လေထုညစ်ညမ်းမှုနဲ့ အိန္ဒိယနိုင်ငံရဲ့ လူနေမှုဘဝ

လေထုညစ်ညမ်းမှုနဲ့ အိန္ဒိယနိုင်ငံရဲ့ လူနေမှုဘဝ

မတ် ၂၂ ။    ။ အိန္ဒိယနိုင်ငံရဲ့ လေထုညစ်ညမ်းမှုအခြေအနေဟာ ယခင်ကထက် ပိုုမိုဆိုးရွားလာခဲ့ရာ နယူးဒေလီမြို့ကို ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့စာရင်းဝင် မြို့တစ်မြို့အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က သတ်မှတ်ခဲ့ပါတယ်။

လေထုညစ်ညမ်းမှုကြောင့် အိန္ဒိယနိုင်ငံမှာ နှစ်စဉ်လူတစ်သန်းကျော်သေဆုံးနေရတာဖြစ်ပါတယ်။

ယင်းကဲ့သို့လေထုညစ်ညမ်းမှုဘေးအန္တရာယ်ဟာ အိန္ဒိယနိုင်ငံသားတွေကို ခြောက်လှန့်နေပေမယ့် ငွေကြေးမတတ်နိုင်တဲ့လူတွေဟာ လမ်းပေါ်မှာပဲ နေထိုင်စားသောက် လှုပ်ရှားသွားလာနေရဆဲဖြစ်ပါတယ်။

“ကျွန်တော်ကတစ်ရက်ကို ၆ နာရီကနေ ၈ နာရီအထိ အလုပ်လုပ်ရတယ်။ ကျွန်တော့်ကလေးတွေလည်း လမ်းပေါ်မှာပဲအိပ်တာများတယ်။ လမ်းဘေးစာတွေပဲ ဝယ်စားဖြစ်တယ်။”လို့ လန်ချားဆရာ ကလေးငါးယောက်အဖေ ရာမတ်တာဆင်းက ပြောပါတယ်။

“အစာတစ်နပ်အတွက် ပိုက်ဆံအကုန်သုံးလိုက်ရင် ကျွန်တော့်မိသားစုကို ဘယ်လိုရှာကျွေးမလဲ။”လို့ တစ်လကို ၁၇ ဒေါ်လာ (၁၂၀၀ ရူပီး) ရတဲ့ ရာမတ်က ဆက်ပြောပါတယ်။

ချမ်းသာကြွယ်ဝသူတွေအနေနဲ့ လေသန့်စင်စက် တပ်ဆင်ထားတဲ့ စားသောက်ဆိုင်ကြီးတွေမှာ သန့်ရှင်းတဲ့ အစားအစာတွေကို စားသောက်နိုင်တဲ့အတွက် လေထုညစ်ညမ်းမှုဟာ မပြောပလောက်တဲ့ ကိစ္စတစ်ခုဖြစ်လို့နေပါတယ်။

“ဆိုင်ကောင်းကောင်းတွေမှာ သွားဝယ်စားဖို့လည်း ပိုက်ဆံမရှိဘူး။ လမ်းဘေးမှာ ထိုင်စားရင် ကျန်းမာရေးအတွက် မကောင်းဘူးဆိုပေမယ့် လမ်းဘေးစာတွေက တစ်နပ်ကို ရူပီး ၂၀ - ၃၀ ပဲရှိတယ်။ စားပျော်တယ်။”လို့ နယူးဒေလီမြို့နေ ဒေသခံ မိုဟာမက်ရှာရစ်ခ်က ပြောပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required