အောက်တိုဘာ ၁၅ရက်တွင် အပစ်ရပ်လက်မှတ်ထိုးမည်

အောက်တိုဘာ ၁၅ရက်တွင် အပစ်ရပ်လက်မှတ်ထိုးမည်

အောက်တိုဘာ ၁၅ရက်တွင် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ကို တိုင်းရင်းသားအဖွဲ့ ၇ဖွဲ့ နှင့် အစိုးရတို့ နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ ၂ (MICC 2)တွင် လက်မှတ်ရေးထိုးမည်ဟု MPC အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက ပြောသည်။

ယင်းအပြင် အပစ်ရပ်လက်မှတိထိုးပွဲကျင်းပရေးပူးတွဲအဖွဲ့ကိုလည်း တစ်ဖက် ၁၀ဦးစီဖြင့် ဖွဲ့စည်းရန် အောက်တိုဘာ ၄ရက်တွင် ရန်ကုန်မြို့ MPC တွင် သဘောတူညီခဲ့သည်။

NCA လက်မှတ်ကို ကရင်အဖွဲ့အစည်းသုံးဖွဲ့ဖြစ်သည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA -PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တို့ ၇ဖွဲ့က လက်မှတ်ရေးထိုးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly