China Cup ပြိုင်ပွဲမှာ ဥရုဂွေးအသင်း နှစ်နှစ်ဆက် ဗိုလ်စွဲ

China Cup ပြိုင်ပွဲမှာ ဥရုဂွေးအသင်း နှစ်နှစ်ဆက် ဗိုလ်စွဲ
Photos: EPA

China Cup ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်မှာ ဥရုဂွေးအသင်းဟာ ထိုင်းအသင်းကို ၄-၀ ဂိုးနဲ့ ဂိုးပြတ်နိုင်ပြီး နှစ်နှစ်ဆက်တိုက် ဆုဖလားကို ဆွတ်ခူးသွားခဲ့တယ်လို့ သိရပါတယ်။

ဥရုဂွေးအသင်းအတွက် ဂိုးတွေကိုတော့ မာတီရက်စ် ဗာစီနာ၊ ဂတ်စတွန် ပါရဲယို၊ စတူအာနီ၊ မက်စီ ဂိုမက်ဇ်တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။

China Cup ပြိုင်ပွဲကို တရုတ်နိုင်ငံမှာ ကျင်းပခဲ့တာဖြစ်ပြီး ပြိုင်ပွဲကို ၂၀၁၇ ခုနှစ်မှ စကာ ၄ နိုင်ငံဖိတ်ခေါ်ပြိုင်အသွင်အဖြစ် ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။

ယခုနှစ်ပြိုင်ပွဲမှာ အိမ်ရှင် တရုတ်အသင်းနဲ့အတူ ဥရုဂွေး၊ ဥဇဘတ်ကစ္စတန်၊ ထိုင်းအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

တတိယနေရာလုပွဲမှာတော့ ဥဇဘက်ကစ္စတန်က တရုတ်အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က တရုတ်အသင်းဟာ သူတို့ရဲ့ အဖွင့်ပွဲမှာ ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် အိမ်ရှင်တရုတ်ပရိသတ်တွေက ဆန္ဒပြခဲ့ကြပြီး တတိယနေရာလုပွဲမှာလည်း တရုတ်အသင်း ထပ်မံ ရှုံးနိမ့်တာကြောင့် နောက်ထပ် စိတ်ပျက်ဖွယ်ရာ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags