ရေရှားတဲ့ နွေမှာ မသန့်ရှင်းတဲ့ရေကြောင့် ရောဂါတွေမဖြစ်စေဖို့

ရေရှားတဲ့ နွေမှာ မသန့်ရှင်းတဲ့ရေကြောင့် ရောဂါတွေမဖြစ်စေဖို့

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

အဟမ်း….. အဟမ်း…. ရာသီဥတုကြေညာချက်လေးထုတ်ပြန်ပါရစေ။ အခုဆိုရင်ဖြင့် ပူပြင်းတဲ့နွေရာသီကိုရောက်လာပါပြီနော်။ နွေရာသီမှာ အပူချိန်မြင့်တာကတော့ လူတိုင်းသိပြီးသားပါနော်။ နွေပူပြင်းမှုနဲ့အတူ ထပ်ခံစားရနိုင်တာက ရေရှားတာလေနော်။ မြစ်ချောင်းအင်းအိုင်တွေ ပေါပါတယ်ဆိုတဲ့ မြန်မာနိုင်ငံကြီးမှာ  ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့်ရေရှားပါးလာပြီဖြစ်သလို ရာသီဥတုမမှန်တာကြောင့်လည်း ရေပြတ်လပ်မှုတွေခံစားကြရပါတယ်။
ရေအသက် တစ်မနက်ပါ

ရေအသက် တစ်မနက်ပါနော်။ ရေက ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်ကို ရေနဲ့ဖွဲ့စည်းထားတာပါ။ ရေလုံလောက်စွာရပါမှ ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာပါ။ ရေကခန္ဓာကိုယ်အပူချိန်ကို ပုံမှန်ဖြစ်အောင်ထိန်းညှိပေးပြီး အဆစ်တွေကို လှုပ်ရှားမှုကောင်းစေပါတယ်။ ဆီး၊ဝမ်းနဲ့ချွေးကနေတဆင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကိုဖယ်ရှားပေးတာကလည်း သောက်သုံးရေပါနော်။
ရေလုံလောက်အောင်မရရင် ဘာဖြစ်မလဲ

ရေလုံလာက်အောင်မသောက်တဲ့အခါ

    ရေဓာတ်ခမ်းခြောက်တာ
    ကြွက်သားတွေအားနည်းတာ
    ကြွက်တက်တာ
    အပူရှပ်တာ နဲ့
    အပူငုပ်တာ တို့ဖြစ်နိုင်ပါတယ်။

ဒါတွေကြောင့်ရေဓာတ်ဆုံးရှုံးနိုင်ပါတယ်နော်

ခန္ဓာကိုယ်ကနေလုပ်တဲ့လုပ်န်းစဉ်တော်တေ်ာများများကို အဓိကပံ့ပိုးထားသူက ရေဓာတ်ပေါ့။ လှုပ်ရှားမှုတိုင်းမှာ ရေဓာတ်ဆုံးရှုံးနိုင်ခြေကလည်းတော်တေ်ာလေးများပါတယ်နော်။

    ဆီးသွားတာ
    ချွေးထွက်တာ
    ဝမ်းလျှောတာ
    ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှုတွေလုပ်တဲ့အခါမျိုး
    ဖျားနာတဲ့အခါ
    အော့အန်တဲ့အခါမျိုးမှာ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးနိုင်ပါတယ်။

တစ်နေ့တာအတွက် ရေလိုအပ်ချက်

လူတစ်ယောက် ကျန်းမာနေဖို့ တစ်နေ့တာမှာ ရေ ၈ ခွက်သောက်ပေးဖို့လိုပါတယ်။ ဒါက အခြေခံသတ်မျတ်ချက်ပေါ့။ အတိအကျပြောပြရရသ် အမျိုးသမီးတွေက နေ့စဉ် ရေ ၈ ခွက်ကနေ ၁၁ ခွက် (၉၁ အောင်စ) သောက်သုံးဖို့လိုအပ်ပါတယ်။ အမျိုးသားတွေကတော့ နေ့စဉ် ရေ ၁၅ ခွက် (၁၂၅ အောင်စ)သောက်ဖို့လိုအပ်ပါမယ်။ မဖြစ်မနေသိထားရမှာက သောက်လိုက်တဲ့ရေတိုင်းဟာ သန့်စင်ဖိုပပါနော်။
ရေမသန့်ရင်ဘာဖြစ်မလဲ

ရေသန့်တယ်လို့တင်စားဖို့ကတော့ ရေက အရောင်အဆင်းအနံ့အရသာကင်းရမယ်ဆိုတာ ငယ်ငယ်ကတည်းကသင်ခဲ့ရတာပါနော်။ ရေသန့်ဖို့ကမဖြစ်မနေလိုအပ်တာပါ။ သောက်ရေက ရေသန့်ဖြစ်ရမယ်ဆိုလို့ ရေသန့်ဗူးတွေကိုမဖြစ်မနေသောက်ရမယ်လို့ပြောနေတာမဟုတ်ပါဘူး။ ရေကိုစနစ်တကျသန့်စင်သောက်သုံးဖို့တိုက်တွန်းချင်တာပါ။ ရေကသန့်ရှင်းမှုအားနည်းတဲ့အခါ

    ဝမ်းပျက်ဝမ်းလျှောဖြစ်တာ
    အော့အန်တာ
    ဖျားနာတာ နဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတော်တေ်ာများများကိုခံစားရနိုင်ပါတယ်။

ရေကိုဘယ်လိုသန့်စင်ရမလဲ

သန့်ရှင်းတဲ့သောက်သုံးရေဖြစ်ဖို့ ဒီနည်းလေးတွေက အဆင်ပြေစေမှာပါ။ ရေတော့ရှိပါရဲ့ သောက်ဖို့အတွက် မသန့်ဘူးဆိုရင် ဒီနည်းလေးသုံးပြီး သန့်စင်လိုက်ပါနော်။

ရေကိုကျိုချက်လို့သောက်ပါ

သန့်စင်တဲ့ရေအရင်းအမြစ်မရှိဘူးဆိုရင် ရေကိုကျိုချက်သောက်ရမယ်ဆိုတာက တော်တေ်ာများများတော့သိထားပြီးသားပါ။ ရေထဲမှာပါနေတဲ့ မျက်စိနဲ့မမြင်ရတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားဖို့အတွက် ရေကို ပိတ်စပါးပါးလေး ဒါမှမဟုတ် ရေစစ်နဲ့စစ်ပြီး ရေနွေးဆပွက်ပွက်ဆူတဲ့အထိတည်ပေးပါနော်။ ပြီးရင်တော့ အအေးခံပြီးသောက်လို့ရပါတယ်။
 ကျောက်ချဉ်သုံးပါ
ရေကို ညသိပ်ထားပြီး ကျောက်ချဉ်စိမ်ပေးပါ။ ကျောက်ချဉ် က ပိုတက်ဆီယမ်ကျောက်ချဉ်ဖြစ်ဖို့တော့လိုပါမယ်နော်။ ရေပမာဏကိုလိုက်ပြီး ကျောက်ချဉ်ထည့်ရတဲ့ ပမာဏကလည်း ကွာပါမယ်နော်။ ရေသန့်စေတဲ့ သဘာဝနည်းလမ်းတစ်ခုပါ။
မီးသွေးသုံးမယ်
ရေသန့်စေဖို့အတွက် ကျောက်မီးသွေး၊ သဲသန့်သန့်၊ တို့ကိုသုံးပြီးရေစစ်လို့ရပါတယ်။ ခွက်အလွတ်တစ်ခုထဲမှာ သဲတစ်ထပ်၊ မီးသွေးတစ်ထက်ထည့်ပြီး အောက်ဘက်မှာ အပေါက်လေးတွေဖောက်ပေးပါ။ ပြီးရင် အောက်မှာ ခွက်အသန့်တစ်ခုခံလို့ ရေတွေကို ဖြည်းဖြည်းချင်းလောင်းချပေးပါ။ တစိမ့်စိမ့်နဲ့စစ်ထားလေ ရေကသန့်လေလေပါနော်။ ပြီးရင်တော့ ရေကို ပြန်စစ်ဖို့ မမေ့ပါနဲ့။
ကျောက်စရစ်သုံးမယ်
ကျောက်စရစ်ခဲလေးတွေ က ရေစစ်ဖို့အတွက် အသုံးဝင်ပါတယ်။ ကျောက်စရစ်နဲ့ သဲသန့်သန့်လေးတို့ကိုသုံးပြီး ခွက်တစ်ခုထဲမှာ တစ်ထပ်စီထည့်ပြီး ခွက်အောက်ဘက်မှာ အပေါက်လေးတွေဖောက်ပေးပါ။ ပြီးရင်အောက်ဘက်မှာ ခွက်အသန့်တစ်ခုခံလို့ ရေတွေကိုဖြည်းဖြည်းချင်းလောင်းချပေးပါ။ တစိမ့်စိမ့်နဲ့စစ်ထားလေ ရေကသန့်လေလေပါနော်။ ပြီးရင်တော့ ရေစစ်လေးနဲ့ ပြန်စစ်ပေးပါ။

ဖွဲပြာသုံးမယ်

ဖွဲပြာ၊ နဲ့ သဲသန့်သန့့်လေးတို့ကို သုံးပြီးတော့လည်း ရေစစ်လို့ရပါသေးတယ်နော်။ ခွက်တစ်ခုကို အောက်ခြေဘက်မှာအပေါက်ဖောက်လို့ ပိတ်စပါးပါးလေးတစ်ခုအရင်ခံလိုက်ပါ ပြီးရင် သဲတစ်ထပ် ဖွဲပြာတစ်ထပ်စီထည့်ပါ။ အောက်ဘက်ကခွက်အသန့်တစ်ခုခံလို့ အပေါ်ကနေရေကိုဖြည်းဖြည်းချင်းလောင်းချပေးပါ။ စိမ့်စိမ့်နဲပစစ်ထားလေ ရေကသန့်လေလေပေါနော်။ ပြီးရင်တော့ ရေစစ်လေးနဲ့ ပြန်စစ်ပေါ့။

သဲအိုးနဲ့စစ်မယ်

ရေကို သဲအိုးထဲမှာ ညသိပ်ပေးတာကလည်း ရေသန့်စင်နည်းတစ်မျိုးပါနော်။ ရေကအရမ်းဆိုးရွားနေတာမျိုးမဟုတ်ဘူးဆိုရင် သဲအိုးထဲမှာ တစ်ညသိပ်ပေးတာမျိုးလုပ်ပေးနိုင်ပါတယ်။

အိုင်အိုဒင်းသုံးမယ်

ဒါကလည်း ရေသန့်စင်နည်းတစ်ခုပါ။ သောက်ရေသန့်တစ်ခုဖြစ်လာစေဖို့ အသုံးပြုသင့်တဲ့နည်းလမ်းတစ်ခုပေါ့။ အိုင်အိုဒင်းကရေထဲမျာပါတဲ့ ရောဂါပိုးတွေကို သေစေနိုင်ပါတယ်နော်။ ရေကို အိုင်အိုဒင်းမခတ်ခင်မှာ နေပူအရင်ပြရပါမယ်။ ရေကနွေးလာပြီဆိုရင် အိုင်အိုဒင်းထည့်ပေးရပါမယ်။ အညွှန်းပါတဲ့အတိုင်း အတိအကျလိုက်ဖို့တော့လိုပါမယ်။ အိုင်အိုဒင်းခတ်ထားတဲ့ရေကို မိနစ် ၃၀ ကြာထားပြီးမှသောက်ရပါမယ်။

ကလိုရင်းသုံးမယ်

အရေးပေါ်ရေသန့်စင်ည်းတစ်ခုပါ။ ကလိုရင်းဆေးပြားကိုသုံးပြီးရေသန့်စင်ပေးတာပါ။ ကလိုရင်းဆေးဗူးမှာပါတဲ့ အညွှန်းအတိုင်းအတိအကျလိုက်ဖို့လိုပါမယ်။  ရေထဲကမျက်စိနဲ့မမြင်ရတဲ့ ပိုးမွှားတွေကို သန့်စင်ပေးနိုင်ပါတယ်။ ပုံမှန်အားဖြင့်ကတော့ ရေ ၄ လီတာကို ကလိုရင်းဆေးရည် ၁၆ စက်၊ ၂ လိတာကို ကလိုရင်းဆေးရည် ၈ စက် ဆိုပြီး ချပေးရတာပါ။ မသောက်သုံးခင်မှာ ခဏတော့စောင့်ပေးဖို့လိုပါမယ်နော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly