မဖြစ်ဘူးဆိုတာတော့ မရှိဘူး ဆိုတဲ့ အမုန်းမှသည် ကျော်ထက်ဇော် နှင့် တွေ့ဆုံခြင်း - ၂ (နိဂုံးပိုင်း)

မဖြစ်ဘူးဆိုတာတော့ မရှိဘူး ဆိုတဲ့ အမုန်းမှသည် ကျော်ထက်ဇော် နှင့် တွေ့ဆုံခြင်း - ၂ (နိဂုံးပိုင်း)

ပရိသတ်များအားလုံးပဲ မင်္ဂလာပါ ကျွန်တော်တို့ မဇ္ဈိမတီဗီကို ကြည့်ရူကြတဲ့ပရိသတ်တွေကို ကျွန်တော်တို့ရဲ့ Artist Interview အစီအစဉ်ကနေပြီးတော့ ပြန်လည်ကြိုဆိုလိုက်ပါတယ်၊ Artist Interview အစီအစဉ်ကနေ ပရိသတ်တွေအတွက် အနုပညာရှင်၊ အတတ်ပညာရှင်တွေနဲ့ တွေ့ဆုံမေးမြန်းပေးနေတာပဲ ဖြစ်ပါတယ်၊ ဒါကြောင့် ဒီနေ့မှာ ဆိုလို့ရှိရင် ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့   ကျော်ထက်ဇော်နဲ့ တွေ့ဆုံခြင်း နိဂုံးပိုင်းပဲ ဖြစ်ပါတယ် ခင်ဗျား။

မေး။ ။  ကိုယ့်အတွက် တကယ်ကို စိန်ခေါ်မှုအရမ်းများမယ့် ကာရိုက်တာမျိုးဆိုရင်ရော ဘယ်လို ကာရိုက်တာဖြစ်မယ်လို့ ကိုယ့်ကိုယ်ကို ခန့်မှန်းထားလဲ။

ဖြေ။ ။ ကျွန်တော့်အတွက်ကတော့ ကာရိုက်တာတိုင်းကတော့ ကိုယ်မဟုတ်တဲ့အတွက် စိန်ခေါ်မှုတွေချည်းပဲ။ ကျွန်တော်အခုဒီနေ့ ကျွန်တော်တို့ ကန်တော့ပွဲပေးတယ်ပေါ့နော်၊ အဲ့ဒီကား ဆိုလို့ရှိရင်လည်း ကျွန်တော့်အတွက် အခွင့်အရေးအရမ်းများတယ် ၊ ဘာလို့လဲဆိုတော့ မတူညီတဲ့ လူနှစ်ယောက်ကို ဥပမာ အမွှာဆိုလို့ရှိရင် မတူညီတဲ့လူနှစ်ယောက်ကို လုပ်ရတာနဲ့ နည်းနည်းလေး လွယ်မယ်လို့ထင်တယ်၊ ဟိုး အောက်ကလူနဲ့ အထက်ကလူနှစ်ယောက်ကို ခွဲရတာဆို နည်းနည်း သူတို့နှစ်ယောက် different ဖြစ်လိမ့်မယ်၊ ကျွန်တော်ကျတော့ အခုဒီကားမှာ တူညီတဲ့ လူနှစ်ယောက်ကို ခွဲရဖို့ဆိုတာက တစ်ခြားကျွန်တော့်ရဲ့ ပုံစံမျိုးစုံတွေချိန်းရမှာ၊ ဒါတွေဆိုတော့ ကျွန်တော်အခု အဲ့ဒီဟာနဲ့ ပတ်သက်ပြီး လေ့လာနေတယ်၊ ကျွန်တော့်ကို သင်ပေးတယ်၊ တစ်ခြားရုပ်ရှင်ကားတွေလည်း ကျွန်တော်ကြည့်ဖြစ်တယ်၊ ဒါတွေကို ကျွန်တော်လေ့လာနေတယ်ပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ ကိုယ်မဟုတ်တဲ့ အရာတစ်ခုက ဘယ်ဟာမဆိုတော့ ခက်ခဲမှာပဲ၊ ကျွန်တော့်အတွက်က အကုန်လုံးက လာသမျှ ကာရိုက်တာ အကုန်လုံးက အခြားသော တစ်ခုအနေနဲ့ ကျွန်တော်တွေးထားတဲ့အတွက် ကျွန်တော်သေသေချာချာ လုပ်ဖြစ်ပါတယ်။

မေး။ ။ ဒီကာရိုက်တာ တစ်ခုအတွက် ကိုယ့်ကို သရုပ်ဆောင်ဖို့ ကမ်းလှမ်းလာမယ်ဆိုရင် ကျော်ထက်ဇော် လက်ခံမလား။

ဖြေ။ ။ ကျွန်တော်တို့က ခုနပြောသလို ကျွန်တော်တို့အပေါ်မှာရှိတဲ့ခေါင်းစဉ်က သရုပ်ဆောင်ပေါ့၊ သရုပ်ဆောင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျွန်တော်တို့ ဒီကာရိုက်တာကို ရူးသွပ်ရမယ့်လူ ဖြစ်တဲ့အတွက် ဘယ်လို ကာရိုက်တာပဲဖြစ်ဖြစ် ကျွန်တော်သည် ကိုယ့်အတွက် ကြည့်ရမှာပေါ့ နေရာတစ်ခုအရ၊ ဘယ်လိုကာရိုက်တာပဲဖြစ်ဖြစ် ကြိုးစားမယ်ဆိုတဲ့စိတ်က ကျွန်တော့မှာ အပြည့်ရှိတယ်။ ကျွန်တော်တို့ ဒီ မင်းသားဆိုတဲ့ခေါင်းစဉ်အောက်မှာ ခေါင်းစဉ်အောက်မှာ မဟုတ်ဘူး သရုပ်ဆောင်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေပြီးတော့ ကာရိုက်တာတစ်ခုပေးမယ်၊ ကျွန်တော်တို့ လူကြီးတွေက ကျွန်တော်တို့ကို ရွေးချယ်ပေးတဲ့ တစ်ချိန်ချိန်မှာ လူကြီးတွေကလည်း ကျွန်တော်တို့နဲ့ ပတ်သက်ပြီးတော့ ဒါဟာ ကျွန်တော်တို့အတွက် အခွင့်အလမ်းရှိမယ့် ကာရိုက်တာတွေ ရွေးချယ်ပေးနေတယ်၊ သူတို့သာ တကယ်လို့ ရွေးချယ်ပေးမယ်ဆို ကျွန်တော်က ယုံယုံကြည်ကြည်နဲ့ ကျွန်တော်ကြိုးစားမှာပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကို ပေးအပ်တဲ့အခါမှာ ကျွန်တော်တို့အတွက်လည်း ယုံကြည်မှုရှိသလို ကျွန်တော်တို့က အဲ့ဒီယုံကြည်မှုကို ပြန်ပေးရမှာ ဆိုတဲ့အတွက် ကျွန်တော်တို့ကို ကာရိုက်တာတစ်ခုပေးမယ်ဆိုရင် ကျွန်တော်လုပ်ဖြစ်မှာပဲ။

မေး။ ။  အခုကတော့ ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်တယ်၊ ပြီးတော့ ကြော်ငြာတွေ ရိုက်တယ်ပေါ့နော်၊ တစ်ခြားကိုယ့်ရဲ့ တစ်ခြားပရိသတ်တွေ မသိသေးတဲ့ ကိုယ့်ရဲ့ activity တွေများ ထပ်ပြီးတော့ ရှိဦးမလား။

ဖြေ။ ။ activity အနေနဲ့ဆိုရင်တော့ ကျွန်တော်တို့ ဇာတ်လမ်းတွဲက သရုပ်ဆောင်တွေဖြစ်တဲ့အတွက် နယ်တွေက အရမ်းအားပေးကြတယ်။ ဆိုတော့ နယ်တွေမှာ သီချင်းတွေ ဆိုဖြစ်တယ်၊ ဇာတ်လမ်းတွဲတွေ ရိုက်ဖြစ်တယ်၊ ပြီးလို့ရှိရင် ပရိုဂရမ်တွေအများကြီး ရိုက်ဖြစ်တယ်။ ဒါတွေကတော့ အမြဲတမ်းလုပ်ဖြစ်နေတာပေါ့။

မေး။ ။ အဲ့ဒီတော့ တစ်ခြားကိုယ့်ကို ရုပ်ရှင်ကားတွေဘာတွေရော ကမ်းလှမ်းလာတာရော ကြုံပြီးပြီလား။

ဖြေ။ ။ ကြုံပြီးသွားပြီ၊ အဓိက ကျွန်တော်တို့ ရက်တွေပြန်ညှိရတာပေါ့၊ ကျွန်တော်တို့ကလည်း နေရာတစ်ခုက မိန်းနေရာတစ်ခုပေးလိုက်ပြီဆိုရင် ဒီမိန်းနေရာတစ်ခုက ၅လတန်တွေ ၆ လတန်တွေ ကျွန်တော်တို့ Daily နေ့တိုင်း အမြဲတမ်းရှိနေမှ ရမယ်ဆိုတဲ့အခါကျတော့ တစ်ခါတစ်လေကျလို့ရှိရင်   မနှစ်က နိုဝင်ဘာလောက်မှာဆိုလို့ရှိရင် ကျွန်တော့်ကို ရုပ်ရှင်ကားကြီးတွေ နှစ်ကားသုံးကားလောက် ရှိမှာပေါ့၊ ကျွန်တော့်ဖက်ကနေ Cancel လုပ်ဖြစ်သွားတာတွေရှိတယ်။ ဒါပေမယ့် ကျွန်တော်အားတဲ့ အချိန်ဆိုလို့ရှိရင် ကျွန်တော့် MRTV4 ကနေ ပေးရိုက်တယ်၊ ပေးရိုက်တယ် ဆိုလို့ရှိရင် ကျွန်တော် ရုပ်ရှင်ကားကြီး နှစ်ကားရိုက်ထားသေးတယ် ၊ ဒါက လွှင့်မယ့်အချိန်တော့ သေချာမသိသေးဘူးပေါ့နော် ပြမယ့်အချိန်တော့ ရုပ်ရှင်ကားကြီး နှစ်ကား ရိုက်ထားသေးတယ်၊ ဒါပေမယ့် မအားတဲ့အချိန်ကျတော့ ကျွန်တော် ဒီဖက်ကို အရင်ဆုံး Choice လုပ်ထားတယ်၊ ဒီဖက်က ဇာတ်လမ်းတွဲတွေ ရိုက်တဲ့အခါကျတော့ ဟိုဖက်ကို ဘယ်လိုမှ အချိန်ပြန်မပေးနိုင်တော့တဲ့အခါကျတော့ ရုပ်ရှင်ကားကြီးဖက်ကို ရောက်ဖို့နဲနဲ နည်းနေသေးတယ်ပေါ့နော် အဲ့ဒီလိုဖြစ်နေတာပေါ့။

မေး။ ။ ခုနကပြောတဲ့ ရုပ်ရှင်ကားကြီးနှစ်ကားကရော ဘယ်လိုကာရိုက်တာမျိုးလဲ၊ ဘယ်တော့လောက်များ ခန့်မှန်းခြေပေါ့နော် ပရိသတ်တွေရှေ့ကို ရောက်နိုင်မလဲ။

ဖြေ။ ။ ကျွန်တော့် စိတ်ထင်တော့ နောက်နှစ်၊ နောက်နှစ်မဟုတ်ရင်တော့ ဒီနှစ်အကုန်ပိုင်း နောက်နှစ်ကူး အဲ့ဒီလောက်တော့ ဖြစ်မယ်ထင်တယ်၊ ဘာလို့ဆိုတော့ အဲ့ဒီထဲက ကာရိုက်တာတွေကတော့ ကျွန်တော် အခုဇာတ်လမ်းတွဲတွေမှာ လုံးဝမလုပ်ဖူးသေးတဲ့ ကာရိုက်တာလေးတွေပေါ့နော်။ ညီအစ်ကိုတွေ နည်းနည်း ဟာသပရိသတ်တွေ တကယ်ကို အမောပြေစေမယ့် ကာရိုက်တာလေးတွေ ပေါ့နော် အဲ့လိုမျိုးလေး ကျွန်တော်လုပ်ထားပါတယ်။

မေး။ ။ အဲ့ဒီတော့ ကိုယ့်မှာမြင်နေကျ ဒရမ်မာဇာတ်ရုပ်တွေထက်စာရင် ဟာသလုပ်ရတာရော ကိုယ့်အတွက် ခက်ခဲလား။

ဖြေ။ ။ ကျွန်တော်က စီးမျောတာပဲကြိုက်လို့လားမသိဘူး ကျွန်တော့်အတွက် ဟာသကလည်း အစကတော့ ကျွန်တော်အမုန်းမှသည်နဲ့ စိုင်းနေအောင် ရိုက်နေတဲ့အချိန်မှာ ဟာသမမြောက်ဘူး ထင်ထားတာပေါ့နော်၊ ဟာသမမြောက်ဘူးထင်တယ်ဆိုတာ မလုပ်ကြည့်ဘဲနဲ့တော့ ကျွန်တော်က လက်မခံဘူး။ လုပ်ကြည့်မှ ရမရကို သိမှာ။ ဒါပေမယ့် ကျွန်တော်တကယ် အဲ့ဒီ ဟာသလေးတွေ ပလော့လေးတွေ ဆရာတွေကလည်း သင်ပေးမယ်၊ ဝိုင်းတွေကလည်း ဆွဲခေါ်တယ်၊ ကျွန်တော်တို့တွေ တက်ညီလက်ညီလုပ်တဲ့အခါမှာ ကျွန်တော့်အတွက်က မခက်ခဲဘူး။ အကုန်လုံးက ခပ်တည်တည်ကြီးနဲ့ သရုပ်ဆောင်ထားတဲ့အချိန်ကျမှ သူဟာသူမရလောက်ဘူး၊ ဟာသတော့မပိုင်လောက်ဘူး ထင်တယ်၊ ဒါပေမယ့် ပိုင်တယ်လို့တော့မဟုတ်ဘူး။ ကျွန်တော် ခုနပြောသလို သရုပ်ဆောင်ခေါင်းစဉ်အောက်မှာ အကုန်လုံးကို ကျွန်တော်တို့ လေ့လာထားရမယ်၊ လုပ်ကြည့်ထားရမယ် ဆိုတဲ့အတွက် ဟာသလုပ်တဲ့ အချိန်မှာလည်း တော်တော်အဆင်ပြေပါတယ်။ ကျွန်တော့်အတွက် ဟာသလုပ်နေရင်း ရုပ်က ဟာသရုပ်ဖြစ်သွားရော အဲ့ဒီလိုမျိုးပေါ့နော်။ ကူးနေရတာပေါ့ ဗီလိန်ဆိုလို့ရှိရင်လည်း အဲ့ဒီ ကာရံဟိန်း ရိုက်တုန်းက ဆိုလို့ရှိရင် မျက်လုံးကအစ ကိုယ့်ရဲ့ စိတ်ထဲကအစ လူတစ်ယောက်ကို ကြည့်လိုက်လို့ရှိရင် သံသယနဲ့ ယုတ်မာချင်တဲ့စိတ်နဲ့ကို ကြည့်ပြီးမြင်နေတာ ပေါ့နော်၊ ဟာသဆိုလို့ရှိရင် သူ့ကိုကြည့်လိုက်တာနဲ့ အကောင်းမြင်တာနဲ့ အကောင်းမမြင်တာ ကွာသွားတာပေါ၊့ ဟာသနဲ့ ကြည့်လို့ရှိရင်လည်း သူ့ကို အကောင်းမြင်တဲ့စိတ်အနေနဲ့ပဲ အဲ့လိုလေးပဲ နေတယ်။ သူဘာလဲ သူ့မှာ ဘာအကြံရှိလဲ ခပ်တည်တည်နဲ့ လုပ်တဲ့အချိန်မှာ သူ့ကို ပလိန်းပဲမြင်တယ် ကျွန်တော်က၊ ဒီလူသည် ဘာမှမဟုတ်ဘူး၊ ကိုယ်နဲ့မဆိုင်ဘူး၊ ကိုယ်နဲ့ဆိုင်တာကိုယ့်အလုပ်ပဲ စိုင်းနေအောင်တုန်းက၊ ကိုယ်နဲ့ဆိုင်တာ ကိုယ့်အလုပ်ဆိုတော့ ကိုယ့်အလုပ်ကို သိတယ်၊ အဲ့ဒီလိုမျိုး အဲ့ဒီတော့ သူများကို မြင်ရင် ပလိန်းပဲမြင်တယ်။ ကျွန်တော် ဗာ့ လုပ်တဲ့အချိန်မှာ သူများကိုမြင်တာ ကျွန်တော်အဆိုးပဲမြင်တယ်၊ သူက ဘာကိစ္စနဲ့ ကိုယ့်ကို ကြည့်နေတာလဲ ဆိုတာကြည့်တယ်။ ဟာသလေးနဲ့ ပေါ့ပေါ့ပါးပါးလေးဆိုရင် စိတ်ထားကောင်းတဲ့ပုံစံနဲ့ဆိုရင် သြော် သူကငါ့ကို တစ်ခုခုများ ပြောချင်လို့ကြည့်နေတာလားဆိုတဲ့ စိတ်လေးနဲ့ ကျွန်တော်ပိုင်းဖြတ်သွားမှာ။

