ဆေးဖက်ဝင်တဲ့ ပုဏ္ဏရိတ်

ဆေးဖက်ဝင်တဲ့ ပုဏ္ဏရိတ်

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ခြံစည်းရိုးပင်အနေနဲ့အစိုက်များကြတဲ့ ပန်းသေးသေးလေးတွေပွင့်ကြတဲ့ ပုဏ္ဏရိတ်ကို ငယ်ငယ်ကတည်းကမြင်ဖူးကြမှာပါ။ ခူးပြီးတော့ ပန်းကုံးလှလှလေးလုပ်ပြီး ဆော့ခဲ့သေးတယ်ဟုတ်။ ပုဏ္ဏရိတ်သီးလေးတွေ စားဖူးတဲ့သူတောင်ရှိမှာပါနော်။ ဒီအပင်လေးက ဆော့လို့ကောင်းရုံသက်သက်မဟုတ်သလို ကြည့်လို့လှတယ်ဆိုတာထက်လည်း ပိုပါတယ်နော်။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ ပုဏ္ဏရိတ်ပင်လေးတွေက ဆေးဖက်ဝင်တာကြောင့်ပါ။
ပုဏ္ဏရိတ် ဆိုတာ

ပန်းပွင့်နီနီလေးတွေ၊ ပန်းရောင်လေးတွေပွင့်တတ်တဲ့ အပင်ငယ်တစ်မျိုးပေါ့။ အစုလိုက်ပေါက်တတ်ကြပါတယ်။ ချုံပင်တစ်မျိုးဖြစ်ပြီး များသောအားဖြင့်ကတော့ ခြံစညး်ရိုးအနေနဲ့ ရွာဘက်တွေမှာစိုက်ကြတာများပါတယ်။ အရွက်ခပ်ထူထူလေးနဲ့ ကြည့်ရတာ စိမ်းစိမ်းစိိုစိုရှိပါတယ်။ အပူပိုင်းမှာတောင်ပေါက်ရောက်နိုင်ပါတယ်။
ပုဏ္ဏရိတ်ရဲ့ ကျန်းမာရေးအာနိသင်

အလှစိုက်ထားလေ့ရှိတဲ့ ပုဏ္ဏရိတ်ပန်းလေးတွေက အခုလိုကျန်းမာရေးအကျိုးကျေးဇူးလေးတွေပေးစွမ်းနိုင်ပါတယ်။

တီဘီရောဂါအတွက်အသုံးပြုနိုင်ပါတယ်

တီဘီရောဂါဆိုတာက ကိုယ်တွင်းမှာဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ချောင်းဆိုးလိုက်တဲ့အခါ သွေးပါတာမျိုးတွေ့ရနိုင်ပါတယ်။ တီဘီရောဂါဖြစ်ပြီဆိုရင် ချက်ချင်းကုသမှုခံယူဖို့လိုပါတယ်နော်။ တီဘီရောဂါက မကုသဘဲထားမယ်ဆိုရင် အသက်အန္တရာယ်ထိခိုက်စေနိုင်ပါတယ်။  တီဘီရောဂါက လေထဲကနေတဆင့်ကူးစက်တာပါ။ တီဘီရောဂါကို ဆေးဝါးတွေနဲ့ကုသတာက အထိရောက်ဆုံးပါ။ ဒါပေမယ့် သဘာဝဆေးအနေနဲ့ကတော့ ပုဏ္ဏရိတ်ပင်ကို သုံးလို့ရပါတယ်နော်။

သွေးတိုးသက်သာစေနိုင်တယ်

အသက်အရွယ်ရလာတဲ့ လူတော်တေ်ာများများမှာတွေ့ရတဲ့ ရောဂါတစ်ခုပေါ့။ သွေးတိုးတာကြောင့် ခေါင်းကိုက်တာဖြစ်နိုင်သလို တစ်နေ့တာအလုပ်တွေကိ မလုပ်နိုင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ သွေးတိုးကရေရှည်မှာ နှလုံးကိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတိုးရှိသူတွေအနေနဲ့ ပုဏ္ဏရိတ်ရွက်ကို သုံးလို့ရပါတယ်နော်။

အနာကျက်စေနိုင်တယ်

ပုဏ္ဏရိတ်အရွက်မှာ အနာကျက်စေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ပုဏ္ဏရိတ်ပင်ရဲ့ သဘာဝဓာတ်ပေါင်းတွေက အနာကို မြန်မြန်ကျက်စေဖို့ လှုံ့ဆော်ပေးပါတယ်။ အနာအတွက် ပုဏ္ဏရိတ်ရွက်ကို သုံးမယ်ဆိုရင်တော့ ရေကိုသန့်စင်အောင်ဆေးဖို့ပြောပါရစေနော်။ မလိုအပ်ဘဲ အနာပိုးဝင်တာမျိုးမဖြစ်စေဖို့ပါ။

ခန္ဓာကိုယ်နာကျင်တာကို သက်သာစေနိုင်ပါတယ်

ခန္ဓာကိုယ်မှာ နာကျင်ကိုက်ခဲတာတွေကို သက်သာစေဖို့ ဆေးမသောက်ချင်ဘူးဆိုသူတွေအတွက် သဘာဝနည်းလမ်းကောင်းတစ်ခုရှိပါတယ်။ ဒါကတော့ ပုဏ္ဏရိတ်ရွက်ပြုတ်ရည်ကို နာကျင်ကိုက်ခဲမှုတွေအတွက် အသုံးပြုလို့ရတယ်ဆိုတာပါ။ ဆေးတွေကိုကြောက်တဲ့သူတွေအတွက် အသုံးတည့်မှာပါ။

လိပ်ခေါင်းသက်သာစေနိုင်တယ်

လိပ်ခေါင်းဖြစ်တာက ထိုင်ရထရခက်တဲ့ဝေဒနာတစ်ခုပါ။ ထိုင်နေစဉ်မှာ မသက်မသာခံစားရသလို ဝမ်းသွားတဲ့အခါမှာလည်း တော်တေ်ာလည်း နေရခက်ပါတယ်။ ပြင်းထန်တဲ့အခြေအနေမျိုးမှာ သွေးထွက်တာမျိုးဖြစ်နိုင်ပါတယ်။ အရမ်းပြင်းထန်တဲ့အနေအထားမျိုးမှာ ခွဲစိတ်ကုသတာမျိုးအထိ ဖြစ်နိုင်ပါတယ်။ ဒီပြဿနာကိုဖြေရှင်းပေးနိုင်မယ့် သဘာဝဆေးဖက်ဝင်အပင်တစ်ခုကတော့ ပုဏ္ဏရိတ်ပန်းပါ။ အရမ်းမပြင်းထန်သေးတဲ့ လိပ်ခေါင်းပြဿနာကို ပုဏ္ဏရိတ်ပန်းက ထိထိရောက်ရောက်ဖြေရှင်းပေးနိုင်ပါတယ်။

ဝမ်းကိုက်သက်သာစေနိုင်တယ်

ဝမ်းကိုက်သက်သာစေဖို့အတွက်လည်း ပုဏ္ဏရိတ်ပန်းကို အသုံးပြုလို့ရပါတယ်။ ပုဏ္ဏရိတ်ပင်မှာ ရောဂါတွေကို သက်သာစေနိုင်တဲ့ သဘာဝဓာတ်ပေါင်းတွေပါဝင်နေတာကြောင့် ဝမ်းကိုက်တာကိုလည်း သက်သာစေနိုင်ပါတယ်။

ရာသီသွေးမှန်စေနိုင်တယ်
 လေဒီလေးတွေကျန်းမာဖို့အတွက်က ရာသီသွေးမှန်ဖို့လည်းလိုအပ်ပါတယ်။ ရာသီသွေးပုံမှန်ဆင်းမှာ အသားအရေကစလို့ တစ်ကိုယ်လုံးကျန်းမာမှာပါ။ ဘေဘီလေးလိုချင်တဲ့ လေဒီတို့အတွက်လည်း အဆင်ပြေစေမှာပါ။ ဒါကြောင့် လေဒီတိုင်းအတွက်အရေးပါတဲ့ ရာသီသွေးမှန်စေဖို့ဆိုရင် ပုဏ္ဏရိတ်ပန်းကို အသုံးပြုပေးလို့ရပါတယ်။
ခြေသလုံးတွေ ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်
အကိုက်အခဲပျောက်စေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ခြေသလုံးကြွက်သားတွေနာကျင်ကိုက်ခဲနေတာကို အမြန်ဆုံးနဲ့ အထိရောက်ဆုံးသက်သာစေနိုင်မှာပါ။ ကြွက်သားတွေကိုပြေလျော့စေပြီး နာကျင်ကိုက်ခဲမှုကို သက်သာစေမှာပါ။
ငယ်ငယ်ကဆော့ခဲ့တဲ့ ပုဏ္ဏရိတ်ပင်လေးက အပေါ်မှာပြောခဲ့သလိုလေးတွေလည်း ဆေးဖက်ဝင်ပါသေးတယ်နော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly