မြန်မာနိုင်ငံအတွင်း အသစ်ဝင်ရောက်လာသည့် နည်းပညာမြင့်စွာ အဌားယာဉ်ဖြင့်သယ်ယူပို့ဆောင်ခြင်းကို ဝန်ဆောင်မှုပေးသည့် FastGo မှ အံ့သြဖွယ်ရာပရိုမိုရှင်းများပေးနေ

မြန်မာနိုင်ငံအတွင်း အသစ်ဝင်ရောက်လာသည့် နည်းပညာမြင့်စွာ အဌားယာဉ်ဖြင့်သယ်ယူပို့ဆောင်ခြင်းကို ဝန်ဆောင်မှုပေးသည့် FastGo မှ အံ့သြဖွယ်ရာပရိုမိုရှင်းများပေးနေ
(Mytel, Capital Life Insurance တို့ လက်မှတ်ရေးထိုးစဉ် ဓာတ်ပုံ)

အသစ်ဝင်ရောက်လာသူ FastGo အနေဖြင့် ၂၀၁၈ အကုန်တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်လာပြီး ပြည်တွင်းကုမ္ပဏီ ဖြစ်သော Asia Sun Group နှင့် ပူးပေါင်းလုပ်ကိုင်သွားမည် ဖြစ်ပါသည်။ FastGo အနေဖြင့် သူမတူတဲ့ ဝန်ဆောင်ခပုံစံနဲ့ ကမ်းလှမ်းမှုများ လုပ်ဆောင်သွားမှာဖြစ်ပါသည်။ ယခုအခါမှာ FastGo ကို အကျွမ်းတဝင်ရှိလာစေဖို့ မိတ်ဆွေယာဉ်မောင်းများအားလုံးကို ၆ လမှ ၁၂ လအထိ ဝန်ဆောင်ခ ကင်းလွတ်ခွင့် ပေးလျက်ရှိပါသည်။ ဒီကင်းလွတ်ခွင့်ကာလအပြီးမှာတော့ စျေးကွက်အတွင်းရှိ တခြားဝန်ဆောင်မှုများကဲ့သို့ ကော်မရှင်ခကို ရာခိုင်နှုန်းနှင့် ကောက်ခံမည် မဟုတ်ပဲ နေ့စဉ်ဝင်ငွေပေါ်မူတည်၍ ပုံသေဝန်ဆောင်ခ အဖြစ် ၀ ကျပ်မှ ၃၀၀၀ ကျပ် အထိသာ ကောက်ခံမည်ဖြစ်ပါသည်။

၂ လတာအတွင်း အခြေတကျဖြစ်ရန် ကြိုတင်ပြင်ဆင်ခြင်း၊ ပြည်တွင်းလိုအပ်ချက်များပေါ်မူတည်၍ ဖြည့်စွက်ပြင်ဆင်ခြင်း၊ မိတ်ဆွေယာဉ်မောင်းများအား ရှာဖွေခြင်းများပြုလုပ်ပြီးနောက် လုံလောက်သော အွန်လိုင်းဖြစ်နေပေးမည့် မိတ်ဆွေယာဉ်မောင်းအင်အားရရှိလာပြီဖြစ်သည့်အတွက် စီးနင်းမည့် ခရီးသည်များတိုးပွားရန် လုပ်ဆောင်မည့်အစီအစဉ်ကို ၂၀၁၉၊မတ်လတွင် စတင်သွားမည် ဖြစ်ပါသည်။ Grab Taxi၊ Oway Ride၊ Get Ride တို့နှင့်အတူ ဗီယက်နမ်အခြေစိုက် ကုမ္ပဏီအသစ်ဖြစ်တဲ့ FastGo မှလည်း ပြည်တွင်းတက္ကစီစျေးကွက်အား အရှိန်အဟုတ်ပြင်းတဲ့ ပြိုင်ဆိုင်မှုတစ်ခုဖြစ်လာအောင် အံ့သြစိတ်ဝင်စားလောက်တဲ့ ပရိုမိုးရှင်းများလည်းစတင်ပြုလုပ်ပေးနေပြီဖြစ်ပါသည်။

တရားဝင်သတင်းအချက်အလက်များအရ FastGo ဟာ မိတ်ဆွေယာဉ်မောင်းများနှင့် ခရီးသည်များကို စိတ်လှုပ်ရှားစေမည့် အောက်ပါ Promotion များ ပေးသွားမှာဖြစ်ပါသည်။ - မတ်လ ၂၀ ၊တပေါင်းလပြည့်နေ့တွင် ရွှေတိဂုံဘုရားအား သွားရောက်ဖူးမျှော်သည့် ခရီးသည်များအတွက် ခရီးစဉ်တစ်ကြောင်းလျှင် ၅၀ ရာခိုင်နှုန်း လျှော့စျေး(၂၀၀၀ ကျပ်အထိ) နှင့် မိတ်ဆွေယာဉ်မောင်းများသည် ထိုခရီးစဉ်များအတွက် ခရီးစဉ် တစ်ကြောင်းလျှင် ၅၀၀ ကျပ် အား ဘောနပ်စ် ရရှိမည်ဖြစ်ပါသည်။ - မတ်လ ၂၁ ရက်မှ စ၍ မတ်လကုန်အထိ ခရီးသည် တစ်ဦးလျှင် ပထမဆုံးခရီးစဉ် ၅ ကြောင်းအတွက် တစ်ကြောင်းလျှင် ၅၀% လျှော့စျေး (၁၅၀၀ ကျပ်အထိ) ၅ ကြောင်းစာ - ထိုအစီအစဉ်များပြီးသည့်နောက် ခရီးသည်များအတွက် "Cash Back" ဆိုသော ပိုပိုစီး ပိုပိုရ အစီအစဉ်ကို စတင်လုပ်ဆောင်မှာ ဖြစ်ကြောင်း FastGo မှ တာဝန်ရှိသူမှ ပြောကြားသွားပါသည်။ - ခရီးသည်များမှ ထပ်မံပေးရန် မလိုအပ်သော်လည်း မိတ်ဆွေယာဉ်မောင်းများ ပိုမိုဝင်ငွေတိုးစေရန် တချို့သော ဝေးလံသော ခရီးစဉ်များအတွက် FastGo မှ အလိုလျောက် ဘောနပ်စ် များထပ်ထည့်ပေးသွားမှာဖြစ်ပါသည်။

FastGo ၏ Facebook Fan-page ပေါ်မှ ရရှိသော အချက်အလက်များအရ FastGo သည် Capital life Insurance နှင့် ပူးပေါင်းပြီး မိတ်ဆွေယာဉ်မောင်းနှင့် ခရီးသည်များအတွက် အာမခံကာကွယ်မှုပေးသော ပထမဆုံး အငှားယာဉ်ဖြင့်သယ်ယူပို့ဆောင်ခြင်းကို ဝန်ဆောင်မှုပေးသည့် နည်းပညာမြင့် ပလက်ဖောင်း ဖြစ်ကြောင်း ကြေညာထားပြီးဖြစ်သည်။ အာမခံကာကွယ်မှုပေးထားသော ခရီးစဉ်တွင် မတော်တဆမှုဖြစ်ပွားပါက တစ်ဦးလျှင်အများဆုံး ကျပ်သိန်း နှစ်ဆယ် အထိမတော်တဆမူပေါ်မူတည်၍ ရရှိနိုင်ပါသည်။ FastGo ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးမြင့်မောင် (Business Development Director) မှ "တခြားကုမ္ပဏီတွေမှာဆိုရင် မိတ်ဆွေယာဉ်မောင်းအနေဖြင့် ဝင်ငွေကို နောက်တပတ်အကြာမှ ထုတ်ယူနိုင်မည်ဖြစ်သော်လည်း FastGo တွင် နောက်တရက်ဆိုသည်နှင့် ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အာမခံနိုင်တာကတော့ မိတ်ဆွေယာဉ်မောင်းများ ငွေထုတ်ယူရာတွင် ဝန်ဆောင်မှု စားရိတ်အသက်သာဆုံး နှင့် ပါတနာကုမ္ပဏီဖြစ်သော Mytel ၏ wallet မှတဆင့် ထောင်ချီသောဆိုင်အများအပြားတွင် လွယ်လင့်တကူငွေထုတ်ယူနိုင်ပါမယ်"

FastGo သည် ဆန်းသစ်ပြီး အကြီးမားဆုံး 4G ဆက်သွယ်ရေးအော်ပရေတာဖြစ်သော Mytel နှင့် ခိုင်မာစွာလက်တွဲပြီး မိတ်ဆွေယာဉ်မောင်းများနှင့် ခရီးသည်များအတွက် လွန်စွာသက်သာသော ဒေတာ၊ ဖုန်းခေါ်ဆိုမှု၊ ငွေဖြည့်ခြင်းနှင့် ငွေပေးချေခြင်းများကို ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါသည်။ FastGo ၏ ပြောရေးဆိုခွင့် ရှိသူမှ ခရီးသည်နှင့် ယာဉ်မောင်းများသည် ကြားဖြတ်ထပ်မံရရှိမည့် ပရိုမိုးရှင်းများအစီအစဉ်များကို လွန်စွာ ကြိုက်နှစ်သက်ကြမည်ဖြစ်ကြောင်းပြောကြားသွားပါသည်။

