အမေရိကန်က ကမ္ဘာ့အကြမ်းဖက်ဝါဒရဲ့ ခေါင်းဆောင်စစ်စစ်ဖြစ်တယ်လို့ အီရန်သမ္မတ ပြော

အမေရိကန်က ကမ္ဘာ့အကြမ်းဖက်ဝါဒရဲ့ ခေါင်းဆောင်စစ်စစ်ဖြစ်တယ်လို့ အီရန်သမ္မတ ပြော
Photo: AFP

တီဟီရန်၊ ဧပြီ ၁၀ ။     ။ အမေရိကန်ရဲ့ အီရန်တော်လှန်ရေးအစောင့်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် စာရင်းသွင်းလိုက်တာနဲ့ ပတ်သက်ပြီး အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက အမေရိကန်ကသာ ကမ္ဘာ့အကြမ်းဖက််ဝါဒရဲ့ ခေါင်းဆောင်စစ်စစ်ဖြစ်တယ်လို့ ပြန်လည်ထိုးနှက်လိုက်ပါတယ်။

“အီရန်တော်လှန်ရေးအစောင့်တပ်ကို ဘယ်သူကများ အကြမ်းဖက်အဖွဲ့လို့ တံဆိပ်ကပ်သလဲ။ ခင်ဗျားတို့ကသာ ကမ္ဘာ့အကြမ်းဖက်ဝါဒရဲ့ ခေါင်းဆောင်တွေဖြစ်တယ်။”လို့ သမ္မတ ရိုဟာနီက ပြောပြီး ပြင်းပြင်းထန်ထန် စွပ်စွဲတိုက်ခိုက်လိုက်တာပါ။

“ဒီကနေ့ ကမ္ဘာမှာ ဘယ်သူတွေက ၀ါဒဖြန့်နေပြီး အကြမ်းဖက်ဝါဒကို ရေလောင်းပေါင်းသင်းနေတာလဲ။ အိုင်အက်စ်အဖွဲ့ကို လက်ကိိုင်တုတ်လို ဘယ်သူတွေ အသုံးချချင်နေလဲ။ ခုထိအောင် အမေရိကန်ဟာ အိုင်အက်စ်ကို တိုက်ခိုက်ဖို့ ပြင်ဆင်တာ မရှိိဘူး။”လို့ပါ ၎င်းက ပြောဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်ရဲ့ အထူးစစ်တပ်ဖြစ်တဲ့ အီရန်တော်လှန်ရေးအစောင့်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် ဧပြီ ၈ ရက်မှာ စာရင်းသွင်း ထုတ်ပြန်လိုက်တာပါ။

ဒီလို အကြမ်းဖက်စာရင်းသွင်းခံရတာကြောင့် အီရန်တော်လှန်ရေးအစောင့်တပ်အပေါ် အမေရိကန််အနေနဲ့ ထပ်တိုးဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လာနိုင်မှာလည်း ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အီရန်ရဲ့ စီးပွားရေးအတွင်း တော်လှန်ရေးအစောင့်တပ် ပါဝင်မှုတွေအပေါ် ပစ်မှတ်ထားနိုင်တော့မှာပါ။

အီရန်တော်လှန်ရေးအစောင့်တပ်နဲ့ လက်အောက်အဖွဲ့အစည်းတွေကို အကြမ်းဖက်ဝါဒကို ထောက်ပံ့မှု၊ လူ့အခွင့်အရေး အလွဲသုံးစားမှုတွေနဲ့ အမေရိကန်ဟာ ဒဏ််ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပြီးလည်း ဖြစ််ပါတယ်။

အမေရိကန်နဲ့ အီရန်နှစ်နိုင်ငံဟာ နိုင်ငံတကာ အီရန််နျူကလီးယားပဋိညာဉ််ကနေ အမေရိကန် နုတ်ထွက်လိုက်ပြီးနောက်ပိုင်းမှာ နှစ်နိုင်ငံဆက်ဆံရေး တင်းမာလျက် ရှိနေတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly