ပခုက္ကူခရိုင်​ ​ပေါက်​မြို့နယ်​တွင်​ ​လေ​ဘေးစီမံချက်​များ ပြုလုပ်

By ပြည့်ဖြိုး​ကျော်​
20 March 2019
ပခုက္ကူခရိုင်​ ​ပေါက်​မြို့နယ်​တွင်​ ​လေ​ဘေးစီမံချက်​များ ပြုလုပ်

ပခုက္ကူ၊မတ်​လ ၂၀ ။        ။သဘာဝဘေးအန္တရာယ် နှစ်စဉ်ခံစားနေရသော ပခုက္ကူခရိုင်​၊ ပေါက်​မြို့နယ်​တွင်​ ​၂၀၁၉ ခုနှစ်​အတွက်​ ​လေ​ဘေးကြိုတင်​စီမံချက်​များ စတင်​ပြုလုပ်​​နေပြီဖြစ်​​ကြောင်း ပခုက္ကူခရိုင်​၊ ​ဘေးအန္တရာယ်​စီမံခန်​့ခွဲမှုဦးစီးဌာနမှ သိရသည်​။

"ကျွန်​​တော်​တို့ ပခုက္ကူခရိုင်​​၊ ပေါက်​မြို့နယ်​က သဘာ​ဝ ဘေးအန္တရာယ်​ဖြစ်​တဲ့​ လေပြင်းဘေးကို နှစ်​စဉ်​ ​နွေဦးရာသီမှာ ကြုံတွေ့ ခံစားလျှက်​ရှိ​နေပါတယ်​။ ဒါ​ကြောင့်မလို့ ကျွန်​​တော်​တို့ လူကယ်​ပြန်​ ဝန်​ကြီးဌာနအ​နေနဲ့ ​ဒေသခံပြည်​သူ​တွေရဲ့အသက်​အိုးအိမ်​စည်းစိမ်​​တွေကို ထိခိုက်​မှု ​လျော့နည်း​အောင်​ ​ဆောင်​ရွက်​လျှက်​ရှိပါတယ်​"ဟု ပခုက္ကူခရိုင်​ ​ဘေးအန္တရာယ်​စီမံခန့်ခွဲမှုဦးစီးဌာန လက်​​ထောက်​ညွန်​ကြား​ရေးမှူးဦး​နေဝင်းက ဆိုသည်​။


သက်ကြီးဘိုးဘွားများနေအိမ်များ ပြုပြင်ဆောင်ရွက်ရေးပါ ပါဝင်သော ၎င်းစီမံချက်​ကို ​ဒေသခံများ၊ဌာနဆိုင်​ရာများနှင့် နယ်​​မြေခံတပ်​မ​တော်​သားများဖြင်​့ ပူး​ပေါင်​းပြုလုပ်​​နေခြင်​းဖြစ်​သည်​ဟု ခရိုင်​ ​ဘေးစီမံဦးစီးဌာန တာဝန်​ရှိသူက မဇ္ဈိမသို့​ပြောသည်​။

စီမံချက်​​ဒေသရှိ သက်​ကြီး အဘိုး၊အဘွားများ​နေထိုင်​သည်​့ ​တောင့်တင်းခိုင်​မာမှုမရှိ​သော ​နေအိမ်​များကို ဦးစား​ပေးပြုပြင်​သွားမည်​ဟု သိရသည်​။

"သဘာဝ​ဘေးအန္တရာယ်​ဆိုင်​ရာ စီမံခန်​့ခွဲမှု ဥပ​ဒေ ပုဒ်​မ ၁၃ ၊ ပုဒ်​မခွဲ (ခ) အရ ထိခိုက်​လွယ်​ အုပ်​စု​တွေဖြစ်​တဲ့ သက်​ကြီးဘိုးဘွား​တွေရဲ့ ယိုင်​နဲ့​နေတဲ့ ​နေအိမ်​​တွေကို ပြုပြင်​​ဆောင်​ရွက်​ပါတယ်​။ဒီလုပ်​ငန်းတွေ ပြုလုပ်​တဲ့​နေရာမှာ ​ဒေသခံ ဌာနဆိုင်​​တွေ၊ ​ဒေသခံပြည်​သူ​တွေနဲ့ အတူ နယ်​​မြေခံ တပ်​မ​တော်​သား​တွေ အတူ ဒီအိမ်​​တွေကို ​တောင့်တင်း ခိုင်​မာတဲ့ ​ဘေးကင်​းလုံခြုံတဲ့ အ​ဆောက်​အဦ ဖြစ်​​အောင်​ ​ဆောင်​ရွက်​​ပေးသွားမှာ ဖြစ်​ပါတယ်​"ဟု ပခုက္ကူခရိုင်​ ​ဘေးစီမံဦးစီးဌာန မှ ဦး​နေဝင်းက ​ပြောသည်​။

ထိုစီမံချက်​အ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​ရာတွင်​ ​ပေါက်​မြို့နယ်​အတွင်းရှိ ​ကျေးရွာများအား ၁၀ ရက်ကြာ လှည်​့လည်​ပြုလုပ်​သွားမည်​ဟု သိရသည်​။

ပခုက္ကူခရိုင်​အ​နေဖြင့် နှစ်​စဉ်​​လေပြင်​းတိုက်​ခိုက်​မှု​များ ကြုံ​တွေ့​နေရပြီး ယခင်နှစ်က လေပြင်း ၃၅ ကြိမ်​တိုက်​ခတ်​ခဲ့ပြီး အိမ်​​ထောင်​စု​ပေါင်​း ၇၃၅ စု ​လေ​ဘေးသင့်ခဲ့ကာ ​ဘေးစီမံဦးစီးဌာနအ​နေဖြင့် ​ထောက်​ပံ့​ငွေစုစု​ပေါင်း ၄၆၂သိန်း ​ကျော်​ ​ထောက်​ပံခဲ့ရ​ကြောင်း ၎င်းဌာန စာရင်းဇယားအရ သိရသည်​။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly