောင်ပွဲအတွက် တစ်ပြေးနေပါတယ်။

 

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required