၂၀၁၉ ခုနှစ်တွင် အောင်လအန်ဆန်နှင့် Brandon Vera တို့ ထိပ်တိုက်ရင်ဆိုင်ဖွယ်ရှိ

၂၀၁၉ ခုနှစ်တွင် အောင်လအန်ဆန်နှင့် Brandon Vera တို့ ထိပ်တိုက်ရင်ဆိုင်ဖွယ်ရှိ

မြန်မာ့စပါးအုံး အောင်လအန်ဆန်နှင့် ဖိလစ်ပိုင်လူမျိုး အမေရိကန် ကိုယ်ခံပညာကစားသမား Brandon Vera တို့ ၂ ဦး ယှဉ်ပြိုင်ကြမည့် ကြီးကျယ်ခမ်းနားသည့် ပြိုင်ပွဲကြီးကို ပြုလုပ်သွားဖွယ်ရှိကြောင်း ခန့်မှန်းရသည်။

စိန်ခေါ်မှုတိုင်းကို ငြင်းပယ်ခြင်း မရှိသော အောင်လအန်ဆန်သည် ONE ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံနှင့် ကြိုးဝိုင်းတစ်ခုအတွင်း ယှဉ်ပြိုင်ထိုးသတ်မည်ဆိုသည်ကို လျှို့ဝှက်ထားခြင်းမရှိဘဲ ဖွင့်ဟခဲ့သည်။

“သူ ကျွန်တော်ကို စိန်ခေါ်ခဲ့တယ်။ ကျွန်တော်လည်း သူ့စိန်ခေါ်မှုကို မငြင်းခဲ့ပါဘူး” ဟု မတ်လ ၃၁ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိူမြို့၌ ကျင်းပပြုလုပ်မည့် ONE: A NEW ERA ပြိုင်ပွဲကြီးတွင် Ken Hasegawa နှင့် ရင်ဆိုင်ယှဉ်ပြိုင်ကာ ၎င်း၏ ONE မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်သွားမည့် အောင်လက ဆိုသည်။

“ကျွန်တော် တော်တော် စားဖြစ်နေတယ် ထင်တယ်။ ဒါကြောင့်လည်း ကျွန်တော် ဝိတ်တက်လာပြီး။ လူလည်း အကောင်ကြီးလာပါတယ် ဒါပေမယ့် အခုတော့ ဝိတ်ပြန်ချရတော့မယ်” ဟု ၎င်းက ဆိုသည်။

မြန်မာပြည်သူ့အချစ်တော် အောင်လအန်ဆန်သည် တိုကျိုမြို့တွင် ကျင်းပမည့်ပွဲတွင် ချန်ပီယံအချင်းချင်းတွေ့ဆုံ ယှဉ်ပြိုင်ရန် တွန်းအားပေးခဲ့သည်ဟု ဖွင့်ဟခဲ့သည်။ သို့သော် Vera သည် ကြိုးဝိုင်းပြင်ပတွင် ဆောင်ရွက်ရန်ကိစ္စများရှိနေခဲ့သည်။

“ကျွန်တော် ဂျပန်နိုင်ငံမှာ ကစားမယ့်ပွဲမှာ စီစဉ်ပေးဖို့ တောင်းဆိုထားပါတယ်။ ပြီးတော့ Brandon Vera ကလည်း လိုက်ဟဲဗီးဝိတ်ခါးပတ်ကို စိန်ခေါ်ချင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်စိတ်ထဲမှာ ဂျပန်က ပြိုင်ပွဲက ကျွန်တေ်ာနဲ့ Brandon Vera တို့ပြိုင်ရမယ်ထင်နေခဲ့ပါတယ်” ဟု ၎င်းက ကောက်ချက်ချခဲ့သည်။

“ဒါပေမယ့် သူတို့ဘက်ကပြောတာကတော့ သူ သရုပ်ဆောင်ရမယ့် ရုပ်ရှင်တစ်ကားရှိနေတယ်တဲ့။ ဒါကြောင့် တွဲဆိုင်းကို ဆောင်းဦးရာသီနှောင်းပိုင်းအထိ ရွေ့ဆိုင်းလိုက်ပါတယ်” ဟု ၎င်းက ဆိုသည်။

“ဒါကြောင့် နောက်ပွဲက Ken နဲ့ ပြိုင်ပွဲပါ။ ပြီးတော့ သူတို့ ကျွန်တော့်ကို အခွင့်အရေးပေးတိုင်း ကျွန်တော် ဘယ်တော့မှ မငြင်းခဲ့ဖူးပါဘူး။ ‘ကောင်းပြီ၊ ပြိုင်ကြမယ်လေ’ လို့ပဲ ကျွန်တော် အမြဲပြောပါတယ်”ဟု အောင်လက ဆက်လက်ပြောပြခဲ့သည်။

ပြီးခဲ့သောနှစ် ဇွန်လတွင် မြန်မာနိုင်ငံ၌ ကျင်းပသောပွဲတွင် အောင်လသည် Hasegawaနှင့် ယှဉ်ပြိုင်ကာ ၎င်း၏ မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်ပြီး တစ်နှစ်တာမကြာသေးသောအချိန်အတွင်း ဒုတိယအကြိမ် ထပ်မံရင်ဆိုင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

“ပြိုင်ဘက်က Ken ဆိုတော့ ကျွန်တော် အံ့သြသွားတယ်။ ဒါပေမယ့် စဉ်းစားကြည်မယ်ဆိုရင် သဘာဝကျပါတယ်။ သူက ဂျပန်နိုင်ငံရဲ့ ထိပ်တန်း မစ်ဒယ်ဝိတ် ကစားသမားဖြစ်ပြီး ဈေးကွက်အသစ်ကို ဝင်ရမယ်ဆိုတော့ ဒီလိုပဲဖြစ်သင့်ပါတယ်”ဟု အောင်လက ဆိုသည်။

“ကျွန်တော် Ken ကို သဘောကျတယ်။ သူက တော်တော်ကြိုးစားလေ့ကျင့်တဲ့အပြင် ကျွန်တော့်ကိုလည်း လေးစားတယ်ဆိုတာ သိထားပါတယ်။ ကျွန်တော်တို့ သိပ်ကို စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ပွဲတစ်ခုဖြစ်အောင် ကစားကြမှာပါ”ဟုဆိုသည်။

ပုံမှန်ကိုယ်အလေးချိန်သည် မစ်ဒယ်ဝိတ်တန်းတွင်ရှိနေသူ အောင်လအန်ဆန်သည် ဝိတ်တန်းတစ်ဆင့်တက်ကာ လိုက်ဟဲဗီးဝိတ်တန်းတွင် ဝိတ်တန်းတစ်ခုဆင်းလာခဲ့သူ Vera နှင့်ရင်ဆိုင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

Veraသည် မြန်မာ့စပါးအုံး အောင်လအန်ဆန်ထက် အလုံးအထည်နှင့် ကိုယ်အလေးချိန် အပိုင်းတွင် သိသိသာသာ အသာစီးရရှိနေသော်လည်း အောင်လသည် ထိုအချက်ကို စိတ်ပူပန်ခြင်းမရှိချေ။

 

“ကျွန်တောတို့ ဝိတ်တန်းတူတယ်ထင်တာ။ သူက ကျွန်တော့်ထက် အရပ်အနေအထားမှာ အသားစီးရနေမယ်ဆိုပေမယ့် ကိစ္စမရှိပါဘူး”ဟု အောင်လက ပြောသည်။

“ကျွန်တော် Struve တို့ုလို ကျွန်တော့်ထက် အရပ်ရှည်တဲ့သူတွေနဲ့ လေ့ကျင့်ဖြစ်တယ်။  ဒါကြောင့် ဒီကိစ္စက အရေးမကြီးပါဘူး”ဟု အောင်လက ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly