ချယ်လ်ဆီး၊ အာဆင်နယ်နဲ့ စပါးအသင်း ပိုင်ရှင်တွေ ပါဝင်တဲ့ Forbes မှ ထုတ်ပြန်တဲ့ ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်းပိုင်ရှင် (၂၀) ဦး စာရင်း

ချယ်လ်ဆီး၊ အာဆင်နယ်နဲ့ စပါးအသင်း ပိုင်ရှင်တွေ ပါဝင်တဲ့ Forbes မှ ထုတ်ပြန်တဲ့ ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်းပိုင်ရှင် (၂၀) ဦး စာရင်း

အမေရိကန်နိုင်ငံမှ နာမည်ကျော် စီးပွားရေးမဂ္ဂဇင်းဖြစ်တဲ့ Forbes က နောက်ဆုံးထုတ်ပြန်လိုက်တဲ့ အားကစားလောကမှ ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်းပိုင်ရှင် (၂၀) ဦးစာရင်းမှာ မွမ်ဘိုင်းအင်ဒီးယန်းစ် ခရစ်ကတ်အသင်းပိုင်ရှင်က ကြွယ်ဝမှု ပေါင် ၃၇.၈ ဘီလီယံနဲ့ ထိပ်ဆုံးမှ ရည်တည်နေပြီး အဆိုပါစာရင်းမှာ ပရီးမီးယားလိဂ်အသင်းပိုင်ရှင် (၅)ဦးအထိ ပါဝင်ခဲ့ကြောင်းလည်း သိရပါတယ်။

အချမ်းသာဆုံးအသင်းပိုင်ရှင်အဖြစ် ရပ်တည်ခဲ့သူ မူကက်ရှ်အမ်ဘာနီဟာ ကမ္ဘာ့အချမ်းသားဆုံးပုဂ္ဂိုလ်စာရင်းမှာလည်း အဆင့် (၁၃) နေရာ ရရှိထားပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်းပိုင်ရှင် (၂၀)ဦးထဲ ပါဝင်တဲ့ ပရီးမီးယားလိဂ်အသင်းပိုင်ရှင် (၅)ဦးမှာ အေဘရာမိုဗစ်ချ် (ချယ်လ်ဆီး)၊ စတန်လေ ကရွန်ကီ (အာဆင်နယ်)၊ ရှာဟစ်ခန်း (ဖူလ်ဟမ်)၊ အိုင်ယာဝပ် (လက်စတာ)နဲ့ ဂျိုးလူးဝစ်(စပါး) တို့ဖြစ်ပါတယ်။


မူကက်ရှ်အမ်ဘာနီ

အေဘရာမိုဗစ်ချ်ဟာ ပေါင် ၈.၄ ဘီလီယံ ကြွယ်ဝပြီး ဥရောပဘောလုံးလောကရဲ့ အချမ်းသာဆုံးကလပ်အသင်းပိုင်ရှင်အဖြစ် ရပ်တည်နေသလို ကမ္ဘာ့အချမ်းသာဆုံး အားကစားအသင်းပိုင်ရှင် (၂၀)ဦးစာရင်းမှာလည်း နံပါတ် ၅ နေရာမှာ ချိတ်ခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်း အားကစားအသင်း ၁၀၆ သင်းမှ အသင်းပိုင်ရှင်အားလုံးဟာ အနည်းဆုံး ဒေါ်လာ ၁ ဘီလီယံ (ပေါင် ၇၅၃ သန်း) ကြွယ်ဝမှုရှိကြတယ်လို့ ဆိုပါတယ်။

Forbes က အနည်းဆုံး ဒေါ်လာ ၁ ဘီလီယံ ပိုင်ဆိုင်တဲ့ အားကစားအသင်းပိုင်ရှင်တွေထဲမှ ယခု (၂၀)ဦးစာရင်းကို ရွေးထုတ်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး အားကစားအသင်းပိုင်ရှင် (၂၀)ဦး

အဆင့်

နာမည်

ကြွယ်ဝမှု (ဒေါ်လာ/ပေါင်)

ကြွယ်ဝမှု ရင်းမြစ်

အသင်း

အမျိုးအစား

မူကက်ရှ်အမ်ဘာနီ

၅၀ ဘီလီယံ (ပေါင် ၃၇.၇ ဘီလီယံ)

Petrochemicals, oil & gas

မွမ်ဘိုင်းအင်ဒီးယန်းစ်

ခရစ်ကတ်

စတိဗ် ဘောမား

၄၁.၂ ဘီလီယံ (ပေါင် ၃၁.၀၇ ဘီလီယံ)

Microsoft

လော့စ်အိန်ဂျယ်လိစ်ကလစ်ပါ

ဘတ်စကတ်ဘော

ဒီထရစ်ချ် မာတီချစ်ဇ်

၁၈.၉ ဘီလီယံ (ပေါင် ၂၄.၂၅ ဘီလီယံ)

Red Bull

နယူးယောက် ရက်ဘူးလ်၊ ရက်ဘူးလ် ရေဆင်း၊ ရက်ဘူးလ် တိုရို ရာဆို ဟွန်ဒါ

ဖော်မြူလာဝမ်း၊

ဘောလုံး

ဟက်ဆို ပလက်တာနာ

၁၃.၅ ဘီလီယံ (ပေါင် ၁၀.၁၈ ဘီလီယံ)

Software

ဆန်းဟိုဆေး ရှက်စ်

ရေခဲပြင်ဟော်ဘီ

အေဘရာမိုဗစ်ချ်

၁၂.၄ ဘီလီယံ(ပေါင် ၉.၃၅ ဘီလီယံ)

Steel, investments

ချယ်လ်ဆီး

ဘောလုံး

ဒေးဗစ် တက်ပါ

၁၁.၆ ဘီလီယံ (ပေါင် ၈.၇၅ ဘီလီယံ)

hedge funds

ကာရိုလိုင်းနား ပန်တာစ်

အမေရိကန် ဘောလုံး

ဖိလစ် အန်ချီစ်

၁၀.၉ ဘီလီယံ (ပေါင် ၈.၂၂ ဘီလီယံ)

Investments

လော့စ်အိန်ဂျယ်လိစ် ကိန်းစ်၊ အယ်လ်အေ ဂလက်စီ

ဟောကီ၊ ဘောလုံး

ပရိုခိုရော့ဗ်

၉.၈ ဘီလီယံ (ပေါင် ၇.၃၉ ဘီလီယံ)

Investments

ဘရွတ်ကလင်း နက်စ်

ဘတ်စကတ်ဘော

မီကီ အဲရစ်ဆင်

၈.၉ ဘီလီယံ (ပေါင် ၆.၇၁ ဘီလီယံ)

Carnival Cruises

မိုင်ယာမီဟစ်

ဘတ်စကတ်ဘော

၁၀

စတန်လေ ကရွန်ကီ

၈.၇ ဘီလီယံ (ပေါင် ၆.၅၆ ဘီလီယံ)

Sports, real estate

လော့စ်အိန်ဂျယ်လိစ် ရမ်းစ်၊ အာဆင်နယ်၊ ဒန်းဗာ နာဂစ်စ်၊ ကော်လိုရာဒို အာဗိုလန်ချ်၊ ကော်လိုရာဒို ရာပစ်စ်

အမေရိကန် ဘောလုံး၊ ဘတ်စကတ်ဘော၊ ဟောကီ

၁၁

စတီဖင်ရော့်စ်

၇.၆ ဘီလီယံ (ပေါင် ၅.၇၃ ဘီလီယံ)

Real estate

မိုင်ယာမီ ဒေါဖင်းစ်

အမေရိကန် ဘောလုံး

၁၂

ရောဘတ် ဖဲရာ

၆.၉ ဘီလီယံ (ပေါင် ၅.၂၀ ဘီလီယံ)

wireless networking gear

မန်ဖိစ် ဂရီဇလီစ်

ဘတ်စကတ်ဘော

၁၃

ဂျယ်ရီ ဂျုံးစ်

၆.၈ ဘီလီယံ (ပေါင် ၅.၁၃ ဘီလီယံ)

Dallas Cowboys

ဒါးလက်စ် ကောင်ဘွိုင်း

အမေရိကန် ဘောလုံး

၁၃=

ရှာဟစ်ခန်း

၆.၈ ဘီလီယံ (ပေါင် ၅.၁၃ ဘီလီယံ)

Auto parts

Jacksonville Jaguars၊ ဖူဟမ်

အမေရိကန် ဘောလုံး၊ ဘောလုံး

၁၅

ဒန်နီရယ် ဂီလ်ဘတ်

၆.၇ ဘီလီယံ (ပေါင် ၅.၀၅ ဘီလီယံ)

Quicken Loans

ကလိဗ်လန် ကာဗာလေယားစ်

ဘတ်စကတ်ဘော

၁၆

ရောဘတ် ခရက်ဒ်

၆.၅ ဘီလီယံ (ပေါင် ၄.၉၀ ဘီလီယံ)

New England Patriots

Patriots, New England Revolution

အမေရိကန် ဘောလုံး၊ ဘောလုံး

၁၇

အိုင်ယာဝပ် & မိသားစု

၅.၉ ဘီလီယံ (ပေါင် ၄.၉၀ ဘီလီယံ)

Duty-free

လက်စတာစီးတီး

ဘောလုံး

၁၈

ချားလ်စ်ဂျွန်ဆင်

၅ ဘီလီယံ (ပေါင် ၃.၇၇ ဘီလီယံ)

Money management

ဆန်ဖရန်စစ္စကို ဂျိုင်းစ်

ဘေ့စ်ဘော

၁၈ =

ဂျိုးလူးဝစ်

၅ ဘီလီယံ (ပေါင် ၃.၇၇ ဘီလီယံ)

Investments

စပါး

ဘောလုံး

၂၀

တက်ဒ် လန်းနား

၄.၉ ဘီလီယံ (ပေါင် ၃.၆၉ ဘီလီယံ)

real estate

ဝါရှင်တန် နေရှင်းနယ်စ်

ဘေ့စ်ဘော

Ref; Talk Sport

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly