ထိုင်းတောဝက်အသင်းအား ကယ်ဆယ်ခဲ့သည့် ရေငုပ်သမားများ ဗီယက်နမ်တွင် လှိုဏ်ဂူသစ်တစ်ခု ရှာဖွေတွေ့ရှိ

ထိုင်းတောဝက်အသင်းအား ကယ်ဆယ်ခဲ့သည့် ရေငုပ်သမားများ ဗီယက်နမ်တွင် လှိုဏ်ဂူသစ်တစ်ခု ရှာဖွေတွေ့ရှိ

ဧပြီ ၁၀ ။     ။ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတုန်းက ထိုင်းနိုင်ငံ၊ မယ်ဆိုင်ရှိ ထွမ်လန်လှိုဏ်ဂူထဲ ပိတ်မိခဲ့တဲ့ ထိုင်းတောဝက်ဘောလုံးအသင်းနဲ့ နည်းပြတို့ကို ကယ်ဆယ်ခဲ့တဲ့ ရေငုပ်သမားတွေထဲက ၃ယောက်ဟာ အင်မတန်ရှည်လျားတဲ့ လှိုဏ်ဂူတစ်ခုကို ဗီယက်နမ်နိုင်ငံမှာ လတ်တလောကပဲ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရပါတယ်။

ဗီယက်နမ်နိုင်ငံအလယ်ပိုင်းမှာရှိတဲ့ ဆွန်တုန်းလှိုဏ်ဂူဟာ လူသူအရောက်အပေါက်လုံးဝမရှိတဲ့ လှိုဏ်ဂူဖြစ်ပြီး ၁၂၀ မီတာခန့် နက်မယ်လို့ ခန့်မှန်းသိရှိရပါတယ်။

ရေငုပ်သမားတွေဖြစ်တဲ့ ရစ်ခ်စတန်တန်၊ ဂျေဆန်မယ်လင်စန်နဲ့ ခရစ်စ်ဂျယ်ဝယ်လ်တို့ဟာ ဆွန်တုန်းလှိုဏ်ဂူထဲ ဝင်ရောက်လေ့လာပြီး ၇၇ မီတာ (၂၅၂ ပေ)အရောက်မှာ အောက်ဆီဂျင်မလုံလောက်တော့တဲ့အတွက် ပြန်ထွက်လာခဲ့ရတာဖြစ်ပါတယ်။

အကယ်၍ ဒီမြေအောက်လှိုဏ်ဂူက တခြားလှိုဏ်ဂူနဲ့ဆက်နေမယ်ဆိုရင် ဆွန်တုန်းလှိုဏ်ဂူဟာ ကမ္ဘာ့အရှည်ဆုံးလှိုဏ်ဂူဖြစ်လာမှာဖြစ်ကြောင်း ဗြိတိသျှသုတေသနပညာရှင် ဟို၀ါ့ဒ် လင်မ်ဘတ်ကပြောပါတယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly