ပေါင်ခြံဒဏ်ရာကြောင့် အာဂျင်တီးနားအသင်းရဲ့ ခြေစမ်းပွဲကို လွဲချော်မယ့် မက်ဆီ

ပေါင်ခြံဒဏ်ရာကြောင့် အာဂျင်တီးနားအသင်းရဲ့ ခြေစမ်းပွဲကို လွဲချော်မယ့် မက်ဆီ
Photos: EPA

လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားအသင်းက ဗင်နီဇွဲလားအသင်းကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်တဲ့ ပွဲမှာ ပေါင်ခြံဒဏ်ရာ ရရှိသွားခဲ့တဲ့နောက် လာမယ့် အင်္ဂါနေ့မှာ မော်ရိုကိုနဲ့ ခြေစမ်းပွဲစဉ်ကို လွဲချော်မှာဖြစ်တယ်လို့ သိရပါတယ်။

ဘာစီလိုနာတိုက်စစ်မှူးဟာ သောကြာနေ့ညက မိနစ် ၉၀ ပြည့် ကစားခဲ့ပေမယ့် အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်က လာမယ့်အပတ်မှာ အာဖရိကမှ မော်ရိုကိုအသင်းနဲ့ ပွဲစဉ်အတွက် အသင်းရဲ့ ပြင်ဆင်မှုတွေမှာ သူဟာ ပါဝင်နိုင်မှမဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။

သောကြာနေ့က ရရှိခဲ့တဲ့ မက်ဆီရဲ့ ပေါင်ခြံဒဏ်ရာပြဿနာဟာ ပထဆုံးအကြိမ် ရရှိခဲ့တဲ့ဒဏ်ရာမဟုတ်ပဲ အလားတူ ဒဏ်ရာမျိုးကြောင့် ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တုန်းက အာဂျင်းတီးနားအသင်းမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

အသက် ၃၁ နှစ်အရွယ် မက်ဆီဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် အာဂျင်တီးနားအသင်းမှာ ပြန်လည်ပါဝင်ကစားခဲ့ပေမယ့်လည်း အသင်းကတော့ ရလဒ်မကောင်းဖြစ်ခဲ့ပါတယ်။

မက်ဆီရဲ့ ဒဏ်ရာသတင်းတွေကတော့ အထူးသဖြင့် ဘာစီလိုနာအသင်းအတွက် စိုးရိမ်ရဖွယ်ရှိနေပါတယ်။

မက်ဆီဟာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၃၆ ပွဲမှာ ၃၉ ဂိုးအထိ သွင်းယူထားပြီး သူတို့ဟာ ဒီရာသီမှာ ဖလား ၃ လုံး လမ်းကြောင်းပေါ်မှာ ရှိနေဆဲဖြစ်လို့ပါ။

ဗယ်ဗာဒီရဲ့ အသင်းဟာ လာလီဂါအမှတ်ပေးဇယားမှာ အက်သလက်တီကိုကို ၁၀ မှတ်၊ တတိယနေရာက ရီးယဲလ်မက်ဒရစ်ကို ၁၂ မှတ်အထိဖြစ်ပြီး ဇယားထိပ်ကနေ ဦးဆောင်နေပါတယ်။

ဘာကာအသင်းဟာ စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်မှာ ရီးယဲလ်အသင်းကို ဖြုတ်ချခဲ့ပြီး မတ် ၂၅ ရက်မှာ ဗလင်စီယာအသင်းနဲ့ ဗိုလ်လုပွဲ ကစားရမှာဖြစ်ပါတယ်။

ဒါ့အပြင် ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကိုလည်း တက်ရောက်နိုင်ခဲ့ပြီး မန်ယူအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly