နန်းစွန့်ထားတဲ့ ဂျပန်ဘုရင်မင်းမြတ် အကီဟီတိုက မိဖုရားဖြစ်သူနဲ့ ထိမ်းမြားမင်္ဂလာ နှစ် ၆၀ ပြည့် ကျင်းပ

နန်းစွန့်ထားတဲ့ ဂျပန်ဘုရင်မင်းမြတ် အကီဟီတိုက မိဖုရားဖြစ်သူနဲ့ ထိမ်းမြားမင်္ဂလာ နှစ် ၆၀ ပြည့် ကျင်းပ

တိုကျို၊ ဧပြီ ၁၀ ။      ။ ဂျပန် ဘုရင်းမင်းမြတ် အကီဟီတိုဟာ မိဖုရားကြီး မီချီကိုနဲ့ ထိမ်းမြားလက်ထပ်တဲ့ နှစ် ၆၀ ပြည့် အထိမ်းအမှတ်ပွဲကို တိုကျိုက ဧကရာဇ်နန်းတော်ရာမှာ ဧပြီ ၁၀ ရက် ကျင်းပခဲ့ပါတယ်။

သက်တော် ၈၅ နှစ်အရွယ် လာမယ့် ဧပြီ ၃၀ ရက်မှာ နန်းပလ္လင်က ဆင်းသက်ပြီး တရားဝင် ထီးနန်းစွန့်သွားတော့မှာ ဖြစ်တဲ့ ဘုရင်ကြီး အကီဟီတိုရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့အခမ်းအနားကို ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တက်ရောက်လာခဲ့ပါတယ်။
တိုကျို ဧကရာဇ်နန်းတော်ရာမှာ ၁၉၃၃ ဒီဇင်ဘာ ၂၃ ရက်မှာ မွေးဖွားတဲ့ ဘုရင်ကြီး အကီဟီတိုဟာ ပြည့်ရှင်ဘုရင် ဟီရိုဟီတိုနဲ့ မိဖုရား နာဂါကိုတို့ရဲ့ သားတော်ကြီး ဖြစ်ပါတယ်။

ဟီရိုဟီးမားနဲ့ နာဂါဆာကီကို အမေရိကန်က နျူကလီးယားဗုံး ကြဲချလိုက်အပြီးမှာ ခမည်းတော် ဘုရင်ကြီး ဟီရိုဟီတိုက ဒုတိယကမ္ဘာစစ်မှာ ဂျပန် လက်နက်ချအရှုံးပေးကြောင်း ကြေညာချိန်မှာ ဘုရင်ကြီး အကီဟီတိုဟာ သက်တော် ၁၁ သာ ရှိသေးတာ ဖြစ်ပါတယ်။

၁၉၅၉ ခုနှစ်မှာ အကီဟီတိုဟာ ချမ်းသာကြွယ်ဝတဲ့ ဂျုံလုပ်ငန်းရှင်ကြီးရဲ့ သမီးဖြစ်သူ မီချီကိုရှိုဒါနဲ့ ထိမ်းမြားလက်ထပ်လိုက်တာကြောင့် မင်းမျိုးမင်းနွယ် မဟုတ်တဲ့ သာမန်အရပ်သူကို ပထမဆုံး လက်ထပ်ထိမ်းမြားတဲ့ ထီးနန်းအမွေခံတစ်ဦး ဖြစ်လာခဲ့ပါတယ်။

ဘုရင်ကြီး အကီဟီတို ထီးနန်းစွန့်ပြီးခဲ့အခါမှာ သားကြီးသြရဿဖြစ်သူ အိမ်ရှေ့စံ နာရူဟီတိုက ထီးနန်းဆက်ခံသွားမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly