အီရတ်နိုင်ငံ တိုင်ဂရစ်မြစ်မှာ ကူးတို့ရေယာဉ် နစ်မြုပ်၍ လူ ၁၀၀ နီးပါး သေဆုံး

အီရတ်နိုင်ငံ တိုင်ဂရစ်မြစ်မှာ ကူးတို့ရေယာဉ် နစ်မြုပ်၍ လူ ၁၀၀ နီးပါး သေဆုံး

အီရတ်ရဲ့ မိုဆူးလ်မြို့က တိုင်ဂရစ်မြစ်မှာ ကူးတို့ရေယာဉ်တစ်စီး နစ်မြုပ်တာကြောင့် လူ ၁၀၀ နီးပါး သေဆုံးတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

သေဆုံးသူအများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့ ပြည်တထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ နစ်မြုပ်တဲ့ အဲဒီ ကူးတို့ရေယာဉ်ဟာ လူ ၂၀၀ ခန့်ကို တင်ဆောင်လာဖွယ် ရှိတာပါ။

နှှစ်သစ်ကူးပွဲပျော်ရွှင်ပွဲတွေရဲ့ ခရီးစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် ဒီကူးတို့ရေယာဉ်ဟာ ခရီးသွားအပန်းဖြေကျွန်းတစ််ကျွန်းဆီ ဦးတည်တဲ့ ခရီးစဉ်မှာ ခုလို အဖြစ်ဆိုး ကြုံတွေ့တာပါ။

သေဆုံးသူ ၉၄ ဦးအထိ ရှိတယ််လို့ ဆိုထားကြရာမှာ ကလေးငယ် အနည်းဆုံး ၁၉ ဦးနဲ့ အမျိုးသမီး ၆၁ ဦး သေဆုံးကြတာဖြစ်ပြီး လူ ၅၅ ဦး ကယ်တင်လိုက်နိုင်တယ်လို့ သိရပါတယ်။

မိုဆူးလ်မြို့လယ်ကနေ ရေဆန် နှစ်မိုင်ခွဲခန့်မှာ ရှိတဲ့ ခရီးသွားနယ်မြေ အွန်းရာဘင်းကျွန်းဆီ နောရုဇ် နှစ်သစ်ကူးပွဲတော် အသွားမှာ ကူးတို့ရေယာဉ်က ခုလို နစ်မြုပ်ခဲ့ရတာပါ။

ရေစီးသန်တဲ့ ဒီ တိုင်ဂရစ်မြစ်အတွင်း ကူးတို့ရေယာဉ်ဟာ ညာဖက်ကို တိမ်းစောင်းပြီး ရေဝင်ရာကနေ နစ်မြုပ်သွားခဲ့တာပါ။

“အဲဒီ ကူးတို့ပေါ်မှာ ခရီးသည်တွေ တော်တော်များများကို တင်လာတာကိုဗျာ။ အဲဒါကြောင့် ကုန်းပတ်ထဲ ရေထဲ စဝင်လာပြီး လူးလွန့်နေတော့တယ်။ ဒီနောက်မှာ တိမ်းမှောက်ပြီး နစ်မြုပ်သွားခဲ့တာပါ။ ကျွန်တော် မျက်လုံးထဲ ရေပေါ်မျောနေတဲ့ ကလေးတစ်ဦး အလောင်းကို မြင်ခဲ့ရတာ ခုထိ အာရုံထဲက ဖျောက်လို့ မရဘူးဗျာ။”လို့ အသက်ရှင်လွတ်မြောက်တဲ့ ခရီးသည်တစ်ဦးက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly