ရိုက်တာသတင်းထောက်နှစ်ဦးကို UNESCO သတင်းလွတ်လပ်ခွင့်ဆု ချီးမြှင့်မည်

By EN UNESCO ORG
10 April 2019
ရိုက်တာသတင်းထောက်နှစ်ဦးကို UNESCO သတင်းလွတ်လပ်ခွင့်ဆု ချီးမြှင့်မည်
JAILED. The two Reuters journalists face 7 years in prison after allegedly obtaining classified documents illegally. Wa Lone photo by Ye Aung Thu/AFP, Kyaw Soe Oo photo by Aung Kyaw Htet/AFP.

ဧပြီ ၁၀ ။            ။ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲခံရပြီး ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ဦးက ယခုနှစ် UNESCO က ချီးမြှင့်တဲ့ သတင်းလွတ်လပ်ခွင့်ဆု UNESCO/ Guillermo Cano Press Freedom Prize ဆုကို ပူးတွဲရရှိမှာ ဖြစ်ကြောင်း သိရပါတယ်။

သူတို့နှစ်ဦးကို ဒီနှစ်အတွက် သတင်းလွတ်လပ်ခွင့်ဆုပေးဖို့အတွက် နိုင်ငံတကာ သတင်းမီဒီယာသမားများအဖွဲ့ တစ်ခုက အဆိုပြု တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ရိုက်တာသတင်းသမားနှစ်ဦးဟာ ထောင်ဒဏ် ၇ နှစ်စီ ကျခံနေရလျက်ရှိပါတယ်။

သူတို့နှစ်ဦး ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်က ရန်ကုန်မှာ အဖမ်းခံရချိန်က ရိုက်တာသတင်းအေဂျင်စီအတွက် အလုပ်လုပ်ပေးနေခဲ့တာ လည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်နေတယ်ဆိုတဲ့ကိစ္စတွေကို စုံစမ်းဖော်ထုတ် ရေးသားမှုအတွက် ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

“ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကတော့ မြန်မာနိုင်ငံ ပြင်ပကမ္ဘာနဲ့အကြား ဆယ်စုနှစ်ပေါင်းများစွာ အဆက်သွယ် ပြတ်တောက် အထီးကျန်နေခဲ့ပြီးနောက် နိုင်ငံရဲ့ ဖောက်ထွက်ထွန်းပေါက်လာမှုကို သရုပ်သကန် ဖော်ပြပေးနေပါတယ်၊ သူတို့ကို မွေးဖွားခဲ့တဲ့ စစ်အစိုးရလက်ထက်တုန်းက မဖြစ်နိုင်ခဲ့တဲ့ သတင်းမီဒီယာ အလုပ်တွေကို ကြိုးစားလုပ်ကိုင်နေခဲ့သူတွေဖြစ်ပါတယ်၊ သူတို့ဟာ ဘင်္ဂါလီ( မူရင်း ရိုဟင်ဂျာဖော်ပြ) တွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေကို ဖော်ထုတ်ရေးသားတာကြောင့် အဖမ်းခံရတာဖြစ်ပါတယ်၊ သူတို့ရဲ့ သတ္တိရှိမှု၊ တော်လှန်လိုမှု၊ သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ကြိုးပမ်းမှုကြောင့် ဒီဆုချီးမြှင့်ဖို့ ရွေးချယ်ခဲ့တာပါ” လို့ သတင်းမီဒီယာသမားများအဖွဲ့ ဥက္ကဋ္ဌ Wojciech Tochman က ပြောသွားပါတယ်။

UNESCO/Guillermo Cano World Press Freedom Prize ကိုတော့ လာမဲ့ မေလ ၃ ရက်မှာ ကျရောက်မယ့် နိုင်ငံတကာသတင်းမီဒီယာလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်အဖြစ် မေလ ၂ ရက်မှာ အီသီယိုးပီးယားနိုင်ငံမှာ ဆုချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly