ကမ္ဘာတစ်ဝှမ်း သေဒဏ်စီရင်မှု ဆယ်စုနှစ်အတွင်း အနိမ့်ဆုံး ကျဆင်း

ကမ္ဘာတစ်ဝှမ်း သေဒဏ်စီရင်မှု ဆယ်စုနှစ်အတွင်း အနိမ့်ဆုံး ကျဆင်း

ဧပြီ ၁၀ ။      ။ ယမန်နှစ်က ကမ္ဘာတစ်ဝန်း သေဒဏ်စီရင်ကွပ်မျက်မှု အရေအတွက်ဟာ သုံးပုံတစ်ပုံနီးပါး ကျဆင်းသွားပြီး ဆယ်စုနှစ်တစ်စုအတွင်း အနိမ့်ဆုံး လယ်ဗယ်တွေကို ကျရောက်သွားခဲ့တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က ဧပြီ ၁၀ မှာ ထုတ်ပြန်ပါတယ်။

သို့ပေမယ့်လည်း နိုင်ငံတစ်ချို့မှာတော့ သေဒဏ်ပြစ်ဒဏ်အသုံးပြုမှုက စံချိန်တင် မြင့်တက်နေတယ်လို့လည်း ယင်းက ထုတ်ပြန်ပါတယ်။

အီရန်လို နိုင်ငံမှာ သေဒဏ် ပြစ်ဒဏ် အသုံးပြုမှုကတော့ ၅၀ ရာခိုင်နှုန်းလောက်အထိ ကျသွားကြောင်း အဆိုပါ လူ့အခွင့်အရေးအဖွဲ့က ယင်းရဲ့တစ်နှစ်တာ သုံးသပ်ချက်ထဲမှာ ဖော်ပြထားပါတယ်။

သို့ပေမယ့်လည်း ဘီလာရုစ်၊ ဂျပန်၊ စင်ကာပူ၊ တောင်ဆူဒန်နဲ့ အမေရိကန်တို့မှာတော့ သေဒဏ်ပြစ်ဒဏ် အသုံးပြုမှု မြင့်တက်ခဲ့သလို ထိုင်းနိုင်ငံမှာ ဆိုရင်လည်း ဆယ်စုနှစ်တစ်စုအတွင်း ပထမဆုံးအကြိမ်အဖြစ် ယင်း သေဒဏ်စီရင်မှုကို ပြန်လည်ကျင့်သုံးခဲ့ကြောင်း Amnesty International က ထုတ်ပြန်သွားပါတယ်။

“ ခုလို ကမ္ဘာတစ်ဝှမ်း သေဒဏ်စီရင်မှု သိသိသာသာ လျော့ကျလာတာကို ကြည့်မယ်ဆိုရင် နိုင်ငံအများစုအနေနဲ့ ဒီ ပြစ်ဒဏ်မျိုးက အဖြေတစ်ခုမဟုတ်ဘူးဆိုတာကို သဘောပေါက်ပြီး သူတို့ရဲ့ နည်းလမ်းတွေကို စပြီး ပြောင်းလဲလာတာကို ပြသနေလျက်ရှိပါတယ်”  ယင်းက ထုတ်ပြန်သွားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly