အစ္စရေးဂျက်တိုက်လေယာဉ်များ ဂါဇာကမ်းမြောင်တွင် တိုက်ခိုက်

အစ္စရေးဂျက်တိုက်လေယာဉ်များ ဂါဇာကမ်းမြောင်တွင် တိုက်ခိုက်

ပါလက်စတိုင်းနောက်တစ်ဦးကို အစ္စရေးစစ်တပ်က ပစ်သတ်ပြီးနောက်တွင် ဂါဇာကမ်းမြောင် နယ်မြေတစ်ရပ်တွင် အစ္စရေးဂျက်တိုက်လေယာဉ်များ လေကြောင်းတိုက်ခိုက်မှုများ ဆင်နွှဲခဲ့သည်။

ပါလက်စတိုင်းဟားမတ်စ် လှုပ်ရှားရေး လက်နက်ကိုင်အဖွဲ့နယ်မြေသို့ အောက်တိုဘာ ၅ ရက်အစောပိုင်းက အစ္စရေးတောင်ပိုင်းမှ ဒုံးကျဉ်များ ပစ်ခတ်ခဲ့သည်။

ယင်းတိုက်ခိုက်မှုအတွင်း သေဆုံးပျက်စီးသတင်း မသိရသေးပေ။

တစ်ချိန်တည်းတွင်ပင် အနောက်ဖက်ကမ်းတွင် ပဋိပက္ခဖြစ်ပွားမှုအတွင်း ပါလက်စတိုင်းလူငယ်တစ်ဦးအား အစ္စရေးတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့သည်။

ဂါဇာကမ်းမြောင်တွင် အစ္စရေးတို့၏ ရက် ၅၀ စစ်ရေးကျုးကျော်မှု တစ်ရပ်အားလည်း ယခုနှစ် ဇူလိုင်မှ သြဂုတ် ၂၆ ရက်အထိ ဆင်နွှဲခဲ့ပြီး ယင်းစစ်ရေးကျုးကျော်မှုတွင် ကလေး ၅၇၇ ဦး အပါအဝင် ပါလက်စတိုင်း ၂၂၀၀ နီးပါး သေဆုံးခဲ့ကာ ကလေးငယ် ၃၃၇၄ အပါအဝင် ဒဏ်ရာရခဲ့ကြသူပေါင်း ၁၁၁၀၀ ကျော်ရှိခဲ့သည်။

Ref: Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required