တောင်ကိုရီးယားမှာ မီးအကြီးအကျယ် လောင်ပြီး လူတစ်ဦး သေဆုံး

တောင်ကိုရီးယားမှာ မီးအကြီးအကျယ် လောင်ပြီး လူတစ်ဦး သေဆုံး

ဆိုးလ်၊ မတ် ၅ ။     ။ တောင်ကိုရီးယားနိုင်ငံ ဂိုဆောင်းနယ်စပ်မြို့မှာ ဧပြီ ၄ ရက်က မီးအကြီးအကျယ််လောင်ပြီး လူတစ်ဦး သေဆုံးကာ အိမ်ခြေဒါဇင်များစွာလည်း မီးလောင်ပျက်စီးပါတယ်။

မြောက်ကိုရီးယားနဲ့ နယ်စပ်နားက တောင်ထူထပ်ရာ ဂျန်ဝန်ပြည်နယ်က ဒီမီးလောင်မှုအတွင်း လူပေါင်း ၃၀၀၀ ကျော်ထက်မနည်း နေရပ်စွန့်ခွာရတယ်လို့ ယွန်ဟတ်သတင်းက ဖော်ပြပါတယ်။

လေပြင်းတိုက်ခတ်တာကြောင့် မီးအရှိန်ပိုမိုပြင်းထန်ပြီး နိုင်ငံတစ်ဝန်းက မီးသတ်သမားတွေလည်း မီးလောင်ရာအရပ်ဆီ ရောက်ရှိလာရသလို အမျိုးသားမီးဘေးအေဂျင်စီက အရေးပေါ်အမှုထမ်း ၂၇၀၀ ခန့်ကို စေလွှတ်ထားရပေမယ့် လေပြင်းကြောင့် မီးကို ထိန်းချုပ်ရ ခက်နေပါတယ်။

အာဏာပိုင်တွေက ဒီမီးဘေးကို အမြင့်ဆုံးသတိပေးချက် အဆင့်သုံး ထုတ်ပြန်ထားပြီး မီးငြိှမ်းသတ်နိုင်ရေးအတွက် လိုအပ်သမျှ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်သွားဖို့ သမ္မတ မွန်ဂျေအင်းကိုယ်တိုင်် တာဝန််ရှိသူတွေကို ညွှန်ကြားပြောဆိုထားပါတယ်။

လမ်းမတစ်ခုပေါ်မှာ အမျိုးသားတစ််ဦး သေဆုံးနေတာကို ရဲက တွေ့ရှိတာဖြစ်ပြီး မီးဘေးကြောင့်် သေဆုံးရတာဖြစ်နိုင်ကြောင်း  ယွန်ဟတ်သတင်းက ဖော်ပြပါတယ်။

မီးဘေးအတွင်း အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး သေဆုံးတယ်လို့တော် တာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။

ဒဏ်ရာရသူ ၁၁ ဦး ရှိပြီး သောကြာနေ့မှာ ဦးရေနှုန်းထား ထပ်တိုးလာဖို့့ ရှိနေပါတယ်။ မီးဘေးကြောင့် ပျက်စီးရတဲ့ အိမ်ခြေပေါင်း ၁၂၀ ကျော် ရှိတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required