ပြင်သစ်တွင် လေပြင်းမုန်တိုင်းတိုက်ပြီး ရေကြီးကာ လူ ၁၃ ဦးသေဆုံး

ပြင်သစ်တွင် လေပြင်းမုန်တိုင်းတိုက်ပြီး ရေကြီးကာ လူ ၁၃ ဦးသေဆုံး

ပြင်သစ်နိုင်ငံတောင်ပိုင်းတွင် လေပြင်းမုန်တိုင်းတိုက်ခတ်ပြီး ရေကြီးမှုကြောင့် သေဆုံးသူ ၁၃ ဦးရှိပြီး လျှပ်စစ်မီးများ ပြတ်တောက်ကာ ခရီးသွားလာမှုများလည်း ကတိမ်းကပါးဖြစ်နေကြောင်း တာဝန်ရှိသူများက ပြောသည်။ ရေကြီးနေသည့် အန်တီဘီမြို့အနီးရှိ အိမ်တွင် အသက်ကြီးပိုင်းသုံးဦး ရေနစ်သေဆုံးခြင်းဖြစ်သည်ဟု ဆိုသည်။ အခြားငါးဦးက ခိုလှုံရာအောက်သို့ ကားပါကင်သွင်းစဉ် ပိတ်မိကာ သေဆုံးကြခြင်းဖြစ်သည်။ ကယ်ဆယ်ရေးများ လုပ်ဆောင်နေသူများနှင့် နိုင်ငံသားများ စုစုစည်းစည်း ကိုယ်ထူကိုယ်ထ လုပ်ကိုင်နေကြခြင်းအတွက် သမ္မတ ဖရန့်စွာအော်လန်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ အဓိကက ကားလမ်းမတစ်ခုအား ပိတ်ထားရပြီး ရထားများခရီးစဉ်များလည်း ပျက်ကာ ကမ္ဘာလှည့်ခရီးသည်များလည်း ခိုလှုံရာအတွက် ရှာဖွေနေရလျက်ရှိသည်။ လျှပ်စစ်မီးပြတ်တောက်နေသည့် အိမ်ခြေပေါင်းမှာ ၃၅၀၀၀ ကျော်ထက်မနည်းရှိသည်။ Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly