ရော်နယ်လ်ဒိုကို သတိရမိတယ်လို့ ပြောကြားလိုက်တဲ့ မက်ဆီ

ရော်နယ်လ်ဒိုကို သတိရမိတယ်လို့ ပြောကြားလိုက်တဲ့ မက်ဆီ

လီယွန်နယ်မက်ဆီက ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ လာလီဂါကို ဂုဏ်သိက္ခာ ကြီးမားအောင် လုပ်ဆောင်ပေးခဲ့တာကြောင့် ပြိုင်ဘက် ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူးဟောင်းနဲ့ ရင်ဆိုင်ရတာကို သတိရမိတယ်လို့ ထုတ်ဖော်ပြောကြားသွားပါတယ်။

စီရော်နယ်လ်ဒိုဟာ ၅ နှစ်အတွင်း ချန်ပီယံလိဂ်ဖလား ၄ ကြိမ်အထိ ဆွတ်းခူနိုင်အောင် ရီးယဲလ်ကို ကူညီပေးခဲ့ပြီးနောက်မှာတော့ ဇူလိုင်လက ကလပ်အသင်းမှ ထွက်ခွာပြီး စီးရီးအေ ဘီလူး ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ အက်သလက်တီကိုဘက် ဟက်ထရစ်သွင်းယူမှုနဲ့အတူ ဥရောပရဲ့ ထိပ်တန်းပြိုင်ပွဲတွေအတွက် သူ့ရဲ့ အကောင်းဆုံး ပုံစံကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။

ရီးယဲလ်အသင်းဟာ ရော်နယ်လ်ဒို ထွက်ခွာခဲ့ပြီးနောက် ရလဒ်တွေပါ ယိမ်းယိုင်ခဲ့ရာ လာလီဂါဦးဆောင်သူ ဘာကာရဲ့နောက် ၁၂ မှတ် အကွာမှာ ရှိနေပြီး မက်ဆီကတော့ လာလီဂါမှာ ရော်နယ်လ်ဒိုနဲ့ ယှဉ်ပြိုင်ရတာကို သတိရမိတယ်လို့ ပြောဆိုလာခဲ့ပါတယ်။

"ကျနော် ခရစ္စတီယာနိုကို သတိရမိပါတယ်။"လို့ မက်ဆီက အာဂျင်တီးနားရေဒီယိုလိုင်းတစ်ခုဖြစ်တဲ့ FM Club 947 က တဆင့် ပြောခဲ့ပါတယ်။ "သူ ဆုဖလားတွေနဲ့ အောင်ပွဲခံတာကို မြင်ရတာက နည်းနည်းတော့ ခက်ခဲခဲ့ပေမယ့်လည်း သူဟာ လာလီဂါဂုဏ်သိက္ခာကို မြှင့်တင်ပေးခဲ့ပါတယ်။"

"ဂျူဗီတပ်စ်အနေနဲ့ ခရစ္စတီယာနို ရောက်ရှိပြီးနောက်ပိုင်း ချန်ပီယံလိဂ်ဖလားကို ရရှိဖို့ ပိုပြီး အခွင့်အလမ်းကောင်းသွားပါတယ်။ အက်သလက်တီကိုနဲ့ ရင်ဆိုင်ရတဲ့ပွဲမှာဆိုရင် သူက အသင်းကို ယုံကြည့်မှုတွေ အများကြီး ရှိစေခဲ့ပါတယ်။"

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ဟာ အကြီးကျယ်ဆုံး ကစားသမားတွေထဲက နှစ်ဦးလို့ ဆိုထားပေမယ့် ဘာစီလိုနာ အသင်းခေါင်းဆောင်က အသင်းဖော် ဆွာရက်ဇ်ကိုလည်း အကောင်းဆုံးကစားသမားထဲက တစ်ဦးအဖြစ် စဉ်းစားသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။

"တခြားလူတွေကိုလည်း ကျနော် မမေ့ထားလိုပါဘူး။ ဒါပေမယ့် နေမာ၊ အမ်ဘာပေ၊ ဟာဇက်၊ ဆွာရက်ဇ်နဲ့ အဂူရိုတို့ဆိုလည်း အကောင်းဆုံးတွေဖြစ်တယ်လို့ ထင်ပါတယ်။ ခရစ္စတီယာနိုကိုတော့ ကျနော် ထည့်မပြောတော့ပါဘူး။ ဘာလို့လဲဆိုတော့ ကျနော်နဲ့အတူ သူ့ကို ဒီစာရင်းထဲကနေ ကျနော် ဖယ်ထားလို့ပါ။"  

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly