ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို သက်သာစေဖို့

ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကို သက်သာစေဖို့

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ရာသီဥတုကြောင့့်ဖြစ်တဲ့ ဓာတ်မတည့်မှုက တော်တေ်ာလေးစိတ်ညစ်စရာကောင်းပါတယ်နော်။ ဒီလိုမျိုးပြဿနာတွေကို အကောင်းဆုံးရင်ဆိုင်နိုင်ဖို့ ဒီဆောင်းပါးလေးကနေတဆင့် သတင်းကောင်းပါးပါရစေနော်။
ဓာတ်မတည့်မှုဖြစ်တဲ့အခါ

ဓာတ်မတည့်မှုဖြစ်တဲ့အခါ မျက်ရည်ကျတာ၊နှာရည်ကျတာမျိုးတွေလုပ်ဆောင်ပြီး ခန္ဓာကိုယ်က ကိုယ်တွင်းကဘက်တီးရီးယားတွေကို တိုက်ထုတ်ပါတယ်။ ဓာတ်မတည့်တဲ့အရာတွေကုန်စင်သွားတဲ့အထိ ခန္ဓာကိုယ်က ဒီလိုတုံ့ပြန်မှုတွေကိုလုပ်ဆောင်တာပါ။ ဓာတ်မတည့်မှုက အရမ်းပြင်းထန်မယ်ဆိုရင်တော့ နောက်ဆက်တွဲပြဿနာတွေရှိနေနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာရှိနေတဲ့ ဝတ်မှုန်တွေ၊ တိရစ္ဆာန်အမွှေးအမျှင်တွေ၊ဆေးလိပ်ငွေ့တွေ၊ ဓာတုပစ္စည်းတွေကြောင့် ဓာတ်မတည့်တာတွေဖြစ်နိုင်ပါတယ်။  အစားအသောက်တွေကြောင့်လည်း ဓာတ်မတည့်မှုဖြစ်နိုင်ပါတယ်။ အစားအသာက်နဲ့ဓာတ်မတည့်တဲ့အခါ အင်ပြင်ဖြစ်တာ၊ အစာခြေလမ်းကြောင်းပြဿနာဖြစ်တာ၊ နှင်းခူဖြစ်တာ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာဖြစ်တာမျိုးတွေကြုံတွေ့ရနိုင်ပါတယ်။ ဓာတ်မတည့်မှုဖြစ်တဲ့အခါ နောက်ဆက်တွဲပြဿနာတွေအနေနဲ့ နှာစေးတာ၊ ပန်းနာရင်ကျပ်ဖြစ်တာ၊ နားပိုးဝင်တာမျိုးတွေခံစားရနိုင်ပါတယ်။
ဓာတ်မတည့်မှုတွေကို ကာကွယ်ဖို့ သွေးအမျိုးအစားအလိုက် စားပေးသင့်တာများ

O သွေးပိုင်ရှင်တွေအတွက်

ရာသီဥတုဆိုင်ရာ ဓာတ်မတည့်မှုတွေကိုကာကွယ်ဖို့အတွက် O သွေးပိုင်ရှင်လေးတွေအနေနဲ့

    အဆီနည်းပြီး သဘာဝအတိုင်းမွေးမြူထားတဲ့ အသား
    အဆီများတဲ့ ပင်လယ်ငါး
    နှမ်းကြတ်စေ့ဆီ
    သံလွင်ဆီ
    ရေညှိ
    ကြက်သွန်နီ
    ကြက်သွန်ဖြူ
    နာနတ်သီး
    နနွင်း
    လက်ဖက်စိမ်းရေနွေးကြမ်း

A သွေးပိုင်ရှင်တွေအတွက်

ရာသီဥတုဆိုင်ရာ ဓာတ်မတည့်မှုတွေကိုကာကွယ်ဖို့အတွက် A သွေးပိုင်ရှင်လေးတွေအနေနဲ့

    ပဲပိစပ်ကနေထုတ်ထားတဲ့ စားစရာတွေ
    ဆယ်လ်မွန်နဲ့ဆာဒင်းငါးတို့လိုမျိုး ပင်လယ်ငါးတွေ
    နှမ်းကြတ်စေ့ဆီ
    သံလွင်ဆီ
    ပန်းဂေါ်ဖီစိမ်း
    ကြက်သွန်နီ
    ဘယ်ရီသီးတွေ
    သံပရိုသီး
    ကြက်သွန်ဖြူ
    လက်ဖက်စိမ်းရေနွေးကြမ်း

B  သွေးပိုင်ရှင်တွေအတွက်

ရာသီဥတုဆိုင်ရာ ဓာတ်မတည့်မှုတွေကိုကာကွယ်ဖို့အတွက် B သွေးပိုင်ရှင်လေးတွေအနေနဲ့

    အဆီနည်းပြီး သဘာဝအတိုင်းမွေးမြူထားတဲ့ အသားတွေ
    ပင်လယ်ငါးတွေ
    နှမ်းကြတ်စေ့ဆီ
    ဒိန်ချဉ်
    ကီဖာ
    သံလွင်ဆီ
    ပန်းဂေါ်ဖီစိမ်း
    ကြက်သွန်နီ
    ဘယ်ရီသီး
    နနွင်း
    လက်ဖက်စိမ်းရေနွေးကြမ်း

AB  သွေးပိုင်ရှင်တွေအတွက်

ရာသီဥတုဆိုင်ရာ ဓာတ်မတည့်မှုတွေကိုကာကွယ်ဖို့အတွက် AB သွေးပိုင်ရှင်လေးတွေအနေနဲ့

    ပဲပိစပ်
    ပဲပိစပ်ကနေထုတ်ထားတဲ့ စားစရာတွေ
    ဒိန်ချဉ်
    ကီဖာ
    နှမ်းကြတ်စေ့ဆီ
    သံလွင်ဆီ
    ပန်းဂေါ်ဖီစိမ်း
    ကြက်သွန်နီ
    သံပရိုသီး
    နနွင်း
    လက်ဖက်စိမ်းရေနွေးကြမ်း

အခုပြောခဲ့တဲ့ အစားအသော်ကတွေကို မိမိသွေးအုပ်စုအတိုင်း ကိုက်ညီအောင် စားသုံးပြီး ကိုယ့်ကိုကိုယ် ရာသီဥတုကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုကနေ ကာကွယ်လိုက်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly