မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံဘွဲ့အပါအဝင် ချန်ပီယံဘွဲ့ ၃ခု ကို စွန့်လွတ်လိုက်တဲ့ ဒေဝ(Dave)

မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံဘွဲ့အပါအဝင် ချန်ပီယံဘွဲ့ ၃ခု ကို စွန့်လွတ်လိုက်တဲ့ ဒေဝ(Dave)
ဓာတ်ပုံ-ထွန်းထွန်းဝင်း

ရန်ကုန်၊ မတ်လ ၂၅ ။               ။ ကနေဒါလက်ဝှေ့သမား ဒေဝ(ဒေ့ဗ်) ကမြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံဘွဲ့ (Myanmar Lethwei World Championship) ၊ နိုင်ငံတကာလက်ဝှေ့အဖွဲချုပ်ဂျပန်(International Lethwei Federation Japan) ၊ Air Kbz အောင်လံ ချန်ပီယံဘွဲ့တွေကို ကာကွယ်ထိုးသတ်တော့မှမဟုတ်ဘူးလို့ မတ်လ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ ကရဝိတ်ဥယျဉ်ကမ္ဘာမှာ ပြုလုပ်တဲ့ သတင်းမီဒီယာများ နှင့် ဒေဝ(Dave)တွေ့ဆုံပွဲတွင် ပြောကြားခဲ့တာ ဖြစ်ပါ တယ်။

“ဒီချန်ပီယံဘွဲ့တွေကိုတပြိုင်တည်းယူနိုင်ခဲ့တဲ့ ကျွန်တော်အတွက် ဂုဏ်တက်စရာပါ။လက်ဝှေ့မှာ ထိပ်တန်း ရောက်ဖို့ သွေးတွေ ၊ချွေးတွေ၊မျက်ရည်တွေ၊ကျွန်တော် စတေးခဲ့ရပါတယ်။ ဒီချန်ပီယံဘွဲ့တွေက ကျွန်တော့် အတွက်ဆုလာဘ်ပါ။ အခုလောလောဆယ် ကျွန်တော်ရဲ့ပစ်မှတ်ထားတာက WLC (World Leathwei Championship ) ချန်ပီယံခါးပတ်ပါ။ ကျွန်တော့်အနေနဲ့ လက်ဝှေ့ရဲ့ တခြားချန်ပီယံဘွဲ့တွေကို ကာကွယ် နိုင်တော့မှမဟုတ်ပါဘူး။ အဲဒီဘွဲ့တွေကိုဖြုတ်လိုက်ရတာ ကျွန်တော်ခက်ခက် ခဲခဲဆုံးဖြတ်ခဲ့ရပါတယ်။” ဟု ဒေဝ(Dave) က ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ  ၉ ရက်နေ့ က  World Leathwei Championship နဲ့ ကနေဒါ လက်ဝှေ့သမား ဒေဝ(Dave ) တို့ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ The King of Lethwei' ဘွဲ့ခံထားတဲ့ ဒေ့ဗ်က UFC Fight Pass မှာ ပြသ နေတဲ့ WLC ပွဲတွေမှာ ပါဝင်ထိုးသတ်မှာဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှဖြစ်နေတာက ဒီခါးပတ်နဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်တွေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ခံယူချက် က မြန်မာပြည်ချန်ပီယံသည် မြန်မာနိုင်ငံသားဖြစ်ရမယ်ဆိုတဲ့ ခံယူချက်အဖြေရှိပါတယ်။ အဲဒီ မူ အတိုင်းထား ပါတယ်။ဥပမာအနေနဲ့ဆို မြန်မာနိုင်ငံမှာ လုပ်တဲ့ English Essay ပြိုင်ပွဲကိုမြန်မာနိုင်ငံသားတွေမပာုတ်တဲ့ အမေရိကန် ကလာပြိုင်ပြီး ဆု ယူသွားတဲ့အနေထား က လွဲမှားနေတယ်လို့ကျွန်တော်တို့က ယူဆပါတယ်။ အဲလိုအနေအထား မျိုးရှိတာကြောင့် ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်း မှ ဒါနဲ့ပတ်သက်ပြီး ပြောင်းလဲဖို့ အမျိုးမျိုး ကြိုးစားပါတယ်။ ပြုပြင်ဖို့ကြိုးစားပါတယ်။ မရတဲ့နောက်ဆုံးမှာ ဒီနည်းပေါ့ အောင်မြင်သွားတယ်လို့ ပြောလို့ ရပါတယ်။ Dave ကိုစာချုပ် ချုပ်တယ်။ မြန်မာပြည်အလွတ်တန်းချန်ပီယံကို အရံအစီစဉ်ထားလိုက်ပါတယ်။ မြန်မာနိုင်ငံသားအချင်းချင်းပြန်ပြိုင်တဲ့ လမ်းကြောင်းပေါ်ကို ပြန်တင်ပေးလိုက်တဲ့ အနေအထားမျိုးပါ ” ဟု World Lethwei Championship ပြိုင်ပွဲရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဦးဇေသီဟ က ပြောပါတယ်။

ဒေဝ(Dave) ဟာ လက်ဝှေ့ကမ္ဘာချန်ပီယံအဖြစ် ရှံဳးပွဲ မရှိရပ်တည်ခဲ့ပြီး WLC ခါးပတ်ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly