ငါးနှစ်အရွယ် ကလေးမလေးကို နေပူထဲ ရေအငတ်ထားပြီး သတ်ခဲ့တဲ့ စစ်ရာဇဝတ်မှုအတွက် ဂျာမန် အိုင်အက်စ်အမျိုးသမီးကို ရုံးတင်စစ်ဆေး

ငါးနှစ်အရွယ် ကလေးမလေးကို နေပူထဲ ရေအငတ်ထားပြီး သတ်ခဲ့တဲ့ စစ်ရာဇဝတ်မှုအတွက် ဂျာမန် အိုင်အက်စ်အမျိုးသမီးကို ရုံးတင်စစ်ဆေး

မြူးနစ်၊ ဧပြီ ၁၀ ။    ။ ယာဇီဒီမျိုးနွယ်က ကျွန်ပြုခံ အသက်ငါးနှှှစ််အရွယ် ကလေးမလေးတစ်ဦးကို နေပူထဲ ရေအငတ်ထားပြီး သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုအတွက် အိုင်အက််စ်အဖွဲ့ဝင် ဂျာမန်အမျိုးသမီးတစ််ဦးကို ဧပြီ ၉ ရက်မှာ တရားရုံးတင် စစ်ဆေးကြားနာပါတယ်။

လူနည်းစု ယာဇီဒီ တိုင်းရင်းသားမျိုးနွယ်စုတွေအပေါ် အိုင်အက်စ်စစ်သွေးကြွတွေ ကျူးလွန်တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာမှာ ပထမဆုံးဖြစ်နိုင်တဲ့ အခု တရားရုံးတင် စစ်ဆေးကြားနာမှုမှာ အသက် ၂၇ နှစ်ရှိ ဂျာမနီအမျိုးသမီး ဂျင်နီဖာဝိန်းနစ််ရှ်ကို တရားစွဲဆိုတာပဲ ဖြစ်ပါတယ်။

လူသတ်မှု မြောက်ပြီး စစ်ရာဇဝတ်မှုအဖြစ် လူသတ်မှု ကျူးလွန်တာဖြစ်ကြောင်း အပြစ်စီရင်နိုင်ပါက ဂျင်နီဖာဝိန်းနစ််ရှ်အနေနဲ့ နှစ်ရှည်ထောင််ဒဏ် ချမှတ်ခံရဖို့ ရှိနေပါတယ်။ ဒါအပြင် အကြမ်းဖက်အဖွဲ့ဝင်ဖြစ််မှုနဲ့ ဂျာမနီစစ်လက်နက်ထိန်းချုပ်ရေးအက်ဥပဒေကို ချိုးဖောက်မှုတွေအတွက်ပါ ဂျင်နီဖာကို စစ်ဆေးကြားနာနေတာပါ။

အခု စစ်ဆေးကြားနာမှုဟာ နေရပ်ပြန်ဝင်လာတဲ့ အိုင်အက်စ်အဖွဲ့ဝင် အမျိုးသမီးတစ်ဦးကို ဂျာမနီမှာ ပထမဆုံး တရားစွဲဆိုမှုဖြစ်တယ်လို့ အစိုးရရှေ့နေ ကလော့ဒီယာဂေါ့ဖ်က မြူးနစ်တရားရုံးမှာ ပြောပါတယ်။

တရားစွဲဆိုမှု အစ ဓာတ်ပုံရိုက်ခွင့် ပြုထားချိန်မှာ ရုံးခန်းအတွင်း ဝင်လာတဲ့ ဂျင်နီဖာဟာ သူ့မျက်နှာကို စာဖိုင်တွဲတစ်ခုနဲ့ ဖုံးကွယ်ထားတာကို တွေ့ရပါတယ်။

အိုင်အက်စ်တွေ အီရတ်၊ မိုဆူးလ်မြို့ကို သိမ်းပိုက်ထားချိန် ၂၀၁၅ ခုနှစ်က ဂျင်နီဖာနဲ့ သူ့ခင်ပွန်း ဆာဘတ်နောရီအယ်လ်ဂျေတို့ဟာ ယာဇီဒီသားအမိနှစ်ဦးကို ကျွန်ပြုဝယ်ယူခဲ့တာဖြစ်ကြောင်း အစိုးရရှေ့နေတွေက ပြောပါတယ်။

“ကလေးမလေး ဖျားနာမကျန်းဖြစ်ပြီး အိပ်ရာထဲက မထနိုင်တဲ့အချိန်မှာ ဂျင်နီဖာရဲ့ ခင်ပွန်းက အပြစ်ပေးတဲ့အနေနဲ့ အပြင်ဖက် နေပူထဲ ကြိုးတုပ်ပြီး ထားထားခဲ့တာပါ။ ကလေးမလေးရော၊ မိခင်ရောကိုပါ ရိုက်နှက်ပါတယ်။”လို့ အစိုးရရှေ့နေတွေက ဆိုပါတယ်။

‘ကလေးမလေးဟာ ချစ်ချစ်တောက် နေအပူရှိန်အောက်မှာ ရေငတ်ရင်း မချိမဆန့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူက အဲဒီလို ကျူးလွန်နေတာကို ဂျင်နီဖာဟာ ကလေးမလေးကို ဝင်ရောက်ကူညီပေးတာ မရှိတဲ့အပြင် မိခင်ဖြစ်သူ အမျိုးသမီးရဲ့ ဦးခေါင်းကိုပါ သေနတ်နဲ့ တေ့ခြိမ်းခြောက်တာမျိုးတောင် ရှိခဲ့တယ်။”လို့ အစိုးရ ရှေ့နေတွေက စွဲဆိုကြပါတယ်။

အခု တရားရုံးကြားနာမှုကို နိုင်ငံတော်လုံခြုံရေးနဲ့ အကြမ်းဖက်အမှုအခင်းဖြစ်တာကြောင့် လုံခြုံရေးအထူး တင်းကြပ်ထားပါတယ်။ ကနဦး ကြားနာမှုတွေကို စက်တင်ဘာ ၃၀ ရက်အထိ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly