နယူးဇီလန် ဗလီကျောင်းတိုက်ခိုက်မှုက သေနတ်သမား လူသတ်မှု စွဲချက် ၅၀ နဲ့ အမှုရင်ဆိုင်ရမည်

နယူးဇီလန် ဗလီကျောင်းတိုက်ခိုက်မှုက သေနတ်သမား လူသတ်မှု စွဲချက် ၅၀ နဲ့ အမှုရင်ဆိုင်ရမည်

ဧပြီ ၄ ။    ။  ပြီးခဲ့တဲ့လက နယူးဇီလန်နိုင်ငံ ခရစ်ချာ့ချ်မြို့က ဗလီကျောင်းတိုက်ခိုက်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ သေနတ်သမား အမျိုးသားအနေနဲ့ ယခုသီတင်းပတ်ထဲမှာ တရားရုံး ရုံးထုတ်ချိန်မှာတော့ လူသတ်မှု စွဲချက် ၅၀ နဲ့ ရင်ဆိုင်ရလိမ့်မယ်လို့လည်း နယူးဇီလန် ရဲတပ်ဖွဲ့က ဧပြီ ၄ ရက်မှာ ပြောပါတယ်။

ယင်း ဗလီကျောင်းတိုက်ခိုက်မှုဖြစ်ပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ သေနတ်သမားဖြစ်တဲ့ သြစတြေးလျနိုင်ငံသား ဘရန်တန် တာရန့်ကိုတော့ အစောပိုင်းတုန်းက လူသတ်မှု တစ်မှုနဲ့တည်းပဲ စွဲချက်တင်ထားခဲ့တာဖြစ်ပြီး ယခု လာမယ့် ဧပြီ ၅ ရက် နောက်တစ်ကြိမ် ရုံးချိန်းကျမှ စွဲချက်တွေ ထပ်တိုးမှာဖြစ်တယ်လို့ သိရပါတယ်။

“ ခရစ်ချာ့ချ် မြို့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အဖမ်းခံခဲ့ရတဲ့ အမျိုးသားအနေနဲ့ လာမယ့် သောကြာနေ့ တရားရုံး ရုံးထုတ်လာချိန်မှာတော့ လူသတ်မှုစွဲချက် ၅၀ နဲ့ လူသတ်ဖို့ ကြိုးပမ်းတဲ့ စွဲချက် ၃၉ ခုတို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်” လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

တရားခံလို့ စွပ်စွဲခံထားရတဲ့ တာရန့်အပေါ် အထက်ပါ စွဲချက်တွေအပြင် နောက်ထပ် ထပ်တိုးစွဲချက်တွေလည်း ထပ်တင်ဖို့ စဉ်းစားနေကြောင်းလည်း ထပ်လောင်းပြောဆိုသွားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့လက ဖြစ်ခဲ့တဲ့အဆိုပါ ဗလီကျောင်း သေနတ်ပစ်ခတ်တိုက်ခိုက်မှုမှာတော့ လူပေါင်း ၅၀ အထိ သေဆုံးခဲ့ရတာ ဖြစ်ပြီး ယင်းနိုင်ငံသမိုင်းမှာ အဆိုးဝါးဆုံးသော တိုက်ခိုက်မှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required