ဘရာဇီးမှာ ရုတ်တရက် ရေကြီးမှုဖြစ်ပြီး လူ ၉ ဦးထက်မနည်း သေဆုံး

ဘရာဇီးမှာ ရုတ်တရက် ရေကြီးမှုဖြစ်ပြီး လူ ၉ ဦးထက်မနည်း သေဆုံး

ဧပြီ ၁၀ ။    ။ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုး မြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ရုတ်တရက် ရေကြီးရေလွှမ်းမှုတွေ ဖြစ်ပြီး အနည်းဆုံး လူ ၉ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဧပြီ ၈ ရက် ၊ ၉ ရက်တွေမှာ ယင်း မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မြို့တွင်း အရေးပေါ်အခြေအနေတစ်ရပ်ကို မြို့တော်ဝန်ဖြစ်သူ ကြေညာထားရပါတယ်။

မိုးကြီးပြီးနောက် မြို့တွင်း လမ်းတွေမှာ ရေလွှမ်းမိုးခဲ့ပြီး သစ်ပင်တွေ လဲကျမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မြို့တွင်း  ဧရိယာအများအပြား ရေလွှမ်းခံလိုက်ရတယ်လို့ သိရပါတယ်။

ရေကြီးမှုကြောင့် ထိခိုက်ပျက်စီးမှုတွေလည်း များပြားခဲ့တယ်လို့ သိရပါတယ်။မြို့ရဲ့ တောင်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ အဆိုးဝါးဆုံး ရေလွှမ်းမိုးမှုနဲ့ ကြုံတွေ့ခဲ့ရတယ်လို့လည်း သိရပါတယ်။

ယခု ရေကြီးမှုဖြစ်စဉ် ပေါ်ပေါက်ပြီးနောက် ခုလို သဘာဝဘေးတွေ ထပ်တလဲလဲ ကျရောက်နေမှုကို ရင်ဆိုင်ဖို့ မြို့ရဲ့ ကြိုတင်ပြင်ဆင်မှုပိုင်း အားနည်းခြင်းနဲ့ပတ်သက်လို့လည်း မေးခွန်းထုတ်မှုတွေလည်း ရှိလာခဲံပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required