စက္ကူပန်းလေးတွေက အဆင်းရော အချင်းပါပြည့်စုံတာပါနော်

စက္ကူပန်းလေးတွေက အဆင်းရော အချင်းပါပြည့်စုံတာပါနော်

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.


နေအိမ်တွေမှာဖြစ်ဖြစ် ခရီးသွားရင်ဖြစ်ဖြစ် အလှဆင်တဲ့အနေနဲ့ အရောင်အသွေးစုံလင်လှတဲ့ စက္ကူပန်းလေးတွေကို စိုက်ထားတာမြင်ဖူးကြမှာပါနော်။ စက္ကူပန်းလေးတွေက လိုသလိုပုံသွင်းပြီး အလှဆင်လို့ကောင်းတဲ့ အရိပ်ရအပင်လေးတစ်မျိုးပေါ့။ နွေပူပူမှာတောင် အရိပ်ပေးနိုင်ပါတယ်။ စက္ကူပန်းက အနီရောင်၊ လိမ္မော်ရောင်၊ ခရမ်းရောင်၊ ပန်းရောင် နဲ့ အဖြူရောင်ဆိုပြီး အရောင်အသွေးစုံနေရောပဲ။
အရောင်အသွေးစုံတဲ့ စက္ကူပန်းလေးတွေရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံက

စက္ကူပန်းလေးတွေကို အလှအတွက်ပဲစိုက်ထားတယ်ဆိုပေမယ့် အခုလို ဆေးဖက်ဝင်တာလေးကိုပါသိထားမယ်ဆိုရင် ပိုအဆင်ပြေမယ်ထင်ပါတယ်နော်။

ချောင်းဆိုးပျောက်စေတယ်

စက္ကူပန်းက သလိပ်ပျော်စေနိုင်တာကြောင့် ချောင်းဆိုးနေတဲ့သူတွေအနေနဲ့ အသုံးပြုပေးလို့ရပါတယ်။ အသက်ရှုလမ်းကြောင်းတလျှောက်မှာရှိနေတဲ့ ချွဲတွေကို ပျော်စေပြီး ချောင်းဆိုးသက်သာစေဖို့ အထောက်အကူပြုပေးပါတယ်။

လည်ချောင်းနာတာကို သက်သာစေနိုင်တယ်

လည်ချောင်းနာရခြင်းရဲ့ အဓိကအကြောင်းအရင်းက ပိုးဝင်ကူးစက်တာကြောင့်ပါ။ ဓာတ်မတည့်တာကြောင့်လည်းဖြစ်နိုင်တယ်ဆိုပေမယ့် များသောအားဖြင့်ကတော့ ဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့် လည်ချောင်းနာရတာပါ။ ဒီပြဿနာကိုဖြရှင်းဖို့အဆွက် ပိုးသတ်ပေးနိုင်တဲ့ အာနိသင်ရှိတဲ့ စက္ကူပန်းလေးရှိပါတယ်နော်။ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးပြီး ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။

အဖျားကျစေနိုင်တယ်

အဖျားသက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ အပူကျစေနိုင်တဲ့အာနိသင်ရှိပြီး ဖျားလို့အပူကြီးနေတဲ့သူတွေအတွက် သင့်တော်ပါတယ်။ မြန်မြန်အဖျားကျစေမယ့် သဘာဝဆေးဖက်ဝင် အပင်တစ်မျိုးပါ။

အသက်ရှုလမ်းကြောင်းကိုကျန်းမာစေနိုင်တယ်

စက္ကူပန်းက အဆုတ်တွေကို ကျန်းမာစေနိုင်ပြီး အသက်ရှုလမး်ကြောင်းကို ကျန်းမာအောင် အားဖြည့်ပေးပါတယ်။ အဆုတ်တွေကို ကောင်းကောင်းအလုပ်လုပ်နိုင်အောင် ကူညီပေးတာကြောင့် ခန္ဓာကိုယ်ရဲ့ အောက်ဆီဂျင်လိုအပ်ချက်ကို အကောင်းဆုံးဖြည့်ပေးနိုင်မှာပါ။

ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်

တစ်နေ့တာလှုပ်ရှားသွားလာရင်း ထိတွေ့မိတာတွေ၊ စားသောက်မိတာတွေကြောင့် ကိုယ်တွင်းမှာ အဆိပ်အတောက်တွေရှိနေနိုင်ပါတယ်။ ဒီအဆိပ်အတောက်တွေကိူ ဖယ်ရှားချင်တယ်ဆိုရင်တော့ လှပတဲ့ စက္ကူပန်းလေးတွေကို အသုံးပြုလို့ရပါတယ်နော်။ စက္ကူပန်းလေးတွေက ကိုယ်တွင်း ကအဆိပ်အတောက်တွေကို ငွေကုန်ကြေးကျနည်းစွာနဲ့ အထိရောက်ဆုံးဖယ်ရှားပေးနိုင်မှာပါ။

ဝမ်းပျက်ဝမ်းလျှောသက်သာစေနိုင်တယ်

ဝမ်းပျက်ဝမ်းလျှောဖြစ်တာက တစ်နည်းအားဖြင့်တော့ ကိုယ်တွင်း ကအဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကို ဝမ်းကနေတဆင့် ခန္ဓာကိုယ်ပြင်ပကိုစွန့်ထုတ်တာပါ။ အစာခြေစနစ်မှာ ပိုးဝင်တာကြောင့်ဖြစ်ရတဲ့ ကျန်းမာရေးပြဿနာပေါ့။ ဒီအဆိပ်အတောက်တွေကိူ အကောင်းဆုံးနဲ့ အမြန်ဆုံးဖြေရှင်းချင်တယ်ဆိုရင်တော့ စက္ကူပန်းလေးကို အားကိုးလို့ရပါတယ်။ အစာခြေစန်စထဲက မလိုအပ်တဲ့အရာတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်မှာပါ။

ပိုးသတ်ပေးတယ်

ထိခိုက်ဒဏ်ရာရတဲ့အခါ အနာကို ပိုးဝင်ရောင်ရမ်းတာမျိုးမဖြစ်စေဖို့ စက္ကူပန်းပြုတ်ရည်နဲ့ ဆေးကြောသန့်စင်ပေးလို့ရပါတယ်။ စက္ကူပန်းကို ရေနဲ့စင်စင်လေးသန့်စင်ဆေးကြောသန့်စင်ဖို့တော့လိုပါမယ်။ မျက်နှာပေါ်က ဝက်ခြံတွေသက်သာစေဖို့အတွက်လည်း စက္ကူပန်းကို သုံးလို့ရပါတယ်နော်။

ဒါတွေအပြင် စက္ကူပန်းကို သွေးတိုးကျစေဖို့၊ ရာသီသွေးမှန်စေဖို့၊ အသည်းရောင်အသားဝါသက်သာစေဖို့၊ ပါးစပ်ထဲမှာပေါက်တဲ့အနာတွေသက်သာစေဖို့ အသုံးပြုပေးလို့ရပါတယ်။ အဖြူဆင်းတာကိုသက်သာစေဖို့နဲ့ ကိုယ်အလေးချိန်ထိန်းချင်သူတွေအတွက်လည်း စက္ကူပန်းက အသုံးဝင်ပါတယ်နော်။

 ဒီလောက်တောင် အသုံးတည့်နေမှတော့ စက္ကူပန်းလေးတွေက အဆင်းရော အချင်းပါပြည့်စုံတယ်ဆိုတာ အထွေအထူးပြောနေစရာတောင်မလိုဘူးထင်ပါတယ်နော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly