နယ်စပ်ဖြတ်သန်းခွင့်ရရေး ဆန္ဒပြတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေ အေသင်ဘူတာရုံကို သိမ်းပိုက်

နယ်စပ်ဖြတ်သန်းခွင့်ရရေး ဆန္ဒပြတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေ အေသင်ဘူတာရုံကို သိမ်းပိုက်

အေသင်၊ ဧပြီ ၅ ။           ။ ဂရိနိုင်ငံ အေသင်မြို့တော်က ဘူတာရုံမှာ အခြား ဥရောပနိုင်ငံတွေဆီ ဝင်ရောက်ခွင့်ရရန် နယ်စပ်ဖြတ်သန်းခွင့်ရရေး တောင်းဆိုဆန္ဒပြကြတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေ ဧပြီ ၅ ရက်နေ့မှာ ဘူတာရုံကို စီးနင်းသိမ်းပိုက်လိုက်ကြပါတယ်။

အေသင်မြို့ကနေ မြောက်ပိုင်းကို ဆက်သွယ်ပေးတဲ့ အဓိက အချက်အခြာ လာရစ်ဆစ်ဘူတာရုံကို ဆန္ဒပြ ရွှေ့ပြောင်းသူတွေက ပိတ်ပစ်လိုက်ကြတာ ဖြစ်ပါတယ်။

သာဆာလိုနီကီနားက ဒီယာဗာတာရွှေ့ပြောင်းဝင်ရောက်သူစခန်းမှာလည်း အလားတူဖြစ်ရပ်မြို့ပေါ်ပေါက်ပြီး ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားလို့ နာရီအနည်းငယ်မှာပဲ လာရစ်ဆစ်ဘူတာရုံ သိမ်းပိုက်ခံရမှု ဖြစ်ပွားတာပါ။
အခု အေသင်ဆန္ဒပြမှု ဖြစ်ပွားလာတာဟာ ပြီးခဲ့တဲ့ ရက်တွေမှာ လူမှုမီဒီယာကနေ နှိုးဆော်မှုတွေက ဖြစ်ပွားလာတာလို့ အာဏာပိုင်တွေက ဆိုထားပါတယ်။

မြောက်မာစီဒိုနီးယားနဲ့ အခြားဥရောပနိုင်ငံတွေဆီ ဖြတ်သန်းခွင့်ရအောင် ကူညီပေးမယ်လို့ လူ့အခွင့်အရေးအုပ်စုတွေက ပြောကြောင်း နိုင်ငံခိုလှုံခွင့် ကြိုးစားနေကြတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေက ပြောကြပါတယ်။
ဖြတ်သန်းခွင့်ရရေး ဖြစ်နိုင်မှာ မဟုတ်ကြောင်း အစိုးရရော၊ ကုလသမဂ္ဂအေဂျင်စီကပါ အတိအလင်းပြောထားပါတယ်။

ရွှေ့ပြောင်းဝင်ရောက်သူတွေဟာ ဒုက္ခသည်စခန်းဖြစ်တဲ့ သာဆိုလိုနီကီလို့ အော်ဟစ်ကြသလို ဂျာမနီဆိုပြီးလည်း အော်ဟစ်ကြကြောင်း ဘူတာရုံကို ရောက်ရှိနေတဲ့ အေအက်ဖ်ပီသတင်းထောက်က ဆိုပါတယ်။
ဒီယာဗာတာဒုက္ခသည်စခန်းမှာ ကြာသပတေးနေနဲ့ သောကြာနေ့တွေမှာ ရွှေ့ပြောင်းဒုက္ခသည်တွေနဲ့ အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့ကြား ထိပ်တိုက်တွေ့မှု ဖြစ်ပွားပါတယ်။

ဒီ ဆန္ဒပြမှုတွေဟာ ဥရောပသမဂ္ဂကို သိစေအောင် ရည်ရွယ်ချက်နဲ့ ဆင်နွှဲလာတဲ့ ဆန္ဒပြမှုတွေပဲ ဖြစ်ကြောင်း ရွှေ့ပြောင်းသူများဆိုင်ရာ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required