ဘိုးဘွားများရဲ့ အုတ်ဂူများကို ဂါရဝပြုမှုနေ့ တရုတ် ကျင်းပ

ဘိုးဘွားများရဲ့ အုတ်ဂူများကို ဂါရဝပြုမှုနေ့ တရုတ် ကျင်းပ

ပေကျင်း၊ ဧပြီ ၅ ။        ။ အရှေ့နဲ့ အရှေ့တောင်အာရှတစ်လွှားက တရုတ်လူမျိုးတွေအနေနဲ့ ဘိုးဘွားများရဲ့ အုတ်ဂူများ ဂါရဝပြုနေ့အတွင်း ဧပြီ ၅ ရက်မှာဆိုရင် သူတို့တွေရဲ့ ဘိုးဘွားမိဘတွေကို ဂါရဝပြုဖို့ သချုင်္ိင်းတွေဆီကို လာရောက်ဂါရဝပြုကြပါတယ်

ကျင်မင်း ဒါမှမဟုတ် ချန်မင်းလို့လည်း ခေါ်ဆိုတဲ့ ဒီအထိမ်းအမှတ်ပွဲတော်ဟာ သေဆုံးသူတွေအတွက် အမှတ်တရ ဓလေ့ထုံးစံနေ့တစ်နေ့ဖြစ်ပြီး အစိုးရရုံးပိတ်ရက်လည်း ဖြစ်ပါတယ်။

ဒီနေ့ရက်မှာဆိုရင် တရုတ်လူမျိုးတွေဟာ သူတို့ရဲ့ ချစ်ခင်မြတ်နိုးတဲ့ ဘိုးဘွားမိဘတွေရဲ့ အရိုးပြာအိုးနဲ့ အုတ်ဂူကို သန့်ရှင်းရေး ပြုလုပ်ကြပါတယ်။

တရုတ်မိသားစုတွေဟာ ဘိုးဘွားမိဘတွေရဲ့ အုတ်ဂူတွေမှာ ပန်းတွေ ကျဲတာ၊ ဝတ်ပြုဆုတောင်းတာတွေလည်း လုပ်ဆောင်ကြပါတယ်။

ဟောင်ကောင်မှာ ဒီအထိမ်းအမှတ်ပွဲကို နွေးထွေးတဲ့ နွေဦးရာသီမှာ ပြုလုပ်ကြပါတယ်။ တောင်စောင်းတွေပေါ်က သချိုင်္င်းတွေကို လာရောက်ကြပြီး အုတ်ဂူကျောက်တုံးမှာ အနီရောင်ဆေးခြယ်သကာ အသစ်အသွင် ပြင်ဆင်ပေးကြပါတယ်။
တစ်ချို့သူတွေက ဘိုးဘွားမိဘတွေရဲ့ အုတ်ဂူတွေမှာ အစားအစာ ထားရှိတာ၊ ပိုက်ဆံ၊ အဝတ်အစားနဲ့ ကားစတဲ့ နေ့စဉ် လိုအပ်တဲ့ အရာတွေကို အသွင်တူပြုလုပ်ထားတဲ့ စာရွက်တွေကို မီးရှို့ပေးတာတွေ ပြုလုပ်ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required