ဘန်ကောက်မြို့ နေရာ ၁၁ နေရာ ရေကြီးမှုဖြစ်နေ

ဘန်ကောက်မြို့ နေရာ ၁၁ နေရာ ရေကြီးမှုဖြစ်နေ

ထိုင်းနိုင်ငံ ဘန်ကောက်တွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေရာ နေရာ ၁၁ နေရာတွင် ရေကြီးမှုများဖြစ်နေပြီး ပြည်နယ် ၃၂ ပြည်နယ်တွင် မိုးကြီးခြင်းအတွက် ရေကြီးမှုများ၊ မြေပြိုမှုများဖြစ်ပေါ်နိုင်၍ အောက်တိုဘာ ၄ ရက်မှ ၆ ရက်အထိအတွက် သတိပေးချက်များ ထုတ်ပြန်ထားရသည်။

အောက်တိုဘာ ၃ ရက်တွင် မြို့တော် ဘန်ကောက်ရှိနေရာ ၁၁ နေရာတွင် ရေကြီးမှုများဖြစ်ပေါ်နေသည်ဟု ဘန်ကောက်မြို့တော် စီမံခန့်ခွဲရေး BMA မှ ရေဘေးကာကွယ်ရေးဌာနက ထုတ်ပြန်သည်။ ရေက ၁၅ စင်တီမီတာမှ ၂၀ စင်တီမီတာအထိ မြင့်တက်ကြောင်း ယင်းဌာနက ပြောသည်။

BMA အလုပ်သမားများက ယင်းရေဘေးသင့်ရာ နယ်မြေများတွင် ရေများစီးဆင်းသွာအောင် ပင်ပင်ပန်းပန်း လုပ်ဆောင်နေရသည်။

ယင်းအချိန်တွင် မိုးလေဝသဌာနကလည်း အပူပိုင်းမုန်တိုင်း Mujigae က တောင်တရုတ်ပင်လယ်တွင် တိုက်ခတ်လျက်ရှိပြီး အနောက်မြောက်အနောက်သို့ တစ်နာရီလျှင် ၁၈ ကီလိုမီတာလေတိုက်နှုန်းဖြင့် ရွှေ့လျားနေကြောင်း ပြောသည်။

ယင်းမုန်တိုင်းက ဟန်နန်ကျွန်းကိုဖြတ်ကာ အောက်တိုဘာ ၄ရက်နှင့် ၅ ရက်တို့တွင် ဗီယက်နမ်အထက်ပိုင်းသို့ ဝင်ရောက်နိုင်ကြောင်း ခန့်မှန်းပြီး ထိုင်းနိုင်ငံသည် အောက်တိုဘာ ၄ ရက်နှင့် ၆ ရက်ကြားတွင် မုန်တိုင်းဒဏ်ကို ခံရဖွယ်ရှိသည်ဟု ပြောကြားထားသည်။

Ref: Bangkok Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required