မက္ကဆီကိုတိရစ္ဆာန်ရုံထဲက မွေးကင်းစသစ်ကုလားအုတ်လေးအား ထုတ်ဖော်ပြသ

မက္ကဆီကိုတိရစ္ဆာန်ရုံထဲက မွေးကင်းစသစ်ကုလားအုတ်လေးအား ထုတ်ဖော်ပြသ

ဧပြီ ၆ ။             ။ မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုမြို့က Chapultepec တိရစ္ဆာန်ရုံမှာ မွေးကင်းစ သစ်ကုလားအုတ်လေးကို ယမန်နေ့ကပဲ အများပြည်သူနဲ့ ပထမဆုံး မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။

အဆိုပါသစ်ကုလားအုတ်လေးကို မတ်လ ၂ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး ယခုဧပြီလမှာ တစ်လပြည့်ပြီဖြစ်ပါတယ်။

သစ်ကုလားအုတ်လေးရဲ့ လက်ရှိအရပ်အမောင်းက ၂ မီတာရှည်လျားပြီး ကိုယ်အလေးချိန် ၅၀ ကီလိုရှိပါတယ်။

“အရပ်လည်းရှည်တယ်။ တစ်ရုံလုံးကို ပတ်ပြေးနေတာ။ သွက်သွက်လက်လက်ပဲ။”လို့ Chapultepec တိရစ္ဆာန်ရုံရဲ့ ဒါရိုက်တာ ဂျူအန်းကာလော့စ်ဆန်ချေက ပြောပါတယ်။

သစ်ကုလားအုတ်လေးရဲ့ အဖေနဲ့ အမေတွေဖြစ်ကြတဲ့ ဖော်ဂျူနာတာနဲ့ ကာချိုတို့ကိုလည်း Chapultepec တိရစ္ဆာန်ရုံထဲမှာပဲ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း၊ သစ်ကုလားအုတ်လေးကို များမကြာမီမှာ နာမည်မှည့်ပေးသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required