ဖလားနှစ်လုံးအတွက် လီဗာပူးလ်အသင်း စိတ်လှုပ်ရှားနေတယ်လို့ ကလော့ပ် ပြော

ဖလားနှစ်လုံးအတွက် လီဗာပူးလ်အသင်း စိတ်လှုပ်ရှားနေတယ်လို့ ကလော့ပ် ပြော
Photo: EPA

လီဗာပူးလ်နည်းပြ ကလော့ပ်က သူ့ရဲ့ ကစားသမားတွေဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဖလားနှစ်လုံးလုံးကို လိုက်နေရာတာကြောင့် ပွဲစဉ်တိုင်း အနိုင်ရရမယ်ဆိုတဲ့ ဖိအားတွေရှိတာကို ကစားသမားတွေက ပျော်ရွှင်နှစ်သက်နေတယ်လို့ ပြောပါတယ်။

ကလော့ပ်ရဲ့ အသင်းဟာ ဖူလ်ဟမ်၊ စပါးနဲ့ ဆောက်သမ်တန်တို့ကို နောက်ကျဂိုးတွေ အနိုင်ရခဲ့ပြီး ချန်ပီယံပြိုင်ပွဲမှာ မန်စီးတီးအသင်းကို ၂ မှတ်အသာနဲ့ ဦးဆောင်နေပြီးနောက် အင်္ဂါနေ့မှာတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်အဖြစ် ပေါ်တိုအသင်းကို လက်ခံယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

မန်စီးတီးအသင်းကတော့ လက်ကျန်တစ်ပွဲကစားဖို့ ရှိနေပြီး ချန်ပီယံဖြစ်နိုင်မယ့် အခွင့်အရေး ဆက်ရှိနေပါတယ်။ လီဗာပူးလ်အနေနဲ့ ချန်ပီယံဖြစ်ဖို့ဆိုရင် လက်ကျန် လိဂ် ၅ ပွဲမှာ ရလဒ်ပိုင်း အတိမ်းအစောင်းမခံတဲ့ အခြေအနေမျိုးမှာ ရပ်တည်နေပါတယ်။

ဒါပေမယ့် ကလော့ပ်က ပြိုင်ပွဲနှစ်ရပ်လုံးမှာ အနိုင်ရနေဖို့ သူ့အသင်းဟာ ပွဲချိန်နောက်ဆုံးအချိန်ထိ ရှုံးမပေးပဲ တိုက်ပွဲဝင်စိတ်ရှိနေတယ်လို့ ယုံကြည်နေပါတယ်။

"ဒါဟာ ကောင်းမွန်တဲ့ အချိန်မျိုးပါ။ ကျနော်တို့ မနက်တိုင်း နိုးထတယ်။ ရာသီဥတုကလည်း တော်တော်လေး ကောင်းမွန်ပါတယ်။ အပြင်ဘက်မှာ နွေးထွေးပြီး နွေဦးရာသီ ရောက်လာလို့နေပါပြီ။ ကျနော်တို့ဟာ ပြိုင်ပွဲကြီး နှစ်ရပ်မှာ ရှိနေပါတယ်။ ဆိုတော့ ဒါက ကောင်းတယ်လို့ ပြောရမှာပါ။ ဒါပေမယ့် ဒီအခြေအနေမျိုးကို ကျနော်တို့ အသုံးချဖို့ လိုပါတယ်။"လို့ ကလော့ပ်က တနင်္လာနေ့က ပြောပါတယ်။

"ကျနော်တို့ဟာ ဘောလုံးရာသီ အဆုံးမသတ်သေးသလို ကျနော်တို့ရဲ့ တိုးတက်မှုကလည်း မပြီးဆုံးသေးပါဘူး။

"ကျနော်တို့ ဒီရာသီစာအုပ်ရဲ့ စာမျက်နှာတွေပေါ် သင့်လျော်တဲ့ အရာအနည်းငယ် ရေးထိုးလိုပါတယ်။ ရိုးရိုးသားပြောရရင် ကျနော်တို့ဟာ စိတ်လှုပ်ရှားနေပါတယ်။"

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်မှာ ပေါ်တိုအသင်းကို ၅-၀ နဲ့ အနိုင်ရခဲ့ပေမယ့် ကလော့ပ်က ယခုတွေ့မှုမှာ ပိုမိုခက်နိုင်တယ်လို့ ပြောပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required