ဖိလစ်ပိုင်တွင် မားစ်ရောဂါပါလာသူ ဆော်ဒီနိုင်ငံသားတစ်ဦး သေဆုံး

ဖိလစ်ပိုင်တွင် မားစ်ရောဂါပါလာသူ ဆော်ဒီနိုင်ငံသားတစ်ဦး သေဆုံး

ဖိလစ်ပိုင်သို့ အလည်ရောက်သည့် ဆော်ဒီအာရေဗျနိုင်ငံသားတစ်ဦး မားစ်ရောဂါပါလာခဲ့ကာ သေဆုံးကြောင်း အောက်တိုဘာ ၃ ရက်က ကျန်းမာရေးဌာနက ပြောသည်။

နှစ်ရက်ကြာ သတင်းမထုတ်ဘဲ ထားပြီးနောက် စက်တင်ဘာ ၂၉ ရက်က ဆော်ဒီအာရေဗျနိုင်ငံသားတစ်ဦးသည် ချောင်းဆိုးဖျားနာကိုယ်ပူခြင်းများဖြစ်ကာ ဆေးရုံတစ်ရုံတွင် သေဆုံးကြောင်း ကျန်းမာရေးဝန်ကြီး ဂျန်နက်ဂါရင်းက ထုတ်ပြန်ချက်တွင် ပြောသည်။

ယင်းလူနာအား X-ray ရိုက်သည့် ရလဒ်အရ မားစ်ရောဂါကူးစက်ကာ သေဆုံးခြင်းဖြစ်ကြောင်း ဂါရင်းက ပြောပြီး အသေးစိတ်ကို ပြောကြားခြင်းမရှိပေ။

သေဆုံးသူလူနာနှင့် ထိတွေ့ခဲ့သည့် ကျန်းမာရေးဝန်ထမ်း ၂၀ ကို မားစ်ရောဂါလက္ခဏာများ တွေ့လာရ၍ အစိုးရဆေးရုံတွင် သီးခြားခွဲထားသော်လည်း ရောဂါဖြစ်ပွားခြင်းတော့ မရှိကြောင်း ၎င်းက ပြောသည်။

အခြားထိတွေ့မှုရှိခဲ့သူ ၆၂ ဦးက လက္ခဏာများမပြသော်လည်း ၎င်းတို့အားလည်း ၁၄ ရက်ကြာ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဂါရင်းက ဖြည့်စွက်ပြောကြားခဲ့သည်။

Ref: AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required