နိုင်ငံတွင်း ကျားမတန်းတူညီမျှမှုမြင့်တင်ရန် အိန္ဒိယစက်ဘီးစီးသမားများ Pune မြို့မှ နယူးဒေလီအထိ ချီတက်

နိုင်ငံတွင်း ကျားမတန်းတူညီမျှမှုမြင့်တင်ရန် အိန္ဒိယစက်ဘီးစီးသမားများ Pune မြို့မှ နယူးဒေလီအထိ ချီတက်

မတ် ၂၂ ။    ။ နိုင်ငံတွင်း ကျားမတန်းတူညီမျှမှုကို မြင့်တင်ဖို့အတွက် အိန္ဒိယစက်ဘီးစီးသမားတွေဟာ အိန္ဒိယနိုင်ငံအနောက်ပိုင်း Pune မြို့ကနေ နယူးဒေလီမြို့တော်အထိ စက်ဘီးစီးနင်းခဲ့ကြတယ်လို့ သိရပါတယ်။

စက်ဘီးစီးနင်းခဲ့ကြတဲ့ ဒေသခံ ၁၂ ဦးအနက် အမျိုးသမီး ၂ ဦးပါဝင်ခဲ့ပြီး ၎င်းတို့ဟာ ၁၅၀၀ ကီလိုမီတာကွာဝေးတဲ့ လမ်းခရီးကို အတူတကွ ထွက်ခွာလာခဲ့ကြတာဖြစ်ပါတယ်။

အမျိုးသမီးတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထားလုပ်ဆောင်နေတဲ့ အင်န်ဂျီအိုအဖွဲ့အစည်းတစ်ခုက အဖွဲ့သားတွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ကျားမတန်းတူညီမျှမှုအစရှိတဲ့ အကြောင်းအရာတွေကို ပြည်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ပညာပေးလိုတဲ့အတွက် ယခုလို စက်ဘီးစီးနင်းခဲ့ကြတာဖြစ်ပါတယ်။

“ကျွန်မလို အမေတစ်ယောက်၊ အမျိုးသမီးတစ်ယောက်အနေနဲ့ ၁၅ ရက်ကြာတဲ့ ခရီးစဉ်ကို စက်ဘီးစီးပြီးထွက်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကလေးတွေကို ထားခဲ့လို့မှမရတာ။ ဒါပေမယ့် ကလေးတွေကို မိသားစုဝင်တွေက ကြည့်ပေးတယ်။ ဒါကြောင့်လည်း အခုလိုစက်ဘီးစီးပြီးခရီးထွက်နိုင်တယ်။ မိသားစုနဲ့ ပတ်ဝန်းကျင်ကသာ ကူညီပံ့ပိုးမယ်ဆိုရင် အမျိုးသမီးတွေက ဘာမဆိုလုပ်နိုင်ပါတယ်။”လို့ စက်ဘီးစီးနင်းလိုက်ပါလာတဲ့ အဖွဲ့ဝင် စမီတာမယ်လ်ဗီက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required