ပလတ်စတစ် အသုံးပြုမှု လျှော့ချဖို့ ဂျပန် ကြိုးပမ်း

ပလတ်စတစ် အသုံးပြုမှု လျှော့ချဖို့ ဂျပန် ကြိုးပမ်း

မတ် ၂၀ ။          ။ ဂျပန်မှာတော့ ထမင်းဘူးလေးတွေကနေ စလို့ တစ်လုံးချင်း ထုတ်ပိုးရောင်းချတဲ့ ငှက်ပျောသီးတွေအဆုံး ထုတ်ကုန်တိုင်းလိုလိုမှာ ပလတ်စတစ်တွေက ကြီးစိုးနေပါတယ်။ ဒါပေမယ့် တစ်ခါသုံး ပလတ်စတစ် စွန့့်ပစ်ပစ္စည်းတွေနဲ့့ပတ်သက်လို့ တစ်ကမ္ဘာလုံးမှာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာနေချိန်မှာတော့ ဥပဒေပြဌာန်းချက်သစ်တစ်ခုက ဂျပန်တို့ရဲ့ ပလတ်စတစ် အသုံးပြုမှုကို ကူညီအဆုံးသတ်သွားစေနိုင်ပါတယ်။

ဒါဟာ လာမယ့် ဇွန်လကျရင် အိုဆာကာမှာG20 အစည်းအဝေးကို လက်ခံကျင်းပဖို့ ရှိနေချိန် ယခုလို ပလတ်စတစ် လျှော့ချရေး စိုင်းပြင်းလာနေတာဖြစ်ပါတယ်။

ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအစိုးရအနေနဲ့ကလည်း ယင်း ထိပ်သီးအစည်းအဝေးကို အသုံးချပြီး ပင်လယ်ရေကြောင်း ပလတ်စတစ် စွန့့်ပစ်ပစ္စည်း လျှော့ချရေး သဘောတူညီချက်တစ်ရပ် ရရှိဖို့ ကြိုးပမ်းလိုနေလျက် ရှိပါတယ်။

ဒါပေမယ့် လက်ရှိမှာ ယင်းနိုင်ငံမှာ တစ်ခါသုံး ပလတ်စတစ် အသုံးပြုမှုနှုန်းကတော့ စံချိန်တင် များပြားနေပါတယ်။ ဂျပန်ရဲ့ နိုင်ငံသားတစ်ဦးချင်းအရ ပလတ်စတစ် ထုတ်ပိုး စွန့့်ပစ်ပစ္စည်း ထွက်ရှိမှုနှုန်းက ကမ္ဘာမှာ အမေရိကန်ပြီးရင် အများဆုံံး ဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

ယင်း ပြဿနာကို စတင်ဖြေရှင်းဖို့ ဂျပန်အစိုးရက ၂၀၁၈ မှာ အဆိုပြုချက်တစ်ခု ထုတ်ဖော်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံမှာ တစ်နှစ်ကို ပလတ်စတစ် စွန့်ပစ်ပစ္စည်း တန်ချိန် ၉ ဒသမ ၄ သန်းလောက် ထွက်ရှိနေတယ်လို့ သိရပြီး  ၂၀၃၀ မတိုင်ခင် ယင်းကို သိသိသာသာသာ လျှော့ချသွားဖို့ ရည်မှန်းချက်ထားလုပ်ဆောင်နေလျက် ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly