စည်ပင်ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း ကိုအောင်ခန့်

စည်ပင်ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း ကိုအောင်ခန့်

မင်္ဂလာပါ မဇ္ဈိမပရိသတ်များရှင့် ။ ကျွန်မတို့ အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ Mizzima Exclusive Interview အစီအစဉ်ကနေ ကြိုဆိုပါတယ်ရှင့်။   ယခု တွေ့ဆုံမေးမြန်းမယ့် သူကတော့ စည်ပင်ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း ကိုအောင်ခန့် ဖြစ်ပါတယ်။

{စည်ပင်ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း ကိုအောင်ခန့်ဟာ ဘယ်သူလဲ ၊ ဘာလို့ဝင်ပြိုင်တာလဲ၊ စည်ပင်ရွေးကောက်ပွဲနဲ့ပတ်သက်တာတွေကို အပိုင်း(၁)မှာ ဆွေးနွေးထားတာ ဖြစ်ပါတယ်။}

မေး။ ။   ကိုအောင်ခန့်အနေနဲ့ စည်ပင်ရွေးကောက်ပွဲကို ဘယ်လိုဝင်ပြိုင်ဖြစ်သွားတာလဲ၊ စည်ပင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦးရှင့်။

ဖြေ။ ။ ဒီနေ့ကျွန်တော့်ကို ဖိတ်ခေါ်ပေးတာလည်း ကျေးဇူးပါခင်ဗျား၊ ကျွန်တော်ကတော့ ငယ်ရွယ်စဉ် ဘဝတည်းကပေါ့နော်၊ ရန်ကုန်မှာပဲကြီး ရန်ကုန်မှာပဲနေတာဆိုတော့ ဒီမှာ ကျွန်တော်ရဲ့ ပညာရေးနဲ့ရော နိုင်ငံရေးနဲ့ရော အမြဲတမ်း ငယ်ငယ်ကတည်းက နိုင်ငံရေးလုပ်ဖို့ ကျွန်တော်က အစီအစဉ်ရှိခဲ့တယ်။ သင်ယူခဲ့တဲ့အခါမှာလည်း ကျွန်တော်သွားသင်တယ်၊ နိုင်ငံရေးသိပ္ပံနဲ့ပဲ ကျွန်တော်သင်ခဲ့ပါတယ်။ မိဘနှစ်ပါးကလည်း နိုင်ငံရေးနဲ့နီးစပ်နေတာကျတော့ ကျွန်တော်ကတော့ ငယ်ငယ်ကတည်းက ဒါကို စိတ်ဝင်စားပြီးတော့ နိုင်ငံကိုကူညီချင်တဲ့စိတ်ဓာတ်က ငယ်ငယ်တည်းက ရှိတာပေါ့နော်။ ရန်ကုန်မှာမွေး ရန်ကုန်မှာကြီးဆိုတာကျတော့ ရန်ကုန်မှာ ခဏခဏကျွန်တော် ငယ်ငယ်ကတည်းက ကြုံတွေ့တာကတော့ ရေလျှံတဲ့ကိစ္စပေါ့နော်၊ မိုးရေလာရင် ရေလျှံတဲ့ကိစ္စ၊ မိုးတွင်းထဲမှာ ရေလျှံတာကအဆန်း မဖြစ်သင့်ပါဘူး။ နှစ်တိုင်း ဒီအချိန်ဒီကာလမှာ မိုးရေလာမယ်၊ မိုးရွှာမယ်ဆိုတာ အားလုံးသိတဲ့ဟာကို သိရဲ့သားနဲ့ပေါ့့နော်၊ နှစ်တိုင်းနီးပါကိုပဲ ကျွန်တော်တို့ ဒုက္ခတွေခံရတယ်၊ ရေလျှံလို့ ကျွန်တော်တို့ လမ်းသွားလမ်းလာလူတွေကို