မေး။ ။   ဒီနေ့အစီအစဉ်ကနေပြီးတော့ ပရိသတ်တွေ၊ ကိုယ်နဲ့ ပတ်သက်ပြီး မသိသေးတဲ့ talent တစ်ခုလောက် လုပ်ပြပါဆိုရင် ဘာလုပ်ပြမှာလဲ။

ဖြေ။ ။ အဲ့ဒါကျတော့လေ ဒီနေရာမှာ ဆိုရင် ကျွန်တော်တို့ လုပ်မယ့် talent က သီချင်းဆိုတာနဲ့ အဲ့ဒီလောက်လေးပဲ သိတယ်မလား၊ ကျွန်တော့်ရဲ့ ခုနပြောသလိုမျိုး အိုက်တင်ပိုင်းနဲ့ ပတ်သက်ရင်တော့ ကျွန်တော့်ပရိသတ်တွေက သူတို့တော်တော်သိနေပြီ၊ သီချင်းဆိုတာနဲ့ကျတော့ တစ်ချို့တွေက ကျွန်တော်က သိပ်မဆိုဖြစ်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ ပရိသတ်တွေ သိပ်မသိဘူးဆိုတာ ကျွန်တော် attention လျှော့သွားမှာဆိုလို့၊ လျှော့သွားမှာဆိုတော့ ကျွန်တော် သရုပ်ဆောင်ပိုင်း ပိုအားစိုက်ချင်တယ်။ ဒီချိန်မှာ ကျွန်တော်သည် အဆိုပိုင်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် သိပ်ပြီးတော့ မသွားသေးဘူး၊ ဒါပေမယ့် ကျွန်တော်ကြိုးစားနေတယ် အဲ့ဒါလေးတော့ ကျွန်တော့်ပရိသတ်တွေ သိပ်မသိသေးဘူးပေါ့နော် ပြမယ်ဆိုရင်တော့ ကျွန်တော်သီချင်း ဆိုပြလို့တော့ရတယ်။ အဲ့ဒါဆိုတော့ ကျွန်တော်က ခုနပြောသလိုပေါ့ Facebook မှာလည်း သိပ်မတင်ဘူး၊ သီချင်းသွားဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ဒါဟာ ကျွန်တော့်ပရိသတ်တွေ သိပ်မသိဘူးပေါ့နော်၊ Facebook မှာဆိုလို့ရှိရင် မမြင်ဖူးကြဘူး၊ ဘာလို့ဆို ကျွန်တော်က မတင်ဘူး။ မတင်ဘူးဆိုတာ ခုနပြောသလို ကျွန်တော် ရူးသွပ်တဲ့အလုပ်ကိုပဲ ကျွန်တော်ပိုပြီးအားစိုက်တယ်။ သူတို့သည် ကျွန်တော့်ကို သရုပ်ဆောင်ကောင်းတစ်ယောက်ဆိုတာပဲ ကျွန်တော်မြင်ချင်တဲ့အတွက် တစ်ခြားအပိုင်းတွေ ကျွန်တော်နည်းနည်းလျှော့ထားတယ်ဆိုတော့ ကျွန်တော့်ပရိသတ်တွေ သိပ်မသိသေးတာ ကျွန်တော့် သီချင်းလေးဆိုတာတော့ သူတို့မသိကြသေးဘူးပေါ့နော်။ အဲ့ဒါလေးတော့ရှိပါတယ်။   ။

မဖြစ်ဘူးဆိုတာတော့ မရှိဘူး ဆိုတဲ့ အမုန်းမှသည် ကျော်ထက်ဇော် နှင့် တွေ့ဆုံခြင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required