နယူးဇီလန် ဗလီကျောင်းတိုက်ခိုက်မှု သေဆုံးသူတွေရဲ့ စျာပနအခမ်းအနား ကျင်းပ

နယူးဇီလန် ဗလီကျောင်းတိုက်ခိုက်မှု သေဆုံးသူတွေရဲ့ စျာပနအခမ်းအနား ကျင်းပ

မတ် ၂၀  ။                     ။ နယူးဇီလန် ဗလီကျောင်း အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြသူတွေရဲ့ စျာပနာအခမ်းအနားတွေကိုတော့ မတ်လ ၂၀ ရက်မှာ စတင်ကျင်းပခဲ့ပါတယ်။

ခရစ်ချာ့ချ်မြို့က ဗလီကျောင်းနှစ်ခု တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားကြသူတွေထဲမှာ ပါဝင်သွားခဲ့ကြတဲ့ ဆီးရီးယားဒုက္ခသည်တစ်ဦးနဲ့ ၎င်းရဲ့ သားဖြစ်သူတို့ကို ပထမဆုံး စတင် မြေမြှုပ်သဂြိုဟ်ပေးခဲ့ကြပါတယ်။

ယင်းနိုင်ငံမှာတော့ လူအများအပြား အသတ်ခံခဲ့ရတဲ့ အဆိုပါဖြစ်စဉ်နောက်ပိုင်း ကြေကွဲဝမ်းနည်းဖွယ်ရာ နေ့ရက်တွေကို ဖြတ်သန်းနေရလျက် ရှိပါတယ်။

သြစတြေးလျ လူဖြူလူမျိုးကြီးဝါဒီ သေနတ်သမားတစ်ဦးက ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်မှာပဲ နိုင်ငံတောင်ပိုင်းမြို့ရဲ့ ဗလီကျောင်းနှစ်ခုမှာ ရောက်နေတဲ့ မွတ်ဆလင်ဝတ်ပြုသူ ၅၀ ကို ပစ်သတ်ခဲ့တာဖြစ်ပါတယ်။

ယင်း သေနတ်ပစ်ခတ်မှုကို ၎င်းက ဗီဒီယိုရိုက်ကူးပြီး တိုက်ရိုက် လွှင့်ခဲ့ပါသေးတယ်။

ယနေ့ မတ်လ ၂၀ ရက်မှာတော့ လင်ဝုဒ် ဗလီနဲ့ သိပ်မဝေးလှတဲ့ သုဿန်တစ်ခုမှာ ယခုလို ပထမဆုံး အသုဘ အခမ်းအနားကို ကျင်းပခဲ့ရာမှာတော့ ရာပေါင်းများစွာသော မွတ်ဆလင် အများစု စုဝေးတက်ရောက်ခဲ့ကြပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required