အခက်အခဲဖြစ်တယ်၊ နောက် ကားတွေပိတ်တယ်၊ ရေလျှံလို့ လမ်းတွေ ပျက်စီးမှုတွေ ဖြစ်တယ်။ နောက် ရေလျှံလို့ပဲ ရေထဲကနေ ဓာတ်လိုက်မိသွားရင် ကျွန်တော်တို့ အသက်အန္တရာယ်တွေလည်း စိုးရိမ်ရတယ်၊ မနှစ်က ဆိုလို့ရှိရင်လည်း သေဆုံးခဲ့တဲ့ ကလေးတွေရှိတယ်၊ နှစ်တိုင်းနီးပါးပါပဲ ကျွန်တော်တို့တွေ့ရတယ်။ အဲ့ဒီလို တွေ့ရတဲ့ပြဿနာကို ကျွန်တော် ဖြေရှင်းချင်တဲ့ဆန္ဒရှိတော့ ငယ်စဉ်ဘဝထဲက ကျွန်တော် ဒီဟာကို တစ်နေ့ကျရင်ပေါ့နော်၊ ကျွန်တော်ဒါကို အပြတ်ရှင်းချင်တဲ့ စိတ်ဓာတ်ရှိတော့ ဒီရေလျှံတဲ့ကိစ္စတင် မဟုတ်ပါဘူး၊ ရန်ကုန်က ကိစ္စပြဿနာပေါင်းကလည်း အများကြီးဆိုတော့ မြို့ကလည်းကြီးတော့ ကျွန်တော် ဒီဟာတွေအားလုံးကိုပေါ့နော်၊ အရင်းအမြစ်ကိုလိုက်ပြီး အရင်းအမြစ်ကို ပြင်ချင်တဲ့စိတ် ရှိတဲ့အတွက် စာသွားသင်တဲ့ခေတ်မှာလည်း other planning ပေါ့နော်၊ မြို့ပြကြီးကြပ်ရေးနဲ့ ကျွန်တော် စာသွားသင်ခဲ့မိပါတယ်။ master ဘွဲ့အထိပေါ့။ ကံကောင်းစွာနဲ့ အဲ့ဒါကို ကျွန်တော် စာသင်စရိတ်ရခဲ့တော့ ကျွန်တော် ဒါကို ကျွန်တော်သင်လိုက်နိုင်ပါတယ်။ သင်ပြီးတဲ့နောက်မှာလည်း ကျွန်တော် ရန်ကုန်မြို့ကို ပြန်ရောက်ကတည်းကပေါ့နော် ၊ မြို့ပြအဖွဲ့အစည်းမှာလည်း ကျွန်တော်လုပ်ခဲ့ပါတယ်၊ အဓိကကတော့ ကျွန်တော်လုပ်ခဲ့ဖူးတာ ဆိုလို့ရှိရင် မြေနီကုန်း ခုံးကျော်တံတာပေါ့နော်၊ အောက်က အပန်းဖြေတဲ့နေရာလေးပေါ့။ ရန်ကုန်မှာ ဒီလိုမျိုး အရင်တုန်းကဆိုရင်တော့ ကျွန်တော််တို့ လမ်းသွားလမ်းလာတွေပေါ့နော်၊ ကားသိပ်အန္တရာယ်မရှိဘဲနဲ့ အပန်းဖြေလို့ရတဲ့ နားတဲ့နေရာ ရှိတဲ့နေရာ အခု ကားတွေများလာတော့လည်း လူတွေလည်း များလာတော့လည်း နေရာပျောက်လာတာပေါ၊့ နေရာနည်းလာတော့ ကျွန်တော် ဒါလေးကို နေရာပြန်ဖော်ပေးတဲ့အနေနဲ့ ကျွန်တော်လုပ်ခဲ့တယ်ပေါ့နော်၊ ဒါကလည်း pilot project တစ်ခုပါပဲ။ နောက်အဓိကတော့လည်း ကျွန်တော်ငယ်ငယ်တုန်းကဆိုရင် လူငယ်တွေအနေနဲ့ အားကစားပေါ့နော်၊ ဘောလုံးကန်လို့ရတယ်။ လမ်းမပေါ်မှာ အပန်းဖြေလို့ရတယ်ဆိုတော့ ကျွန်တော် အဲ့ဒီနေရာလေးပြန်ရှာတဲ့တစ်ခုပါ ၊ ဒီဟာလည်း သူ့ရဲ့အခက်အခဲတွေရှိပါတယ်။ အားလုံးလည်း သိကြမှာပါ။ အပင်တွေဆိုလို့ရှိရင်လည်း တော်တော်ခက်ခဲထိန်းသိမ်းရတာ အခုထိတောင်မရှိသေးဘူးဆိုတော့ ကျွန်တော် နောက်မြို့ပြအဖွဲ့အစည်းမှာပဲ ဆိုလို့ရှိရင်လည်း မြို့ပြနဲ့ ပတ်သက်ဖို့ကတော့ပေါ့နော် ၊ လမ်းသွားလမ်းလာ transportation ပေါ့၊ သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် လုပ်ခဲ့ဖူးတာတော့ grab taxi company မှာ ကျွန်တော်လုပ်ရင်းနဲ့ပေါ့နော် သွားရလာရလူတွေ လွယ်ကူအောင် ဖုန်းကနေ တန်းခေါ်လို့ရအောင် ဈေးစကားမပြောရအောင် နောက်ပြီး စိတ်ချလက်ချရှိအောင် အိမ်ကို ဘယ်ချိန်နဲ့ပြန်ပြန် ဘယ်နှစ်နာရီနဲ့ပြန်ပြန် ပစ္စည်းမေ့ကျန်ခဲ့တာပဲဖြစ်ဖြစ် စိတ်မချလို့လမ်းသွားရတာတို့ပေါ့နော် စိတ်မချလို့ တစ်ယောက်ယောက်ကို ကိုယ့်ရဲ့ ကိုယ်သွားနေတဲ့ဟာကို share ထားပြီးတော့ emergency ရှိအောင် accountablity ရှိအောင်ပေါ့နော်၊ ပြန်လိုက်လို့ရအောင် ကျွန်တော်တို့ technology နဲ့ ကျွန်တော်ဖန်တီးထားတဲ့ အဖွဲ့အစည်းလေးဆိုတော့ ကျွန်တော် အဲ့ဒါကို ဝမ်းမြောက်စွာ ကျွန်တော်လုပ်ခဲ့ပါတယ်။ နောက် ဒါကလည်း သူ့ရဲ့ ပြဿနာရှိတာပေါ့။ ခုံးတံတားလိုပဲပေါ့နော် သူ့ပြဿနာနဲ့သူရှိတာပေါ့ အခုဆိုရင်တော့ ဈေးတွေများတယ်၊ ရာခိုင်နှုန်း ၂၀ တွေဖြစ်နေပြီဆိုတော့ ဒါကတော့ စီးပွားရေးရာ ပြဿနာရှိပါတယ်။ နောက် ကျွန်တော့်အနေနဲ့ နောက်ဆုံး အခုလုပ်နေတာ ကတော့ urbanized ဆိုတဲ့ မြို့ပြအဖွဲ့အစည်းလေးမှာ ကျွန်တော် တိုင်းဒေသကြီးအစိုးရတွေနဲ့ပေါ့နော်၊ ရန်ကုန်ရော အခြား တိုင်းဒေသကြီးအစိုးရတွေနဲ့ပူးပေါင်းပြီးတော့ ကျွန်တော် အကြံပေးအဖွဲ့ တစ်ခုထောင်ထားပါတယ်ခင်ဗျား။ အဲ့ဒီအတွက် ကျွန်တော့်အနေနဲ့ ဒီမှာဝင်ပြိုင်ရတယ်ဆိုတာမှာ မေးတဲ့အတိုင်းဆိုရင်တော့ ကျွန်တော့်အနေနဲ့ တော်တော် logical ဆန်တယ်လို့လည်း ထင်တယ် ခင်ဗျာ။ အဓိက ဆိုရင် ကျွန်တော် အနေနဲ့ ဒါဟာ လုပ်သင့်တယ်၊ အချိန်သင့်ပြီ၊ နောက် နေရာလည်း မှန်တယ်ဆိုပြီး ကျွန်တော်ဝင်ပြိုင်ခဲ့တာပါ။

မေး။ ။ ခုနက ကိုအောင်ခန့်ပြောသွားတဲ့အထဲမှာပါတယ်ပေါ့နော်၊ ငယ်ငယ်လေးကတည်းက နိုင်ငံရေးကို စိတ်ဝင်စားတယ်၊ ဒါကို လုပ်ခဲ့မယ်ဆိုတဲ့အခါကျတော့ ကိုအောင်ခန့်အနေနဲ့ ဘယ်အရွယ်လောက် ကတည်းက ဒီဟာနဲ့ ပတ်သက်ပြီး စတင်စဉ်းစားခဲ့လဲ၊ ကိုအောင်ခန့်ရဲ့ အသက်ကလည်း နည်းနည်းငယ်သေးတယ်ဆိုတော့လေ။

ဖြေ။ ။ အသက်ငယ်တယ်လို့သာမေးကြတယ်ဗျ ။ ဒါပေမယ့် ကျွန်တော်တို့ သမိုင်းမှာဆိုလို့ရှိရင် အသက်ငယ်တဲ့ထဲကပဲပေါ့နော်၊ ဦးဆောင်သွားပြီးတော့ တော်လှန်ရေးခေတ်ပဲကြည့်ကြည့်၊ ၁၉၈၈ ပဲကြည့်ကြည့်၊ လူငယ်ထဲကပဲ ဦးဆောင်သွားပြီးတော့ ပြောင်းလဲမှုကို ကျွန်တော်တို့ တောင်းဆိုခဲ့တယ်။ ပြောင်းလဲမှုကိုပဲ အနာခံပြီးတော့ကို လုပ်ခဲ့တဲ့ဟာကို ကျွန်တော်မြင်ခဲ့တော့ ဒါကတော့ ကျွန်တော် ကျောင်းတက်တဲ့ဘဝကတည်းက ကျွန်တော်ဆန္ဒရှိပါတယ်၊ ပြောင်းလဲချင်တဲ့ဆန္ဒဆိုတာလည်း လူငယ်တွေက ကျွန်တော်တို့အနေနဲ့ ဒီမှာက လူငယ်ဆိုတဲ့အတိုင်းပေါ့နော် ဒီမှာအများကြီး လူကြီးလိုမျိုး ကျွန်တော်တို့ နေရာမရတာတွေရှိတာပေါ့၊ လူကြီးရဲ့အသားရတဲ့နေရာတွေ ကျွန်တော်တို့က မရဘူး၊ ကျွန်တော်တို့ သွားရလာရလည်း ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော် ညနေအိမ်ပြန်တယ် ဆိုလို့ရှိရင်လည်း လူကြီးဆို စိတ်မပူဘူး လူငယ်ဆိုရင်စိတ်ပူတယ်။ အဲ့ဒီတော့ လူငယ်တွေရဲ့ ပြဿနာတွေ လူငယ်ရဲ့ danger တွေ၊ လူငယ်တွေရဲ့အန္တရာယ်တွေက အများကြီးပဲပေါ့နော်။ အဲ့ဒီအတွက် ကျွန်တော်ကတော့ ဒီဟာကို ငယ်ငယ်အရွယ်တည်းက ဒီဟာကို လုပ်ဖို့လည်း ဆန္ဒရှိတယ်၊ လုပ်လည်း လုပ်ခဲ့တယ်။ ၂၀၁၁ လောက်ကတည်းက ကျွန်တော် Bachelor ဘွဲ့ ပေါ့နော်၊ အဲ့ဒီတုန်းကတော့ နိုင်ငံရေးသိပ္ပံနဲ့ ကျွန်တော် စပြီး စသင်ယူကတည်းကပေါ့နော်။ ကျွန်တော် ပထမနှစ်ပါပဲ တစ်နှစ်ပဲရှိသေးတယ်၊ ကျွန်တော်စာသင်တာကို အပြင်မှာ ရန်ကုန်ပြန်ရောက်တဲ့အချိန်မှာ  နွေရာသီ ကာလလေးကို ကျွန်တော် ဒီမှာအသုံးချချင်တယ်ဆိုတာကတော့ အဲ့ဒီတုန်းကတော့ ၈၈ ကျောင်းသားရေးရာ ခေါင်းဆောင်အဖွဲ့အစည်းမှာပေါ့နော်။ အဲ့ဒီမှာ ကျွန်တော်သင်တန်းတွေ ပေးခဲ့ပါတယ်၊ အဲ့ဒီတုန်းကတော့ ပွင့်လင်း opean society ပေါ့နော်။ အဲ့ဒီမှာ ကျွန်တော်တို့ လုပ်ခဲ့တာကတော့ တတ်လာတဲ့ အတတ်ပညာလေးကိုပဲ ကျွန်တော်အနေနဲ့ ပြန်ပြီး share ချင်တယ်၊ ပြန်ပြီးတော့ ဒီမှာ ကိုယ်တတ်သလောက် မှတ်သလောက်ပေါ့နော်၊ ကျွန်တော်လည်း တစ်နှစ်တာရှိသွားတော့ အဲ့ဒီနှစ်တုန်းကဆို ၁၈ နှစ်ပဲရှိသေးတယ်။ ၁၈နှစ်အနေနဲ့ ကျွန်တော်ပြန်သင်ရတဲ့လူတွေက ကျွန်တော်တစ်သက်လောက် ထောင်ထဲမှာကျခဲ့ဖူးတဲ့နေ့ကို ကျွန်တော်ပြန်် share ရတာပါ ၊ အဲ့ဒီတော့ ကျွန်တော်အနေနဲ့ကတော့ အပြင်က ရလာတဲ့ဗဟုသုတ အတတ်ပညာ၊အသိပညာကို အကုန်ပြန်ရှယ်ချင်တယ်။ နောက်ပြီးတော့ ဒီဖက်ကပေါ့နော်၊ ကျွန်တော့်ထက််အများကြီးကို အသက်ကြီးတဲ့လူတွေနဲ့ ကျွန်တော်ပူးပေါင်းပြီးလုပ်ချင်တယ်ဆိုတဲ့ ဆန္ဒကတော့ ငယ်ငယ်ကတည်းက ရှိပါတယ်။

မေး။ ။ ဒီစည်ပင်ရွေးကောက်ပွဲ ပြိုင်တဲ့အခါမှာ နိုင်ငံရေးပါတီတွေကလည်း ပါလာကြတယ်၊ အဲ့ဒီအခါကျတော့ ကိုအောင်ခန့်တို့အနေနဲ့ ယှဉ်ပြိုင်ရတဲ့အပေါ်မှာရော ဘယ်လိုမျိုး challenge  တွေရှိလဲ။တစ်သီးပုဂ္ဂလ အနေနဲ့ဆိုတော့လေ။

ဖြေ။ ။ ကျွန်တော် တစ်သီးပုဂ္ဂလအနေနဲ့တက်တာလည်း အကြောင်းရှိပါတယ်။ ကျွန်တော်ကတော့ ဒါဟာ ရွေးကောက်ပွဲအနေနဲ့မှာ ပြည်သူလူထုရဲ့ interest ကိုပဲ ကြည့်ရမယ်၊ မြို့သားတွေရဲ့ interest ကိုပဲ ကြည့်ရမယ်၊ ဘယ်သူ့ interest ကိုမှ မကြည့်ရဘူးလို့ ကျွန်တော် ခိုင်ခိုင်မာမာယုံကြည်ပါတယ်။ နောက် ဒီနိုင်ငံရေးပါတီတွေ ပါလာတယ်ဆိုတာလည်း နောက်ပိုင်းမှာတော့ပေါ့နော်၊ ဒါကြေညာတာလည်း နဲနဲနောက်ကျတယ်လို့ ကျွန်တော် သိရတယ်၊ နောက် ကျွန်တော်အနေနဲ့ အခက်အခဲကတော့ဗျာ အခက်အခဲတွေမဟုတ်ပါဘူးပေါ့နော် challenge  လို့ပဲပြောရမလား မဟုတ်ရင် ကျွန်တော် မြင်တွေ့တာပဲပြောမလားပေါ့နော်၊ ဒီဖက်မှာ နောက်ပိုင်းမှာ ပါလာတယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ တစ်သီးပုဂ္ဂလရွေးတယ်ဆိုတာ တစ်နေရာပဲ ကျွန်တော်တို့ ရွေးခွင့်ရှိတယ်၊ အခုနိုင်ငံရေးပါတီအနေနဲ့ ဆိုင်းဘုတ်ပဲထောင်ထောင် ဘယ်နားပဲထောင်ထောင် ကျွန်တော်တွေ့ဖူးတာဆိုလို့ရှိရင် လေးယောက်။ လေးယောက်အမြဲတမ်းထောင်ကြတယ်ပေါ့နော်။ ကျွန်တော်အနေနဲ့ ကော်မတီဝင်တဲ့ လူတွေထဲမှာဆိုရင် ဒီမှာ ၁၂မြို့နယ်ရှိတယ်၊ အဲ့ဒီတော့ ၁၂ မြို့နယ်မှာ ကျွန်တော်က ၁၂ မြို့နယ်လုံးမှာ ကျွန်တော် ဆိုင်းဘုတ်တစ်ခုပဲထောင်တယ်ဆိုရင်တောင်မှ တစ်ယောက်တစ်ပုံပဲရှိမှာပေါ့နော်။ ဒါပေမယ့် ဟိုမှာကကျတော့ အဖွဲ့အစည်းနဲ့ဖြစ်တဲ့အတွက် ၁၂ မြို့နယ်မှာလည်း ရှိတယ်၊ ကော်မတီအဆင့်မှာပေါ့နော်၊ ကော်မတီအဆင့်မှာလည်း ဝင်ပြိုင်ခွင့်ရှိတယ်၊ မြို့နယ်အဆင့်မှာလည်း ၁၂ခုရှိတယ်ဆိုတဲ့အခါကျတော့ သုံးယောက်အလီ ၁၂ဆိုရင် ၃၆ယောက်ဖြစ်နေပြီလေ၊ နောက်ဒီထဲမှာ ကျွန်တော်နောက်တစ်ယောက်ပါပါတယ် ဆိုတော့ ၃ရပေါ့နော်။ အဲ့ဒီတော့ ဒီဟာကိုတော့ ကျွန်တော်တို့က သတိထားမိတာပေါ့နော်၊ အဲ့ဒါကိုလည်း analysis  လုပ်တာနည်းတယ်လို့လည်း ထင်ပါတယ်။ ဒီနိုင်ငံရေးပါတီဝင်တွေ ဝင်ပြိုင်ခွင့် ပေးလိုက်တဲ့ထဲမှာ ဆိုလို့ရှိရင်လည်း ဒီဟာတွေကို သေသေချာချာလူတွေနဲ့ ထိတွေ့ကြည့်ပြီးတော့ ကြေညာသင့်တယ်။ နောက် ဘာလို့ဒီဟာတွေကို ဆုံးဖြတ်ခဲ့တယ်။ ဆုံးဖြတ်တဲ့လူကရော ဒါကို ဘယ်လိုတာဝန်ယူမှု ကတော့ မျှမျှတတဖြစ်အောင် ဘယ်လိုုလုပ်မလဲဆိုတာ ကျွန်တော်တို့  အဲ့ဒီလောက် Information ရလိုက်တယ်လို့တော့ သိပ်မထင်ပါဘူး။ ဒါပေမယ့်လည်း ဆုံးဖြတ်တဲ့လူတွေမှာ သူတို့အကြောင်းရှိ်တယ်လို့ပဲ ကျွန်တော်ထင်ပါတယ် သူတို့လည်း သိကြမှာပါ။ ကျွန်တော့်အနေနဲ့ တစ်ခုပြောချင်တာကတော့ ပြည်သူလူထုကို ကျွန်တော်ယုံကြည်ပါတယ်။ ဘာလို့လည်း ဆိုလို့ရှိရင် အခုရွေးချယ်မယ့်လူကလည်း ပညာတတ်လား လုပ်နိုင်လား နှစ်ခုပဲကြည့်မယ်လို့ ကျွန်တော်ထင်တယ်။ ပုဂ္ဂိုလ်စွဲတွေ နိုင်ငံရေးအစွဲတွေနဲ့ ကြည့်ပြီးတော့ ရွေးချယ်မယ်လို့ မထင်ဘူး၊ ဘာလို့လဲ ဆိုလို့ရှိရင် ဒီဟာက နိုင်ငံရေးကိစ္စမဟုတ်ဘူး၊ မြို့ပြကိစ္စဖြစ်တယ်။ မြို့ကို ဘယ်လိုပြုပြင်ရမလဲဆိုတဲ့ မြို့ပြကိစ္စဖြစ်တယ်။ နိုင်ငံကိုတောင်မှ မလုပ်သေးဘူး ၊ ကျွန်တော်တို့ မြို့လောက်နဲ့ပဲ ကြည့်မယ်ဆိုရင်တောင်မှ ဒီမှာမြို့ကို ဘယ်လိုပြုပြင်မလဲဆိုတဲ့ဟာမှာ အသိပညာ၊အတတ်ပညာရှိလား လုပ်ခဲ့ဖူးလား၊ ဘယ်လောက်လုပ်နိုင်လဲ၊ နောက်ပြီးတော့ ဘာအိုင်ဒီယာတွေ ရှိလဲပေါ့နော်။ ဘယ်လိုဆောင်ရွက်မလဲပေါ့။ အဲ့ဒါတွေကိုပဲ ကြည့်ပြီးတော့ ကျွန်တော်ရွေးချယ်မယ်လို့ ကျွန်တော်ထင်ပါတယ်။  ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly