ရှောက်ရွက်လေးအကြောင်း သိကောင်းစရာ

ရှောက်ရွက်လေးအကြောင်း သိကောင်းစရာ

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

ထိုင်းအစားအစာတွေတိုင်းလိုလိုမှာတွေ့ရတတ်တဲ့ အမွှေးအကြိုင်တစ်ခုပါ။ တို့ဟူးသုပ်၊ ငါးဖယ်သုပ်၊ကင်းမွန်သုပ်တွေထဲထည့်စားရင်လည်း အနံ့အရသာပြည့်စုံစေတဲ့ ဟင်းခတ်အမွှေးအကြိုင်လေးပေါ့။ တို့စားရင်လည်းမွှေးမွှေးလေးနဲ့ ခံတွင်းရှင်းပါသေးတယ်နော်။ ရှောက်ရွက်ရဲ့ အသုံးတည့်မှုက ဒီလောက်ပဲလား။ ဒီထက်မကတဲ့ ကျန်းမာရေးအကျိုးထူးတွေပိုင်ဆိုင်ထားတဲ့ ရှောက်ရွက်လေးအကြောင်း နည်းနည်းလောက်  ဆွေးနွေးကြရအောင်လား။
ရှောက်ရွက်မှာဘာတွေပါလဲ

ရှောက်ရွက်မှာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ ဗီတာမင် C၊ ရှောက်မျိုးနွယ်ဝင်အပင်တွေမှာ ပါတဲ့ ဗီတာမင် တစ်မျိုးဖြစ်တဲ့ ဗီတာမင် Pတို့အဓိကပါဝင်နေပါတယ်။
ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်တာလဲ

ရှောက်ရွက်က ဖလေဗာနွိုက်ကြွယ်ဝစွာပါဝင်နေတာကြောင့် နှလုံးရောဂါနဲ့ ကင်ဆာဝေဒနာခံစားနေရသူတွေအတွက် သင့်တော်ပါတယ်။  အစားများလို့ မအီမသာဖြစ်တာ၊ ပင်ပန်းနုံးချိတာ၊ အော့အန်တာ၊ ဗိုက်မကောင်းတာတွေအတွက်လည်း ရှောက်ရွက်ကို ရေစင်စင်လေးဆေးပြီး ဝါးစားလိုက်ရုံပါ။ ဝမ်းသွားနေသူေွအနေနဲ့ ရှောက်ရွက်နုနုလေးကိုဝါးစားပေးလို့ရသလို ရှောက်ရွက်ပြုတ်ရည်သောက်ပေးလို့လည်းရပါတယ်။ အနာတွေ၊ ပြတ်ရှဒဏ်ရာတွေ အနာစိမ်းတွေဖြစ်တဲ့အခါမှာလည်း အနာကိုပိုးဝင်ကူးစက်တာမျိုးမဖြစ်စေဖို့ ရှောက်ရွက်ကိုရေစင်အောင်ဆေးပြီး သတ္တုရည်ကို စွတ်ပေးလို့ရပါတယ်။ အဆစ်အမြစ်တွေရောင်တာ၊ အကြောအခြင်တွေရောင်ရမ်းနာကျင်တာကိုလည်း သက်သာစေနိုင်ပါသေးတယ်။ သွေးကြောတွေကို ကျန်းမာစေပြီး ကိုယ်ခံအားစနစ်ကိုလည်း ကျန်းမာစေနို်င်ပါတယ်။

အာရုံကြောတွေကျန်းမာစေဖို့ အသုံးပြုလို့ရသလို၊သွေးတိုးတာ၊ အစာခြေစနစ်မှာဖြစ်တဲ့အနာတွေကို သက်သာစေဖို့ အတွက်လည်း အသုံးပြုလို့ရပါတယ်။ ညဘက်အိပ်မပျော်သူတွေအတွက်လည်း အစွမ်းထက်တဲ့သဘာဝဆေးတစ်မျိုးပါ။ အအေးမိတာ၊ အစာမကြေတာ၊ဝမ်းချုပ်တာ၊ ပန်းနာရင်ကြပ်ခံစားနေရတာ၊လေပြွန်ရောင်ရမ်းတာ၊ အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါခံစားနေရတာ၊ ဗီတာမင် C ချို့တဲ့မှုတွေကို သက်သာစေနိုင်ပါတယ်။ စိတ်ငြိမ်စေပြီး အာရုံကြောတွေကို ကျန်းမာစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။

ခေါင်းကိုက်တာ၊ ခေါင်းတစ်ခြမ်းကိုက်တာခံစားနေရမယ်ဆိုရင်တော့ ရှောက်ရွက်ကို ရေနွေးဆူဆူထဲမှာ ၁၀ မိနစ်လောက်စိမ်ပြီး ရလာတဲ့ အရည်ကို သောက်ပေးပါ။ နေ့စဉ် နှစ်ခွက်ပုံမှန်သောက်ပေးမယ်ဆိုရင် ခေါင်းကိုက်တာ သက်သာသွားမှပြါ။ ပန်းနာရင်ကြပ်ရှိသူတွေအနေနဲ့လည်း ရှောက်ရွက်ကို ဆေးဖြစ်ဝါးဖြစ်စားပေးသင့်ပါတယ်။

ဒီလောက်ဆိုရင်တော့ ရှောက်ရွက်လေးက ဟင်းလျာတွေကိုပဲ အနံ့အရသာပြည့်စုံစေတာလား၊ ကျန်းမာရေးကိုပါ အထောက်အကူပြုလားဆိုတာကို သဲသဲကွဲကွဲသိလောက်မယ်ထင်ပါတယ်နော်။ ရှောက်ရွက်နုနုလေးတွေကို ကျန်းမာရေးအတွက် စားလိုက်ကြရအောင်လား…….

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly