ဘာစီလိုနာအသင်းဟာ ဒုတိယနေရာမှာရှိနေတဲ့ အက်သလက်တီကိုအသင်းကို ရမှတ် ၁၁ မှတ်ဖြတ်ထာနိုင်ပြီး ဒီရာသီချန်ပီယံဆုကို ဆွတ်ခူးဖို့ သေချာသလောက်ရှိတာကြောင့် သူတို့အတွက် ကောင်းမွန်တဲ့ လာလီဂါဘောလုံးရာသီဖြစ်နေပါတယ်။
ဒါ့အပြင် ဘာစီလိုနာအသင်းဟာ လိဂ် ၃၁ ပွဲမှာ ၈၁ ဂိုး ွသင်းယူထားနိုင်သလို ရီးယဲလ်မက်ဒရစ်ထက် ၂၆ ဂိုး ပိုများနေပါတယ်။
ပိုပြီးအံ့သြစရာကောင်းတာက ဘာစီလိုနာအသင်းရဲ့ စုစုပေါင်းသွင်းဂိုး ၈၁ ဂိုးမှာ မက်ဆီရဲ့ သွင်းဂိုး ၃၃ ဂိုးနဲ့ ဆွာရက်ဇ်ရဲ့ သွင်းဂိုး ၂၀ ထိပါဝင်နေပါတယ်။ ဒါကြောင့် သူတို့ နှစ်ဦးရဲ့ သွင်းဂိုးဟာ ၅၃ ဂိုးရှိနေပါတယ်။
ဒီသွင်းဂိုးမှတ်တမ်းအရ သူတို့နှစ်ဦးဟာ ဒီရာသီ သူတို့ ရင်ဆိုင်ခဲ့တဲ့ လာလီဂါ ၁၉ သင်းထဲက အသင်း ၁၈ သင်းရဲ့ သွင်းဂိုတွေထက် ပိုမိုများပြားခဲ့တာပဲဖြစ်ပါတယ်။
Messi and Suarez have scored more La Liga goals this season than 18 of the 19 teams they have faced pic.twitter.com/shB13XgXhA
— ESPN FC (@ESPNFC) April 7, 2019
ဇယား ၅ နေရာက ဆီဗီလာက ၅၁ ဂိုး၊ အက်သလက်တီကိုနဲ့ တန်းဆင်းဇုန်နား ရုန်းကန်နေရတဲ့ ဆယ်လ်တာဗီဂိုတို့ နှစ်သင်းက ၄၅ ဂိုးစီရှိတာကြောင့် မက်ဆီနဲ့ ဆွာရက်ဇ်တို့ရဲ့ သွင်းဂိုးထက် နည်းနေတာကို တွေ့ရပါတယ်။
ယခုနှစ်မှာ သွင်းဂိုး ၃၃ ဂိုးထိ သွင်းယူထားနိုင်ခဲ့တဲ့ မက်ဆီက ဗယ်လာဒိုလစ်အသင်းရဲ့ ၂၄ ဂိုးထက် ကျော်လွန်ခဲ့သလို အဲလာဗက်စ်အသင်းရဲ့ သွင်းဂိုး ၃၂ ဂိုးထက် တစ်ဂိုးပိုများခဲ့ပါတယ်။
ဒါ့အပြင် ဗလင်စီယာ၊ ဘီလ်ဘာအိုနဲ့ ဂျီရိုနာအသင်းတွေရဲ့ သွင်းဂိုးက ၃၃ ဂိုးအသီးသီးရှိနေလို့ အဆိုပါတစ်သင်းလုံး သွင်းဂိုးနဲ့ ဘာစီလိုနာရဲ့ ထာဝရသွင်းဂိုး အများဆုံးကစားသမား မက်ဆီရဲ့ သွင်းဂိုးက ညီမျှခဲ့ပါတယ်။
Ref; Daily Mail