ကမ္ဘာ့ ပထမဆုံးသော 5G စမတ်ဖုန်း တောင်ကိုရီးယားမှာ ထုတ်ဖော်

ကမ္ဘာ့ ပထမဆုံးသော 5G စမတ်ဖုန်း တောင်ကိုရီးယားမှာ ထုတ်ဖော်

ဧပြီ ၅ ။ပဥၥမ မျိုးဆက် ဆက်သွယ်ရေးနည်းပညာစနစ် ထည့်သွင်းထားသော ကမ္ဘာ့ ပထမဆုံးသော 5G စမတ်ဖုန်းကို တောင်ကိုရီးယားမှာ ဧပြီ ၅ ရက်က စတင်ထုတ်ဖော်လိုက်ပြီ ဖြစ်ပါတယ်။

ကမ္ဘာ့ ပထမဆုံးသော 5G ဖုန်းဖြစ်တဲ့ Galaxy S10 5G ကို Samsung Electronics က ယင်းနေ့မှာပဲ ထုတ်ဖော်လိုက်တာဖြစ်ပါတယ်။

တောင်ကိုရီယားအစိုးရအနေနဲ့ လက်ရှိမှာ ယင်း 5G နည်းပညာနဲ့ပတ်သက်လို့ ကမ္ဘာ့ဦးဆောင်သူ နေရာ ရရှိဖို့ ကြိုးပမ်းနေတာနဲ့အညီ ယခုလို 5G ဖုန်းတစ်မျိုးကို ထုတ်ဖော်လိုက်ခြင်းလည်း ဖြစ်ပါတယ်။

တောင်ကိုရီးယားရဲ့ မိုဘိုင်းကုမ္ပဏီ သုံးခုဖြစ်တဲ့ SK Telecom ၊ KT နဲ့ LG Plus တို့က ယင်း Galaxy S10 အတွက် ပွဲဦးထွက် မိတ်ဆက်ထုတ်ဖော်မှု အခမ်းအနားတွေကို ဆိုးလ်မြို့မှာ ပြုလုပ်ခဲ့ကြပါတယ်။

ယင်း 5G စနစ် သုံးနိုင်တဲ့ Galaxy S10 ကတော့ အခြေခံ ဗားရှင်းအနေနဲ႔ တန်ဖိုး ဒေါ်လာ ၁,၂၀၀ ကျသင့်မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃ ရက်ကတည်းက တောင်ကိုရီးယားတို့အနေနဲ့ နိုင်ငံအဆင့် 5G ကွန်ရက်ဝန်ဆောင်မှုတွေကို စတင်တဲ့ ကမ္ဘာ့ ပထမဆုံးသော နိုင်ငံ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ပဥၥမမျိုးဆက် ကြိုးမဲ့နည်းပညာရဲ့ ရှေ့ပြေးဖြစ်တဲ့ မြန်နှုန်းလွန် ဆက်သွယ်ရေးစနစ် ဖြစ်တဲ့ 5G ကွန်ရက်ဟာ လက်ရှိ သုံးစွဲနေတဲ့ 4G စနစ်ထက် မြန်နှုန်း အဆ ၂၀ ပိုမြန်ပြီး ဇာတ်ကားတစ်ကားကို ဒေါင်းလုပ်ပြုလုပ်ရန် တစ်စက္ကန့် သာသာလောက်ပဲ ကြာနိုင်တယ်လို့ သိရပါတယ်။ 
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly