နှစ်နိုင်ငံတင်းမာနေချိန် အမေရိကန် ကောင်စစ်ဝန်ရုံး ဝန်ထမ်းကို တူရကီက သူလျှိုမှုနဲ့ စစ်ဆေးကြားနာ

နှစ်နိုင်ငံတင်းမာနေချိန် အမေရိကန် ကောင်စစ်ဝန်ရုံး ဝန်ထမ်းကို တူရကီက သူလျှိုမှုနဲ့ စစ်ဆေးကြားနာ

အစ္စတန်ဘူလ်၊ မတ် ၂၇ ။        ။ တူရကီတရားရုံးတစ်ရုံးဟာ အမေရိကန် ကောင်စစ်ဝန်ရုံး ဝန်ထမ်းတစ်ဦးကို သူလျှိုမှုနဲ့ အစိုးရကို ဖြုတ်ချရန် ကြိုးစားမှုတွေနဲ့ အင်္ဂါနေ့မှာ စစ်ဆေးကြားနာမှုကို စတင်ပါတယ်။

ဒီလို ကောင်စစ်ဝန်ရုံး ဝန်ထမ်းကို သူလျှိုမှုနဲ့ စစ်ဆေးကြားနာတာဟာ အမေရိကန်နဲ့ ၎င်းရဲ့ နေတိုးမဟာမိတ် တူရကီကြားက တင်းမာမှုရေချိန်ကို ပိုပြီးမြင့်မားစေတဲ့ အရေးကိစ္စတွေထဲက တစ်ရပ်ပဲ ဖြစ်ပါတယ်။

တူရီနိုင်ငံသားဖြစ်ပြီး အမေရိကန် မူးယစ်ဆေးဝါး အာဏာပိုင်အဖွဲ့ရဲ့ ဆက်ဆံရေးအရာရှိဖြစ်တဲ့ မီတင်တော့ပက်ဇ်ကို ၂၀၁၇ ခုနှစ်အတွင်းက ဖမ်းဆီးထားခဲ့တာပါ။

မီတင်တော့ပက်ဇ်ဟာ တူရကီမှာ ၂၀၁၆ က  အရေးနိမ့်ခဲ့တဲ့ အာဏာသိမ်းမှုကို အမိန့်ပေးခဲ့တဲ့ အမေရိကန်အခြေစိုက် ဘာသာရေးဆရာ ဂူလန်နဲ့ ဆက်သွယ်မှုရှိတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တာပါ။

ဆီးရီးယား စစ်ပွဲမှာ သဘောတူမျှမှု မရှိခြင်း၊ ရုရှားဒုံးကျည်တွေကို တူရကီက ဝယ်ယူခြင်းနဲ့ ဂူလန်ကို တရားခံလွှဲပြောင်းပေးအပ်ဖို့ အမေရိကန်က ငြင်းဆန်ခြင်း စတဲ့ အရေးကိစ္စရပ်တွေကြောင့် တူရကီနဲ့ အမေရိကန်ကြား ဆက်ဆံရေး ဆိုးဝါးနေချိန်မှာ အခု ကြားနာမှုကို လုပ်ဆောင်လာတာပဲ ဖြစ်ပါတယ်။

အစ္စတန်ဘူလ်က ကာဂလေယန်တရားရုံးမှာ မီတင်တော့ပက်ဇ်ကို ပထမဆုံးကြားနာမှုဟာ သုံးရက်လောက်အထိ လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။
တကယ်လို့ သူလျှိုမှုရယ်၊ အစိုးရ ပြုတ်ကျအောင် လျှို့ဝှက်ကြံစည်မှုရယ်နဲ့ အပြစ်ရှိကြောင်း တွေ့ရှိရင်တော့ မီတင်တော့ပက်ဇ်အနေနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရနိုင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly