ပစိဖိတ်သမုဒ္ဒရာထဲ ပျက်ကျသွားခဲ့တဲ့ ဂျပန် F-35 တိုက်လေယာဉ်၏ အပျက်အစီးများ ပြန်ရှာတွေ့

ပစိဖိတ်သမုဒ္ဒရာထဲ ပျက်ကျသွားခဲ့တဲ့ ဂျပန် F-35 တိုက်လေယာဉ်၏ အပျက်အစီးများ ပြန်ရှာတွေ့

ဧပြီ ၁၀ ။    ။ဂျပန်ရဲ့ F-35 တိုက်လေယာဉ်တစ်စင်း ယမန်နေ့က လေ့ကျင့်ရေးမစ်ရှင်တစ်ခု လုပ်ဆောင်ရင်း ပစိဖိတ်သမုဒ္ဒရာထဲမှာ ပျက်ကျသွားခဲ့ပါတယ်။

ယခုအခါ ယင်း တိုက်လေယာဉ်ရဲ့ အပျက်အစီး အစိတ်အပိုင်းတွေကို ပြန်ရှာတွေ့ထားပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ယင်းလေယာဉ်ရဲ့ ပိုင်းလော့ဖြစ်သူကို ခုထက်ထိ ရှာမတွေ့သေးဘူးလို့ ဂျပန်စစ်တပ်က ပြောပါတယ်။

F-35 တိုက်လေယာဉ် ပျက်ကျမှုဖြစ်ပြီးနောက် ကျန်ရှိနေတဲ့ အခြားသော ဂျပန် F-35 တိုက်လေယာဉ် ၁၂ စင်းကို ပျံသန်းမှု ရပ်ဆိုင်းခိုင်းထားတယ်လို့ ဂျပန်အာဏာပိုင်တွေက ပြောပါတယ်။

သက်တမ်း တစ်နှစ်သာသာပဲ ရှိသေးတဲ့ အဆိုပါ တိုက်လေယာဉ် ဘာကြောင့် အဆက်အသွယ်ပြတ် ပျက်ကျသွားရလဲ ဆိုတဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့ ဆိုပါတယ်။

အဆိုပါ ဂျပန် တိုက်လေယာဉ်ကတော့ ဧပြီ ၉ ရက် က နိုင်ငံအရှေ့မြောက်ပိုင်းက မီဆာဝါ မြို့ရဲ့ အရှေ့ဘက် ၈၄ မိုင်ခန့်အကွာ နေရာမှာ ပျံသန်းရင်း မြေပြင်နဲ့အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly