မမျှတမှုများနှင့် ဆိုင်ဘာကာကွယ်ရေးတို့အတွက် ဂျီ-၇ ဝန်ကြီးများ စည်းဝေး

မမျှတမှုများနှင့် ဆိုင်ဘာကာကွယ်ရေးတို့အတွက် ဂျီ-၇ ဝန်ကြီးများ စည်းဝေး

ပါရီ၊ ဧပြီ ၆ ။          ။ ကမ္ဘာ့ ဖွံ့ဖြိုးပြီး နိုင်ငံ ၇ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေဟာ မညီမျှမှုတွေကို တိုက်ဖျက်ရေးနဲ့ မိမိတို့ နိုင်ငံတွေရဲ့ ဒီမိုကရေစီကို ပြည်ပဝင်ရောက်စွက်ဖက်မှုကနေ ကာကွယ်ရေးတို့အတွက် ဧပြီ ၅ ရက်မှာ စည်းဝေးတွေ့ဆုံကြပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လီဒရိန်း သဘပတိမူကျင်းပတဲ့ ဒီအစည်းအဝေးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယို မတက်ရောက်ဘဲ ၎င်းအစား လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဖြစ််သူပဲ တက်ရောက်တာဟာ သမ္မတ ထရမ့် အစိုးရက နိုင်ငံစုံဖိုရမ်တွေအပေါ် ယုံကြည််စိတ် နည်းပါးမှုကို ပြသလိုက်ရာလည်း ရောက်ပါတယ်။

ဂျီ-၇ အစည်းအဝေးကို ပြင်သစ်က သဘာပတိမူ ကျင်းပရတဲ့ ဦးစားပေး ရည််ရွယ်ချက်ဟာ မညီမျှမှုတွေကို တိုက်ထုတ်ရေးနဲ့ ဒီမိုကရေစီအားကောင်းခိုင်မာရေးအတွက် ဖြစ်တယ်လို့ လီဒရိန်းက ပြောပါတယ်။

ရုရှားနိုင်ငံဟာ ၂၀၁၄ ခုနှစ်က ယူကရိန်းနိုင်ငံကနေ ခရိုင်းမီီးယားကို ကျူးကျော်သိမ်းပိုက်မှုကြောင့် ဂျီ-၈ အစည်းအဝေးကနေ ထွက်လိုက်ရတာ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေကို ရုရှားက ခြေထိုးတယ်ဆိုတဲ့ စွဲဆိုချက်တွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့ လီဒရိန်းက နှိုးဆော်တိုက်တွန်းပါတယ်။

“ဝန်ကြီးများအနေနဲ့ ဒီဂျစ်တယ််ခေတ်ပြောင်းမှုနဲ့အတူ  ကြားဖြတ်ဝင်ရောက်စွက််ဖက်တာတွေ တိုးများလာတာကို တွန်းလှန်နိုင်မယ့် လမ်းကြောင်း ရှာဖွေသင့်တယ််။”လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လီဒရိန််းက ဆိုပါတယ်။

ရုရှားလိုနိုင်ငံတွေရဲ့ ရွေးကောက်ပွဲကြားဖြတ်မှုတွေကို ဟန့်တားနိုင်မယ့် မဟာဗျူဟာတစ်ရပ်ကို သဘောတူညီမှုရဖို့ လုံ့လထုတ််သင့်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျာရီမီဟန့်က ပြောခဲ့ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required