အစ္စရေးရွေးကောက်ပွဲ ဝန်ကြီးချုပ် နေတန်ယာဟု ထပ်မံအနိုင်ရဖွယ် ရှိ

အစ္စရေးရွေးကောက်ပွဲ ဝန်ကြီးချုပ် နေတန်ယာဟု ထပ်မံအနိုင်ရဖွယ် ရှိ

ဧပြီ ၁၀ ။     ။ အစ္စရေး ရွေးကောက်ပွဲ ကနဦး မဲရလဒ် များအရ လက်ရှိ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုပဲ အနိုင်ရပြီး စံချိန်တင် ငါးကြိမ်မြောက် သက်တမ်းတစ်ခုကို ဆက်လက်ရယူသွားဖွယ် ရှိနေပါတယ်။

မဲရလဒ် အားလုံံး ရေတွက်ပြီးသလောက် ဖြစ်နေချိန် အခြေအနေအရ လက်ယာယိမ်း ညွန့်ပေါင်းအစိုးရသစ်တစ်ရပ် ပေါ်ထွက်လာဖွယ် ရှိနေပါတယ်။

မစ္စတာ နေတန်ယာဟုရဲ့ Likud ပါတီကတော့ စစ်တပ်အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ဘန်နီ ဂန့်ဇ်ရဲ့ အပြာနှင့်အဖြူ မဟာမိတ်ပါတီ နဲ့အပြိုင် အမတ်နေရာ အတူတူ ရရှိဖို့ များနေပါတယ်။

ဒါပေမယ့်လည်း Likud နဲ့ လက်ယာယိမ်း မဟာမိတ်အုပ်စု ကတော့ အမတ်နေရာ ၁၂၀ ရှိ အစ္စရေး ပါလီမန်မှာ အမတ်နေရာ ၆၅ နေရာအထိ ရရှိပြီး အကြီးဆုံးအုပ်စု ဖြစ်ဖို့ များနေကြောင်း ပြည်တွင်း မီဒီယာများက ဖော်ပြနေပါတယ်။

ယင်းအတွက်ကြောင့် အသက် ၆၉ နှစ်ရှိ ဝန်ကြီးချုပ် နေတန်ယာဟုပဲ နောက်တစ်ကြိမ် သက်တမ်း ထပ်မံရရှိဖို့ များနေပါတယ်။

မစ္စတာ နေတန်ယာဟုကတော့ ခြစားမှု စွဲချက်တွေနဲ့တော့ ရင်ဆိုင်နေရလျက် ရှိပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly