မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာရှ ယူ-၂၃ ဘော်လီဘောပြိုင်ပွဲ အုပ်စုပွဲများ ထွက်ပေါ်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာရှ ယူ-၂၃ ဘော်လီဘောပြိုင်ပွဲ အုပ်စုပွဲများ ထွက်ပေါ်
 ဓာတ်ပုံ-မြန်မာနို်င်ငံဘောလီဘောအဖွဲ့ချုပ်

ရန်ကုန်၊ မတ်လ ၂၈ ။            ။ မြန်မာနိုင်ငံက ဒုတိယအကြိမ်  အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှ ၂၃ နှစ်အောက် အမျိုးသား ဘော်လီ ဘောပြိုင်ပွဲကို လာမည့် သြဂုတ်လ ၃ ရက်နေ႔မှ ၁၁ နေ့အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစား ရုံတွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလီဘောအဖွဲ့ချုပ်မှ သိရသည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု က တွင် သြစတြေးလျ၊သီရိလင်္ကာ၊ အရှေ့အာရှဇုန်မှ တစ်သင်း (ပောာင်ကောင်၊မကာအို) တို ့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အုပ်စု(ခ)တွင် ကာဇက်စတန် ၊ ဗီယက်နမ် ၊ အနောက် အာရှဇုန်မှ တစ်သင်း(ဘာရိန်း၊ဆော်ဒီ၊ပါလက်စတိုင်း၊ ကာတာ၊ကူဝိတ်၊အီရတ်၊ယူအေအီး၊ဂျပန် အသင်းတို့ ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ထို့အပြင် အုပ်စု(ဂ)၌ တရုတ်(တိုင်ပေ)၊ပါကစ္စတတန် ၊ အနောက်အာရှဇုန် မှ နှစ်သင်း(ဘာရိန်း၊ ဆော်ဒီ၊ ပါလက်စတိုင်း၊ကာတာ၊ ကူဝိတ်၊ အီရတ်၊ယူအေအီး )နှင့် အုပ်စု(ဃ) တွင် တရုတ်၊ နယူးဇီလန်၊ ထိုင်း၊ အလယ် အာရှဇုန် မှ အိန္ဒိယ ၊ တာ့ခ်မင်နစ္စတန်  တို႔ ပါဝင်လျက်ရှိသည်။

အဆိုပါပြိုင်ပွဲကို အသင်း ၁၆ သင်းက ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး လေးသင်း အုပ်စု ခွဲကာ ကျင်းပသွား မှဖြစ်ကြောင်း လက်ရှိချိန်တွင် နောက်ဆုံးအဆင့် ဝင်ရောက်ယှဉ်ပြိုင်ရန် အသင်း ၅ သင်း ကျန်ရှိနေပြီး  လက်ရည်စစ်ပွဲ ကစားပြီး မှာသာ အနောက်အာရှဇုန်မှ ၃ သင်း ၊ အရှေ့အာရှဇုန် မှ ၁ သင်း နှင့် အလယ်ပိုင်းဇုန် မှ ၁ သင်း တို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဟု သိရသည်။

အာရှ ဘောလီဘောပြိုင်ပွဲကို ၂ နှစ်တစ်ကြိမ် ကျင်းပနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်အနေဖြင့် ၂၀၁၅ ခုနှစ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကာ အဆင့် (၅) နေရာ ရရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly