မအူပင်ခရိုင်တွင် ငါးမွေးမြူရေးကန်များမှ အခွန်ဘဏ္ဍာငွေ တစ်နှစ်လျှင် ကျပ်သိန်း သုံးထောင်နီးပါး ရရှိ

မအူပင်ခရိုင်တွင် ငါးမွေးမြူရေးကန်များမှ အခွန်ဘဏ္ဍာငွေ တစ်နှစ်လျှင် ကျပ်သိန်း သုံးထောင်နီးပါး ရရှိ

ပုသိမ်၊ ဧပြီ ၁၀ ။     ။ မအူပင်ခရိုင်တွင် ငါးမွေးမြူရေးကန်များမှ အခွန်ဘဏ္ဍာငွေရရှိမှုမှာ တစ်နှစ်လျှင် ကျပ်သိန်း သုံးထောင်နီးပါးအထိ ရရှိကြောင်း ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊မွေးမြူးရေး၊ သယံဇာတနှင့် ပတ်ဝန်ကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းက ပြောကြားသည်။

မအူပင်ခရိုင်တွင် တရားမဝင်ငါးကန်မည်မျှရှိပြီး၊အခွန်မေဆောင်သည့် ငါးကန်မည်မျှရှိကြောင်းကို ညောင်တုန်း မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဆန်းက ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ၁ရကြိမ်မြောက် ပုံမှန်အစည်းအဝေး နောက်ဆုံးနေ႔ တွင်မေးမြန်းစဉ် ဝန်ကြီးက ဖြေကြားခဲ့ခြင်းဖြစ်သည်။

“လိုင်စင်ခွန် ၃ဝဝဝကျပ်သာပေးဆောင်ရပြီး အင်းချောင်းများကို ပြန်လည်ရောင်းချရာ သိန်းရာချီလျက်ရှိပြီး အင်းချောင်းများပြုပြင်ဆောင်ရွက်ခြင်းမရှိတာကို တွေ ့ရှိရပါတယ်။ နိုင်ငံတော်အနေဖြင့် ဘဏ္ဍာအခွန်များ တိုးတက်စေရန် ငါးလုပ်ငန်းဦးစီဌာနလက်အောက်ရှိ ငါးကန်များ၏ ဧကစာရင်းများကို အတိအကျ ဖော်ထုတ် ကောက်ခံရန်နှင့် ကန်နှင့်အင်းများ ခွဲခြားဖော်ထုတ်ပြီးဆောင်ရွက်ပေးနိုင်ရန်အတွက် မအူပင်ခရိုင် ၄မြို့နယ် အတွင်းတူးဖော်ထားသော ငါးကန်ဧကမည်မျှရှိပြီး၊တရားဝင် ငလ/န၃၉ကျတူးဖော်ထားသော ဧကနှင့် တရား မဝင် တူးဖော်ထားသော ငါးကန်ဧကမည်မျှရှိပြီး ငါးလုပ်ငန်းဦးစီးဌာနသို ့ ငါးမွေးကန်လိုင်စင်ခွန် ဧက မည်မျှ ပေးသွင်းပြီး မပေးသွင်းဘဲ လုပ်ကိုင်နေကြသော ငါးကန်ဧကများ မည်မျှရှိသည်ကိုသိရှိလိုပါတယ်” ဟု ဦးကျော်ဆန်းက မေးမြန်းခဲ့သည်။

မအူပင်ခရိုင်တွင် တရားဝင်ပြီးတူးဖော်ထားသော ငါးကန် ဧကစုစုပေါင်း ၄၃၈၆၁၂၅၃. ဧက၊ လ/န၃၉ မရရှိ သော်လည်း ပုံစံ ၁၀၅ ရရှိပြီး တူးဖော်ထားသော ငါးကန်ဧက၆၆၁၃၃.၃၃ဧက ရှိကြောင်းသိရပြီး တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနသို႔ အခွန်ပေးသွင်းခြင်းမရှိဘဲ လိုင်စင်မဲ့ငါးကန်တူးဖော်မွေးမြူးနေသော ငါးကန် ၃၀၇၈၅ ဧက ရှိကြောင်း သိရသည်။

“တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ငါးလုပ်ငန်းလိုင်စင်အား တစ်နှစ်တစ်ရာသီ စနစ်ဖြင့်ချထားပေးပြီးသော ငါးကန်ဧက ၁၀၉၉၉၄.၅၈ရှိပြီး၊ ၄င်း ငါးကန်များမှရရှိသော အခွန်ငွေဘဏ္ဍာနှစ်တစ်နှစ်လျှင် ၂၉၀၂၃၅၃၀၀ ကျပ် ကောက်ခံ ရရှိပါတယ်” ဟု ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊မွေးမြူးရေး၊ သယံဇာတနှင့် ပတ်ဝန်ကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းကဖြေကြားခဲ့သည်။

 
ထို့အပြင် မအူပင်ခရိုင်အတွင်း အင်းချောင်းများကို ကန်ဘောင်များ ပတ်၍ ကန်ဘောက်ဖောက် ငါးရိုင်းသွင်း နေမှုများအား ဒေသများသို ့ ကွင်းဆင်းဆောင်ရွက် စိစစ်လျက်ရှိကြောင်း ငါးမွေးကန်တူးဖော်ပြီး တရားဝင် လိုင်စင်ပြုလုပ်ခြင်းမရှိသော ဒေသများအား ငါးမွေးမြူးရေးဆိုင်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ဦးတင်အောင်ဝင်း ဆက်ပြောသွားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly