ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ဘယ်လ်ဂျီယံက ထိပ်ဆုံး၊ ဗီယက်နမ်က အာဆီယံမှာ ဦးဆောင်နေပြီး မြန်မာအသင်း အဆင့် (၂) ဆင့် လျော့ကျ

ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ဘယ်လ်ဂျီယံက ထိပ်ဆုံး၊ ဗီယက်နမ်က အာဆီယံမှာ ဦးဆောင်နေပြီး မြန်မာအသင်း အဆင့် (၂) ဆင့် လျော့ကျ
Photos: EPA

ကြာပတေးနေ့က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က နောက်ဆုံးထုတ်ပြန်တဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ဘယ်လ်ဂျီယံအသင်းက ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပြီး အာဆီယံဇုန်မှာ ဗီယက်နမ်အသင်းက ထိပ်ဆုံးအဆင့်မှာ ရပ်တည်ပေမယ့် မြန်မာအသင်းကတော့ အဆင့် (၂) ဆင့် လျော့ကျသွားခဲ့ပါတယ်။

ဒုတိယနေရာမှာ ကမ္ဘာ့ချန်ပီယံ ပြင်သစ်၊ တတိယနေရာမှာ ဘရာဇီးလ်တို့ ရပ်တည်နေတာကြောင့် ကမ္ဘာ့အဆင့်ထိပ်ဆုံး ၃ နေရာမှာ အပြောင်းအလဲ မရှိခဲ့ပါဘူး။

အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့လက ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ ချက်နဲ့ မွန်တီနီဂရိုးတို့ကို အနိုင်ရခဲ့တာကြောင့် အဆင့် တစ်ဆင့် တက်လာချိန်မှာ ၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲရောက် ခရိုအေးရှားကတော့ အဆင့်တစ်ဆင့် လျော့ကျသွားပါတယ်။

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်က ထွက်ခွာခဲ့ရပြီး ပြန်လည်တည်ဆောက်နေတဲ့ ဂျာမနီအသင်းဟာလည်း အဆင့် ၃ ဆင့်ထိ တက်လာတာကို တွေ့ရပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့လ ယူရိုခြေစစ်ပွဲမှာ နယ်သာလန်ကို အနိုင်ပြန်ရခဲ့တဲ့အတွက် အဆင့် (၁၃) နေရာထိ ရောက်ရှိလာတာဖြစ်ပါတယ်။

သြစတြီးယားအသင်းဟာ မတ်လက ယူရိုခြေစစ်ပွဲမှာ ပိုလန်နဲ့ အစ္စရေးတို့ကို ရှုံးနိမ့်ပြီးနောက် ဒီအဆင့်သတ်မှတ်ချက်မှာ (၁၁) ဆင့်အထိ အကြီးအကျယ် ကျဆင်းသွားပါတယ်။

အာရှရဲ့ အကောင်းဆုံးအသင်းအဖြစ် အီရန်က ဆက်လက်ရပ်တည်နေခဲ့ပြီး ကမ္ဘာ့ဆင့် ၂၁ မှာ ရှိနေပါတယ်။ ဂျပန် (၂၆)၊ တောင်ကိုရီးယား (၃၇)နဲ့ သြစတြေးလျ (၄၁) တို့ဖြစ်ကြပြီး အီရန်က အာရှရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက် အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

အာဆီယံအဆင့်မှာတော့ ဗီယက်နမ်အသင်းဟာ ကမ္ဘာ့အဆင့် (၈၉) နဲ့ ထိပ်ဆုံးမှာ ဆက်လက်ရှိသလို ကမ္ဘာ့အဆင့် (၁၀၀) အတွင်းကို ဝင်ရောက်သွားနိုင်တဲ့ အသင်းလည်းဖြစ်ပါတယ်။

ထိုင်းအသင်းကတော့ အဆင့်တစ်ဆင်မြင့်တက်ကာ အဆင့် (၁၁၄)၊ စင်္ကာပူက အဆင့် (၅)ဆင့်အထိ တိုးလာမှုနဲ့အတူ အဆင့် (၁၆၀)၊ ဘရူနိုင်းနဲ့ တီမောအသင်းတို့ အဆင့် (၁၉၄)နဲ့ (၁၉၅) တို့မှာ အသီးသီး ရှိခဲ့ကြပါတယ်။

အင်ဒိုနီးရှားအသင်းက (၁၅၉)၊ လာအို (၁၈၄)၊ ဖိလစ်ပိုင် (၁၂၄)နေရာမှာ ရှိနေခဲ့ပြီး မြန်မာအသင်းကလည်း အဆင့်(၂)ဆင့် လျော့ကျခဲ့ပြီး အဆင့် (၁၄၀)မှာ ရှိခဲ့ပါတယ်။ မလေးရှားနဲ့ ကမ္ဘောဒီးယားတို့ကကလည်း အဆင့် (၁၆၈) နဲ့ (၁၇၃)တို့မှာ ရှိနေခဲ့ပါတယ်။

ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက် ထိပ်ဆုံး (၁၀) သင်း

၁။ ဘယ်လ်ဂျီယံ
၂။ ပြင်သစ်
၃။ ဘရာဇီးလ်
၄။ အင်္ဂလန် (+၁)
၅။ ခရိုအေးရှား (-၁)
၆။ ဥရုဂွေး (+၁)
၇။ ပေါ်တူဂီ (-၁)
၈။ ဆွစ်ဇလန်
၉။ စပိန်
၁၀။ ဒိန်းမတ်
....

၁၃။ ဂျာမနီ (+၃)
၁၆။ နယ်သာလန် (-၂)
၃၃။ သြစတြီးယား (-၁၁)

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly