အစ္စရေးနှစ်ဦး အသတ်ခံရ၍ ပါလက်စတိုင်းတို့အား ဂျေရုဆလင်မြို့ဟောင်းသို့ ဝင်ခွင့်မပေး

အစ္စရေးနှစ်ဦး အသတ်ခံရ၍ ပါလက်စတိုင်းတို့အား ဂျေရုဆလင်မြို့ဟောင်းသို့ ဝင်ခွင့်မပေး

ဂျေရုဆလင်တွင် သီးခြားတိုက်ခိုက်မှုများဖြစ်ရာတွင် ပါလက်စတိုင်းတို့ လက်ချက်ဖြင့် အစ္စရေးနှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရခဲ့ပြီး အစ္စရေးရဲများက ပါလက်စတိုင်းများအား ပစ်သတ်လိုက်ရသည်။

လက်ရှိတွင် ရဲများက အရှေ့ဂျေရုဆင်မှ ပါလက်စတိုင်းများအား ဂျေရုဆလင်မြို့ဟောင်းသို့ ဝင်ခွင့် နှစ်ရက် ပိတ်ထားသည်။

ယခုတိုက်ခိုက်မှုများသည် အနောက်ဖက်ကမ်း၌ အစ္စရေးစုံတွဲ ပစ်သတ်ခံရပြီး နှစ်ရက်အကြာ ဖြစ်ပွားလာခြင်းဖြစ်သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက လုံခြုံရေးတာဝန်ရှိသူများနှင့် အရေးပေါ်အစည်းအဝေးကို အောက်တိုဘာ ၄ ရက်တွင် ပြုလုပ်ခဲ့သည်။

ယခုတားမြစ်ချက်က မြို့ဟောင်းတွင် နေထိုင်ခြင်းမရှိဘဲ ပါလက်စတိုင်းများ ဝင်ရောက်လာခြင်း ပြုလုပ်နိုင်တော့မည်မဟုတ်ပေ။ သို့သော် အစ္စရေးများ၊ ဒေသတွင်း စီးပွားရေးလုပ်ငန်းပိုင်ရှင်များနှင့် ကျောင်းသားကျောင်းသူများကိုမှု ဝင်ရောက်ခွင့်ပေးထားသည်။

ပထမတိုက်ခိုက်မှုမှာ ဂျုးဥပုသ်အပြီးတွင် မြို့ဟောင်းမှ လိုင်းယင်းဂိတ်အနီးတွင် ပါလက်စတိုင်းတစ်ဦးက ဓားဖြင့်လိုက်ခုတ်ခြင်းဖြစ်သည်။ al-Aqsa ဗလီအနီးဖြတ်သွားဖြတ်လာ လသားအရွယ်ကလေးငယ်တစ်ဦးနှင့် အစ္စရေးလင်မယားစုံတွဲကို ဓားဖြင့် ခုတ်ခြင်းဖြစ်သည်။ ထိုမိသားစုအား တိုက်ခိုက်ပြီးနောက် နောက်အခြားအစ္စရေးတစ်ဦးကိုပါ တိုက်ခိုက်ခြင်းဖြစ်သည်။ တိုက်ခိုက်မှုအတွင်း အမျိုးသားနှစ်ဦးလုံးသေဆုံးကာ မိန်းမဖြစ်သူနှင့် ကလေးငယ်ဖြစ်သူတို့မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသည်။

ဒုတိယတိုက်ခိုက်မှုမှာလည်း ဓားဖြင့်ပင် တိုက်ခိုက်ခံရခြင်းဖြစ်သည်။ ပါလက်စတိုင်းတစ်ဦးက အနောက်ဂျေရုဆလင်တွင် အစ္စရေးဆယ်ကျော်သက်လေးတစ်ဦးအား ဓားဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်ကြသူနှစ်ဦးစလုံးကို ရဲက ပစ်သတ်ခဲ့ရသည်။

Ref:BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required