ဝန်ဆောင်ခများနှင့်ပတ်သတ်၍ ဦးမျိုးမြငိ့မောင်မှ "FastGo သည် စျေးနှုန်းသက်သာသော အီကိုစနစ် ဖြစ်ပြီး မြင့်တက်လာနေသော မြန်မာလူမျိုးများ၏ နေ့စဉ်ဘဝအတွက်လိုအပ်ချက် များကို ဖြည့်ဆည်းနိုင်ရန်အတွက်ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရှိ ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေမှလည်း အကောင်းဆုံး ဝင်ငွေ၊ အသက်သာဆုံးစျေးနှုန်းများ ဖြင့် ဝန်ဆောင်မှုကောင်းတွေပေးနိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ ခေါ်ဆိုမှုများတဲ့အချိန်အခါမှာလည်း ပုံမှန်စျေးနှုန်းအတိုင်းသာရှိနေအုံးမည်ဖြစ်ပြီး အဆမတန်စျေးတက်တာတွေတော့ မရှိပါဘူး၊ နောက်ပြီး အပိုပေးငွေ (Tip) ကိုလည်း ခရီးသည်မှယာဉ်မောင်းများကိုလည်း မငှားခင်ပေးနိုင်သလို ယာဉ်မောင်းမှလည်း FastGo မှအပိုပေးငွေတို့ကိုလည်း ပေးသွားမှာဖြစ်ပါတယ်"

ဒီအချိန်မှာ FastGo အနေနဲ့ မြန်မာပြည်မှ ခရီးသည်များအား ငွေသားဖြင့်ဖြစ်စေ၊ FastGo Reward Card ဖြင့်ဖြစ်စေ ငွေပေးချေနိုင်ရန် စီစဉ်ထားပါသည်။ မကြာခင်တွင် Mytel wallet၊ Visa/Master card၊ တခြားသော နိုင်ငံတကာ ငွေပေးချေကတ် တို့ဖြင့် ငွေပေးချေမှုများကို လအနည်းငယ်အကြာတွင် ပြုလုပ်နိုင်လာမည်ဖြစ်ပါသည်။ ခရီးသည်များသည် Google Play Store နှင့် Apple Store မှ အယ်ပလီကေးရှင်းအား ဒေါင်းလုဒ်ရယူထားပြီး ထပ်မံလာတော့မည့် ပရိုမိုးရှင်းများအား ပျော်ရွှင်စွာ လက်ခံရယူနိုင်ပါသည်။

FastGo - The new comer in Myanmar Ride Haling industry is now giving big promotion campaigns.

The new player - FastGo from Vietnam was introduced to Myanmar at the end of 2018 together with local partner AsiaSun Group. They’re offering very difference services charge model compare to others. They said they’re now giving free of services charges for all driver from 6 to 12 months to experience their services. After the period, they will not charge to driver by % commission like others in the market but they will charge by flat fee which is from 0 ks to maximum 3,000 ks a day according to daily revenue.

After just two months of setup pre-conditions, localization and acquiring driver partners, FastGo said they got enough of basic online driver to start opening the passenger acquisition plan from March 2019. Along with Grab Taxi, Oway Ride and Get Ride, the new player from Vietnam – FastGo start giving big promotion campaigns to warmup the local market.

According to their official information, they’re now providing very big promotions for both drivers and passengers which are: • On Full Moon day of TaBaung 20 March, all passenger with get 50% discount with amount up to 2000ks/ trip to & from Shwedagon Pagoda while their driver partner will get 500 ks bonus for 1 trip. • From 21th to end of March, FastGo also offer 50% discount for first 5 trips per passenger with amount up to 1500 ks/trip. • After those promotion programs, FastGo person said they’re going to lunch another program named “Cash Back” for their passenger to ride more - get more. • FastGo will automatically add more bonus to their driver partner at some far places to make sure they will get the better income but customer doesn’t need to pay more.

Based on information from FastGo official Fan-page, they have just announced that FastGo is the first Ride Haling platform who provide trip insurance for their driver partners and passengers together with local company Capital Life Insurance. The trip which coverage by insurance can get paid up to 2,000,000 Ks per person per accident. FastGo spoken person:

“We will pay income to our driver partner in the next day which other company have to take almost a week or more than. We will guarantee the cheapest services charges to driver when withdraw money via thousands store of our wallet partner - Mytel” Said – U Myo Myint Maung Business Development Director of FastGo Myanmar.

FastGo also have strong cooperation with largest 4G and most innovative operator - Mytel to provide special offer Data, Call, Top-up & Payment services to all their driver partners and passengers. FastGo spoken person said their passenger & driver will enjoy a lot of cross-promotion programs soon.

Regarding to Services Charges, U Myo Myint Maung said: “FastGo is going to be eco-system to provide on demand services to daily life of Myanmar people so all of our plans and strategies are always made for long-run. We guarantee our partner will get better income and our passengers will served better ride with cheaper cost but better services. We will not increase price in high demand, peak hours or raining to passenger like other but we open TIP feature so passenger can give some TIP before booking to get the car easier. For Driver they’re not only get more TIP from passenger but also get bonus points from FastGo which able to convert to money later”.

At this moment, FastGo only support passenger in Myanmar pay by Cash and “FastGo Reward Card”. Very soon FastGo will accept payment by Mytel Wallet and Visa/MasterCard and other international card in coming few months. Passenger can download app from Google Play Store or Apple Store from now on enjoy upcoming promotions.

(Photo of signing ceremony with Mytel, Capital Life Insurance)

Mizzima Weekly